Skip to main content

10 Weird Things About CMS

ဒီပို့စ်ကတော့ မမေရဲ့ပို့စ် နှင့် မဂျစ်တူးရဲ့ပို့စ် ကောင်းမှုကြောင့် ရေးဖြစ်သွားတာပါ။ ရေးတုန်းကတော့ ကိုယ့်ကိုကိုယ် စာမေးပွဲစစ်နေသလိုပဲ ဟိဟိ အချက်တွေ လာတူနေရင်တော့ အဖော်ရတာပေါ့ :)
  1. ယောင်္ကျားလေးဖြစ်သော်ငြား ဘောလုံးကန်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်း တို့အား ငယ်ငယ်ကတည်းက ၀ါသနာမပါ။ ဘော(လုံး)နဲ့ပက်သက်လာရင် Snooker နှင့် Table Tennis ကိုပဲ နှစ်သက်စွာ ကစားသည်။

  2. ငယ်ငယ်က အတန်းထဲတွင် အိပ်ငိုက်လွန်း၍ ဆရာ/ဆရာမများ ခဏခဏ ကြိမ်ဆဲတာ ခံရဖူးသည်။ တစ်ခါတစ်ခါ မြေဖြူခဲ Duster တို့နှင့် ညားရတတ်သည်။ လဘက်သုပ် နှင့် ကော်ဖီ စားပြီး သောက်ပြီးသည့်တိုင်အောင် အိပ်ချင်စိတ် မပျောက်သဖြင့် အိပ်ငိုက်သည့်လောက၌ ဆလံ ပေးခံရသူဖြစ်၏။

  3. စာကြည့်/ဖတ်ပါက တစ်နာရီမပြည့်ခင် အိပ်ချင်လာပြီး အင်တာနက် ကြည့်ခိုင်း (သို့) စကားများခိုင်းပါက မိုးအလင်း ကြည့်နိုင် ပြောနိုင်သည့် အံ့သြဖွယ် စွမ်းရည်ကို ပိုင်ဆိုင်သည်။

  4. အိမ်မှာနေသည့်အခါ ကော်ဖီကို တစ်နေ့ နှစ်ခွက်ထက်မနည်း နှစ်သက်စွာ သောက်သုံးတတ်ပြီး အိမ်အပြင်ထွက်သည့်အခါ လဘက်ရည်ကို သောက်သုံးတတ်သည်။

  5. မေမြို့ တောင်ကြီး စသော တောင်ပေါ်မြို့ကလေးများကို နှစ်သက်စွဲလမ်းသည်။ မေမြို့ ၂၁ မိုင်သို့ ကြာဇံဟင်းခါး သောက်ရန်သက်သက် သွားဖူးသည်။ ရှမ်းပြည်ကို နှစ်သက်သဘောကျသည်။ ဖြစ်နိုင်လျှင် ရှမ်းတိုင်းရင်းသားတစ်ယောက် ဖြစ်ချင်မိသည်။

  6. "ပလီတဲ့ခွေး Underwater ကူးစမ်း" ဆိုသည့် ဘယ်သူ စပြီး ထွင်လိုက်သလဲ မသိသော စကားကို အရမ်း နှစ်သက်သဘောကျသည်။ သူငယ်ချင်းများနှင့် စကားပြောသည့်အခါ အသံကျယ်ပြီး စကားပြောမြန်သည်ဟု သမုတ်ခံရသည်။ အစ အနောက်သန်ပြီး နာမည်ပြောင်ပေးသည့်နေရာ၌ ကျွမ်းကျင်သည်။

  7. ပိုးဟပ် ဟုခေါ်သော သတ္တ၀ါကို သေမလောက်ရွံသည်။ ထို့ထက်ပိုဆိုးသည်ကား ဟိုမရောက် ဒီမရောက် နှစ်ပိုင်းတစ်ပိုင်း အခြောက်များ။ ပိုးဟပ်များကို တွေ့လျှင် တွေ့သည့်နေရာ၌ သတ်ပစ်တတ်သည်။

