Skip to main content

Let's Bypass firewall

ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နေတဲ့ ကာလအတွင်းမှာ လူငယ်တွေအတွက် နည်းပညာ အလင်းပေါက်ကြီးတစ်ခုဖြစ်တဲ့ အင်တာနက်ကို မြန်မာပြည်မှာ ကောင်းမွန်စွာ အသုံးပြုခွင့်မရကြပါဘူး။ Project, Thesis နှင့် Research တွေလုပ်နေတဲ့ နည်းပညာကျောင်းသား လူငယ်တွေအတွက် Library ကောင်းကောင်းတွေ Internet ကောင်းမွန်စွာအသုံးပြုခွင့်တွေဟာ အင်မတန်လိုအပ်ပါတယ်။

အင်တာနက်ဟာ ယျေဘူယျအားဖြင့် မည်သူမျှ မပိုင်ဆိုင်ပါဘူး။ သို့သော် မြန်မာပြည်မှာတော့ ပြိတ္တာ(ခဏ ခဏ လိုက်ပိတ်နေလို့) တစ်စုက ကိုင်တွယ် ထိန်းချုပ်လျှက်ရှိပါတယ်။ Adult site တွေ porin site တွေပိတ်တာကတော့ လက်ခံပါတယ်။ လူငယ်တွေအတွက် ဘာမှအကျိုးကျေးဇူးလည်း မရှိသလို ဒုစရိုက်မှုတွေတောင် တိုးပွားလာနိုင်ပါတယ်။ သူ့တို့ပိတ်တဲ့ထဲမှာ ဒေါသအဖြစ်မိဆုံးက Free Mail Site တွေကို ပိတ်တာပါပဲ။

IT ခေတ်မှာ လူတိုင်းနီးပါး free mail သုံးနေကြတယ်လို့ ပြောလို့ရပါတယ်။ အဲလို အလကား ဒလဟော ပေးထားတဲ့ mail တွေကို လိုက်ပိတ်ပြီး သူတို့ရဲ့ mpt, bagan mail တွေကို လိုက်ရောင်းခဲ့ကြဖူးပါတယ်။ ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး ဆိုတဲ့ စကားအတိုင်း မိမိရဲ့ email service တွေကသာ ကောင်းမွန်နေလို့ကတော့ marketing လုပ်ဖို့တောင်မလိုဘဲ customer တွေ ၀ယ်သုံးကြမှာ သေချာပါတယ်။ အဲလိုမှ မဟုတ်လို့ကတော့ ပိုက်ဆံအကုန်ခံပြီး အကျိုးမရှိတဲ့အလုပ် ဘယ်သူမှ လုပ်မှာမဟုတ်ပါဘူး။

အဲဒီတော့ ပိတ်တာတွေများလာရင် လုပ်နိုင်တာ တစ်ခုပဲ ရှိတော့တယ်။ မရရအောင် ကိုယ်တိုင် try လုပ်ဖို့ပဲ လိုတာပေါ့။ အဲလို try လုပ်တဲ့ထဲမှာ နည်းလမ်း နှစ်မျိုးအနေနဲ့ ပြုလုပ်နိုင်ပါတယ်။ ပထမနည်းကတော့ website တွေကနေတစ်ဆင့် bypass လုပ်ခြင်း နှင့် ဒုတိယ နည်းကတော့ software သုံးပြီး bypass လုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ website တွေကနေတစ်ဆင့် bypass ရအောင် try ကြည်ပါ။ အောက်ဖော်ပြပါ website မှာ bypass proxies တွေကို စုစည်းဖော်ပြပေးထားပါတယ်။
Beat-censorship-using-these-proxies by Sharjeel Sayed

How to access blocked websites by web stuff scan
ဒုတိယနည်းအနေနဲ့ အောက်ဖော်ပြပါ bypass application တွေကို သုံးပြီး ကျော်ခွနိုင်ပါတယ်။ ဒါပေမဲ့ သတိလည်းထားပေါ့။ သံဆူးကြိုးနဲ့ ညိပြီး ပုဆိုးပြဲတာကို့ ဂွပြဲတာတို့တွေတော့ မဖြစ်စေနဲ့ပေါ့ razz
1. Ultrasurf [Download]
2. GPass [Download]
3. FreeGate [Download]
4. Garden GTunnel [Download]
5. JAP [Download]
6. Your Freedom [Download]
7. Hopster [Download]
8. Freenet [Download]
9. Tor [Download]
10. HotSpot Shield [Download]
Bypass applications list via : sizlopedia

Logo Design : CMS

Comments

  1. ဂေါ် ပါတယ်ကွာ... :)

    ဂေါ် = မိုက်တယ်..
    ဂေါ = တောကျတယ်..

    ReplyDelete
  2. Definition ဆရာကြီးလား :P
    မင်းရဲ့ comment ကလည်း ဂေါ်ပါတယ်ကွာ။ လန်ထွက်နေတာပဲ :P

    ReplyDelete
  3. :) ဂွဒ် ပါတယ် ဗျ :P

    ReplyDelete
  4. Anonymous7:25 am

ံဲ့မြန်မာပြည် ပြိတ္တာတွေမှ ကင်းဝေးပါစေ.
    proxy သုံးတော့ connection ကနှေး , နဂို ထဲက connection က ကောင်းတာမဟုတ်နဲ့....
    download လုပ်ဖို့ ဆိုရင်တော့ မောပြီသာမှတ်...

    အမြဲအားပေးနေတယ်ဗျို့၊ ရေးသာရေး

    ReplyDelete
  5. အားပေးတဲ့အတွက် ကျေးဇူးပါ anonymous ရေ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS