Skip to main content

OS and Softwares I currently use

ဒီပို့စ်ကိုတင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ OS နဲ့ software တွေအကြောင်းကို ပြောပြပြီး အမြင်ချင်း ဖလှယ်ချင်တာရယ်၊ နောက်ပြီး အသုံးပြုနေတဲ့ software တွေအစား ပိုမိုသင့်တော်မည့် software များအကြောင်းကိုလည်း အကြံဥာဏ်ပေးလိုတာကြောင့်ပါ။ လက်ရှိသုံးနေတဲ့ software တွေကို အသုံးပြုချင်တဲ့သူတွေအတွက်လည်း Link တွေလုပ်ပေးထားလို့ Download လုပ်ပြီး သုံးနိုင်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ OS ဆိုတာ ထမင်းဝိုင်းတစ်ဝိုင်းမှာ ထမင်းအိုးကြီးနဲ့တူပြီး software ဆိုတာ ဟင်းခွက်တွေ၊ ဟင်းချိုရည်ခွက်လေးတွေနဲ့တူတယ်။ ထမင်းမကောင်းရင်လည်း စားရတာမမြိန်သလို၊ ဟင်းမကောင်းတဲ့အခါမှာလည်း စားရတာမမြိန်တော့ပါဘူး။ တစ်ခါတလေမှာ ဈေးကြီးပေးရတဲ့ ထမင်းတွေ ဟင်းတွေက စားလို့မကောင်းသလို သာမန်ဈေးပေါပေါနဲ့ လူတန်းစေ့စားနိုင်တဲ့ ထမင်း၊ ဟင်းတွေကပိုပြီး ကောင်းနေတတ်တယ်လေ။

OS

Window Visa 32 bit home premium ကို အသုံးပြုနေပါတယ်။ Laptop ၀ယ်ကတည်းက ပါတာဆိုတော့ ပြောင်းသုံးဖို့ စိတ်ကူးမရှိသေးပါဘူး။ အဆင်ပြေတဲ့အချိန်ကျရင်တော့ ပန်းသီးလေးကို သုံးချင်ပါသေးတယ်။

MS Office 2007

ဒါလည်း ၀ယ်ကတည်းက ပါတာပါပဲ။ သို့ပေမဲ့ user friendly ဖြစ်အောင် မနည်းလိုက်ပြီး သုံးနေရတယ်။ Office 03 ပဲ ပြန်ပြောင်းတင်မလို့ စိတ်ကူးနေတယ်။

Avast Home Edition

Antivirus အတွက် အသုံးပြုနေတဲ့ software ပါ။ အရင်တုန်းက Kasper ကိုသုံးခဲ့ပေမယ့်လည်း Key ပြဿာနာတွေကြောင့် ရပ်တန့်လိုက်ပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ ထိထိရောက်ရောက်ရှိတဲ့ software မျိုးကိုပဲ သုံးရတာအဆင်ပြေတယ်။ AVG free edition လည်းကောင်းပါတယ်။ ဒါပေမဲ့ avast features လေးတွေကို ပိုသဘောကျလို့ သုံးနေတာပါ။

Norton Antibot

Spyware နဲ့ adware တွေကို ဖယ်ရှားဖို့အတွက် အသုံးပြုနေပါတယ်။ 1 year key လည်းရထားလို့ သုံးရတာအဆင်ပြေသလို light လည်းဖြစ်ပါတယ်။

GTalk

Messenger အတွက် ကတော့ အကောင်းဆုံးအနေနဲ့ သဘောထားပြီး သုံးနေတာပါ။ ကျွန်တော့် friend တွေကလည်း gtalk ထဲမှာပဲ ပိုများတယ်လေ။ တစ်ခါတလေတော့ စိတ်ကူးပေါက်ရင် msn ထဲဝင်တယ်။

uTorrent

Movie တွေ၊ software တွေ၊ ebook တွေကို ရှာပြီး ဒေါင်းလုပ် လုပ်ဖို့သုံးနေပါတယ်။ Torrent software ထဲမှာတော့ အကောင်းဆုံးလို့ ထင်ပါတယ်။ သီချင်းတွေရှာဖို့အတွက်ကတော့ Limewire ကိုသုံးတယ်။

GoolePack and Google Desktop

All in one ပုံစံမျိုးဖြစ်လို့ အသုံးပြုနေပါတယ်။ ပျင်းတဲ့အခါ Picasa မှာ ပုံတွေတင်လိုက်၊ Google Earth ကနေ ကမ္ဘာပတ်လိုက်နဲ့ မျိုးစုံ ကြိုးခုန်နေပါတယ်။

RealPlayer

Internet ကနေ Flash Movie တွေ Download လုပ်ဖို့နဲ့ သီချင်းနာထောင်ဖို့အတွက် အသုံးပြုနေပါတယ်။ တစ်ခါတလေမှာ radio လည်း နားထောင်ဖြစ်တယ်။

Winamp

aznv ကနေ Chinese, Korea Movie, Drama တွေကို ကြည့်ဖို့ အသုံးပြုနေပါတယ်။ Lyrics plugin လေးကလည်း သုံးလို့ တော်တော်အဆင်ပြေပါတယ်။

Snagit

Screen Capture လုပ်ဖို့အတွက် အဓိကထားပြီး သုံးနေပါတယ်။ Photo Edition ပိုင်းမှာလည်း တော်တော်လေး အသုံးဝင်ပါတယ်။

iTunes

mp3 format မဟုတ်တဲ့ Format တွေကို mp3 ပြောင်းဖို့နဲ့ ipod ထဲကို သီချင်းတွေထည့်သွင်းဖို့အတွက် အသုံးပြုနေပါတယ်။

Light Room and Adobe Photoshop

Photo Editing အတွက် အဓိကထားပြီး သုံးနေပါတယ်။ အခုတလော ဓာတ်ပုံကလည်းရိုက်ဖြစ်နေတော့ သူတို့လည်း မနားရပါဘူး။

Feed Demon

ကျွန်တော်နှစ်သက်တဲ့ Blog, Website တွေရဲ့ Feed တွေကို စုစည်းပြီး ဖတ်ဖို့အတွက် အသုံးပြုပါတယ်။

CCleaner

ကွန်ပျူတာ သန့်ရှင်းရေးသမားလို့တောင် ခေါ်ဆိုနိုင်ပါတယ်။ Temp file တွေ၊ history file တွေ၊ cookies တွေကို ရှင်းလင်းဖို့အတွက် အသုံးပြုပါတယ်။

Registry Mechanic

Window registry file တွေကို ရှင်းလင်းရေးလုပ်ဖို့အတွက် အသုံးပြုနေပါတယ်။

Filezilla

Website တွေအတွက် file upload လုပ်ဖို့အတွက် အသုံးဝင်တဲ့ ftp software လေးတစ်ခုပါ။ လက်ရှိ ကျောင်း project အတွက် အသုံးပြုနေပါတယ်။

DivX Player

Hight Quality Movie တွေကြည့်ဖို့အတွက် သုံးပါတယ်။

Macromedia Dreamweaver

Static and Dynamic Webpage တွေဖန်တီးဖို့အတွက် အသုံးပြုနေပါတယ်။

Adobe Reader 8

Acrobat file တွေ ဖတ်ဖို့အတွက် အသုံးပြုနေပါတယ်။

FireFox

Primary internet browser အနေနဲ့ အသုံးပြုနေပါတယ်။ Addon တွေ Plugin တွေကြောင့် အသုံးပြုရတာ ပိုမိုအဆင်ပြေတဲ့အပြင် Blogger တစ်ယောက်အနေနဲ့လည်း အသုံးပြုသင့်တာကြောင့် စွဲစွဲမြဲမြဲ သုံးဖြစ်နေပါတယ်။

ဆက်ပြီး install လုပ်ဖို့ကျန်တဲ့ software တွေကတော့ Flash နှင့် Adobe Indesign ပါ။ Download လုပ်ထားဆဲပဲရှိသေးတယ်။ သုံးချင်တဲ့ software အကုန်ထည့်လိုက်ရင်လည်း လူ့အလိုကို စက်မလိုက်နိုင် ဖြစ်နေမှာစိုးလို့ ငြိမ်နေရတယ် razz

Comments

  1. sharing yours...good...I'll also write about it...

    ReplyDelete
  2. ya bro. I would like to read when u post :)

    ReplyDelete
  3. I liked all of the softwares you mentioned here and I'm currently using those.
    Ko Chan, try either VLC Player or GOM Player for watching videos in different codec. I prefer light-weight VLC player. ;)

    ReplyDelete
  4. မဆိုးဘူး .. မိုက်တယ် ..

    ReplyDelete
  5. MKT ... thx bro. I'll use it :)

    Ko Toe ... thx bro :)

    ReplyDelete
  6. Anonymous1:32 pm

    office 2007 အင်္တင် office 2003ရဲ့ မန်နျူး ပုံစံ ပြောင်းပေးတဲ့ tools ရှိတယ်..

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။