  8. မတူသလို မတန်သလို စကားမပြောချင်သလို စတိုင်လ်ရှိသောသူများ၊ စမန်တက် (ဘ၀င်လေဟပ်) နေသော ဂိုက်ပေးကြမ်းလွန်းသောသူများ၊ ရေတွင်းဝ၌ အီးပါသောသူများအား ဆွဲထိုးချင်လောက်အောင် သောက်မြင်ကတ်၏။ ထိုကဲ့သို့သော လူများကိုလည်း ပညာကောင်းကောင်းပေးရန် ၀န်မလေးပေ။

  9. မိတ်ကပ် ထူလပျစ် လိမ်းတတ်သော မိန်းကလေးများ နှင့် လဘက်ရည်ဆိုင် ထိုင်တတ်သည့် အကျင့်ရှိသော မိန်းကလေးများကို ကြည့်မရ။ သနပ်ခါးလေးနှင့် မြန်မာဆန်ဆန်လှသော မိန်းကလေးများကို နှစ်သက်သဘောကျသည်။

  10. အ၀တ်အစား လက်ဝတ်ရတနာ တို့အပေါ်၌ နှစ်သက်ခုံမင်ခြင်းမရှိ။ တန်ဖိုးနည်းသော်လည်း သပ်သပ်ရပ်ရပ် နှင့် စတိုလ်ကျကျ ၀တ်စားဆင်ယင်တတ်သူများကို သဘောကျ၏။ Fancy ပစ္စည်းလေးများကို အမြတ်တနိုး ၀တ်ဆင်တတ်၏။
ဤသည်ကား မောင်CMS ၏ ထူးဆန်းသော အပြုအမူ ၁၀ မျိုးတည်း။ သို့ဖြစ်ပါ၍ ကျွန်တော်၏ မိတ်ဆွေ ရောင်းရင်းများကိုလည်း ဤကဲ့သို့သော စာလေးများ ရေးစေလိုသော ဆန္ဒဖြစ်ပေါ်မိပါသည်။ ထို့အတွက်ကြောင့် အောက်ပါ မိတ်ဆွေများကို ရေးသားရန် ခင်မင်လေးစားစွာဖြင့် Tag လုပ်လိုက်ရပါသည်။
  1. ကိုကျော်မင်းထွန်း [Done]
  2. ကိုတိုး [Done]
  3. ကိုဆန်းဦး [Done]
  4. ကိုမျိုးအောင်
  5. ကိုဖြိုး(မျိုးကျော်ထွန်း) [Done]
  6. အမိ စိုးကြည် [Done]
  7. သဉ္ဇာ [Done]
  8. ရွှေမြတ်
  9. ကိုဇော်မိုးအောင် [Done]
  10. ကိုတုံ (မောင်လှ) [Done]
  11. မောင်သန့်ဇင် [Done]
ကဲ ... ၁၁ မီးငြိမ်းအောင်လို့ ၁၁ ယောက်ကို Tag လိုက်ပြီဗျာ :) ရေးပေးသော မိတ်ဆွေများ ၁၁ မီးငြိမ်းပြီး ကျန်းမာချမ်းသာ ကြပါစေသော်ဝ်။

Updated (24:April) : ဘလော့မရေးပဲ ၆လလောက် ပျောက်တဲ့နေတဲ့ ကျွန်တော့်အစ်ကိုကြီး ကိုကျော်သူလည်း ပေါ်လာပြီဗျာ။ ဟိဟိ ... ကျေးဇူးပါ ကိုကျော်သူ

Comments

  1. Anonymous11:07 pm

    writing style ka MinTheinKha lo lo bar lo lo. Kg par tal. You ka tate ma weird buu which is good ofcos. :P

    21mile tat pyi kyar san chat sarr tar taw nal nal weird tal. Kyar san chat ka 21mile ka harr ka po kg tal htin tal. Mhat htar ya mal. Nout 21mile yout yin twar sar kyi fo.

    ReplyDelete
  2. >>ပိုးဟပ် ဟုခေါ်သော သတ္တ၀ါကို သေမလောက်ရွံသည်။ ထို့ထက်ပိုဆိုးသည်ကား ဟိုမရောက် ဒီမရောက် နှစ်ပိုင်းတစ်ပိုင်း အခြောက်များ။ ပိုးဟပ်များကို တွေ့လျှင် တွေ့သည့်နေရာ၌ သတ်ပစ်တတ်သည်။<<

    ဘုရား ... ဘုရား ...
    မန္တလေးမှာ ညည အခြောက်တွေကို လိုက်သတ်နေတာ ကိုချမ်းပေါ့။

    ReplyDelete
  3. ရေးတော့ရေးချင်တယ် သားမအားတော့ဘူး

    ReplyDelete
  4. ရေးချင်တာတော့ ကြာပါပြီ .. ရေးပေးဆိုလည်း ရေးပေးပါ့မယ် .. ရေးတာများသွားရင်လည်း ကိုတိုးတစ်ယောက်တော့ လွန်လွန်းတယ်လို့ မဆိုစေချင်ပါဘူး .. ဟီး ဟီး

    ကိုတိုး

    ReplyDelete
  5. ရေးချင်တာတော့ ကြာပါပြီ .. ရေးပေးဆိုလည်း ရေးပေးပါ့မယ် .. ရေးတာများသွားရင်လည်း ကိုတိုးတစ်ယောက်တော့ လွန်လွန်းတယ်လို့ မဆိုစေချင်ပါဘူး .. ဟီး ဟီး

    ကိုတိုး

    ReplyDelete
  6. Anonymous5:42 am

    မောင်ချမ်း စကားများလား မများလားဆိုတာ သူ့ ဆီဗုံးက သက်သေပြပြီးသားး)

    မေမြို့ထိတောင်သွားပြီး ကြာဇံဟင်းခါးသောက်တယ်ဆိုတော့ ကြာဇံဟင်းခါးကို ကြိုက်တာလား ၊ မေမြို့ကို ကြိုက်တာလား ။

    ဟိုက်ရှားပါး.. မခြောက်တခြောက်တွေကို သတ်မယ်ဆိုပါလား ။ မာမီရန်တို့ မာမီတက်စလာတို့ကို သတင်းသွားပေးထားဦးမှ ဟားဟား ။

    လဘက်ရည်ဆိုင်ထိုင်တဲ့ မိန်းကလေးကို ဘာလို့ ကြည့်မရတာလဲ ။ သူလဲ လဘက်ရည် သောက်ချင်ရှာမှာပေါ့ ။

    အလဲ့.. စတိုင်လ်ကျကျ ၀တ်တဲ့သူကြိုက်တယ်ဆိုတော့ ၊ ကိုယ်တိုင်လည်း စတိုင်လ်ကျကျ ၀တ်တတ်တယ်လို့ သွယ်ဝှိက်လိုက်တယ်ပေါ့ ။ တော်ပါပေတယ်း)

    ReplyDelete
  7. ဒီပုံအတိုင်းသာဆိုရင် မြန်မာဆန်တဲ့ မိန်းကလေးနဲ့ နီးပါစေ ဆုတောင်းပေးရမှာပေါ့....။ သူငယ်ချင်းအိမ်မှာကော ကော်ဖီဘယ်နှစ်ခွက်သောက်တတ်ပါသလဲ....။ အရေးကြီးတဲ့ကိစ္စမို့ မေးထားရတာ....။ :P

    ReplyDelete
  8. mayvelous: thz: sis :)

    myokyawhtun: တိုးတိုးပြော လူတွေသိကုန်မယ် :P

    mg myo aung: သားကလည်း ကိုဖီအာနန်ထက်တောင် အလုပ်၇ှုပ်ပုံရတယ်နော်။ ဒီလိုလုပ် အတန်းပြီးသွားရင် ဘောပင်နဲ့စာရွက်ယူ အန်တီ့ဆိုင်မှာ ကော်ဖီသောက်ရင်း ချရေးလိုက် ပြီးနေတဲ့ဟာ .. အဲလောက်ထိ မပလီနဲ့ မကြိုက်ဘူး ..ဟွန်း :P

    myo han htun: မဆိုပါဘူးဗျာ ပျော်ပျော်ပါးပါးပေါ့ ဟဲဟဲ

    မဂျစ်: မေမြို့ကို ပိုကြိုက်တာဗျ ဟီဟီး
    မိန်းကလေးတွေအနေနဲ့ လဘက်ရည်ဆိုင်ထိုင်နေရင် ကျွန်တော့်မျက်စိထဲမှာ ကန့်လန့်ဖြစ်နေလို့ပါ :D
    ကိုယ်တိုင်ကတော့ စတိုင်လ်ကျတယ်လို့လည်း မဟုတ်ပါဘူး ပုံမှန်ပါပဲဗျာ :)

    ReplyDelete
  9. Anonymous8:58 am

    Great to hear that CMS. Everytime, I believe, u will be mature.

    ReplyDelete
  10. Anonymous9:02 am

    Great to hear that. Why i can't participate with u.

    ReplyDelete
  11. ကောင်းပါတယ်.................ကောင်းပါတယ်..

    ReplyDelete
  12. Reading person kya tot yaw 11mie nyein aung su taung mha pay bu lar byar. (Ko Chan, Nyat nar liet tel kwar)

    ReplyDelete
  13. Anonymous5:38 pm

    ကိ.. တယ်ဟုတ်တယ်.. တယ်ဗျ.. မိုက်တယ်.. ထူးခြားချက်တွေက.. ဟ.. ဟ..

    ReplyDelete
  14. s_potato :> သိန်းကျော်တို့ ကားလာရင် ကောင်းမလေးတွေ ကြည့်ကြတာကောင်းပါတယ် ကောင်းပါတယ် .. အဲ ယောင်လို့ သိန်းကျော်တန် ကားပါရင် ကောင်းမလေးတွေကြည့်ကြတာ ကောင်းပါတယ် ကောင်းပါတယ် :P

    MELODY MAUNG :>rading person ka nyein pee thar so dot ma lo dot bue htin lo par :D

    khunmk :> ဒီမန္တလေးသားလေးကိုလည်း Tag လုပ်ဖို့ လူလိုက်ရှာမှ ဖြစ်တော့မယ် ^_^

    ReplyDelete
  15. I tagged you back :) have fun!!!

    ReplyDelete
  16. ဟဲဟဲ နောက်ဝီးယသ် တစ်ခုရှိသေးတယ်လဲ ...
    သီချင်းဆိုရင် ပတ်ပျိုးသီချင်းကြီး မှနားထောင်လို့ ရတယ်ဆိုပဲ.. သြော်သြော်..မှားလို့၊ မြန်မာsong တစ်မျိုးတည်းသာ နားထောင်လို့
    ရတဲ့သူ..မျိုးချစ်ပုဂ္ဂိုလ်ပါ့...(ဟီဟီး စိတ်ဆိုးရ၀ူးနော်..ခင်လို့)

    ReplyDelete
  17. မြန်မာဆန်တာ မြန်မာဆန်တာ ဟဲဟဲ :D

    ReplyDelete
  18. သနပ်ခါးလေးနှင့် မြန်မာဆန်ဆန်လှသော မိန်းကလေးများကို နှစ်သက်သဘောကျသည်။

    ဟိုက်ရှ်
    kosannoo

    ReplyDelete
  19. ဘာလဲ ... တူနေလို့လား :P

    ReplyDelete
  20. တောင်ပေါ်မြို့တွေမှာ ပိုးဟပ်အရမ်းပေါတယ်ဆိုရင်ကော နေမှာလား :P

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။