Skip to main content

ရှိတာလေးတွေ အကုန် ကုန်သွားပြီ

ကွန်ပျူတာက WindowLogoLoading ပြီးတော့ ဘာမှ ဆက်မတက်တော့ဘူး။ ရနိုး ရနိုးနဲ့ Restart ခဏခဏ လုပ်တာလည်းမရဘူး။ တစ်ချို့ Data တွေကလည်း အဲဒီထဲမှာ ကျန်နေတယ်။ Backup လုပ်မယ်ဆိုပြီး မလုပ်မိလိုက်တာလည်း ငါ့အမှား။ အခုတော့ ပြန်လုပ်ပေဦးပေါ့ :( ကိုယ့်ဒေါသနဲ့ ကိုယ်ပဲလေ တတ်နိုင်ဘူး ~X( ဒီ Backup အကြောင်းကို ကွန်ပျူတာသင်တန်းတွေ စတက်ကတည်းက သင်လာတာ အခုထိကို အမှတ်မရှိသေးဘူး။ အရေးကြီးတဲ့ Coursework တွေအပြင် စုထားတဲ့ သီချင်းလေးတွေ ဓာတ်ပုံလေးတွေ Template လေးတွေ ရေစုန်မြောသွားပြီ။ Coursework ကိုတောင် ဒီလောက်မနှမြောဘူး။ ပြန်လုပ်ရင် ရနေသေးတယ်။ ပုံတွေ သီချင်းလေးတွေ Template တွေက ဟိုချောင်နှိုက် ဒီချောင်နှိုက် ရှာထားရတာ။ ဧပရယ်ဖူးလ် ကျမှ ဒေတာပျက်လို့ ရူးတော့မယ်ထင်တယ်။ ဟူး ... Backup ကလည်း Backup ပဲ။ အမှတ်မရှိတဲ့ ငါကလည်း ငါပဲ။ Project ကတော့ Backup ရှိနေလို့ ခံသာသေးတယ် နောက်လဆိုရင် အပြီးတင်ရမယ်။ နောင်ကိုလည်း Backup မလုပ်နဲ့ သိလား၊ မှတ်ပြီလား ... L-)

Comments

  1. Window ရဲ့ boot.ini ပျက်သွားတာ ဖြစ်ပါလိမ့်မယ်။ ဒေတာ အားလုံးတော့ ပျောက်သွားမယ် မထင်ဘူး။ တို့လဲ တစ်ခေါက် ဖြစ်ဖူးတယ်။ windows CD ထည့်ပြီး repair windows ကနေ CHKDSK command ကို သုံးကြည့်ပါလား။ တစ်ခြားနည်းတွေလည်း ရှိဦးမှာပါ။ ချိတ်ညစ်နဲ့နော်။

    ReplyDelete
  2. ပြောပြောကတော့ မစောဘူး။ အခုတော့ သွားပြီ မရှိတော့ဘူး :)

    ReplyDelete
  3. mhar te ah khar le mhar pay mha paw ko chan yel.m

    ReplyDelete
  4. Anonymous9:42 am

    ပြောပြောက စောရအောင်.. ကိုဖိုးချမ်း ကွန်ပျူတာက စောစောမှ မပျက်တာ..  စနေနေ့မှ ရွေးပြီး ပျက်သွားတာကိုး။ စိတ်ကလည်း တော်တော်မြန်တယ်။ ချက်ခြင်း format ချပစ်တာကိုး

    ReplyDelete
  5. လူကလည်း အခုမှ အင်တာနက်ရောဂါ စွဲနေလို့။ အင်တာနက်များ အသုံးရရင် ဟိုနားသွားလည်း ယားကျိကျိ ဒီနားသွားလည်း ယားကျိကျိဖြစ်နေတာနဲ့ မထူးဇာတ်ခင်းလိုက်တာ :)

    ReplyDelete
  6. တစ်ရာနဲ့ပဲဖြေပေါ့ကွယ်...........

    ReplyDelete
  7. တစ်ရာနဲ့မလောက်လောက်ဘူး :P

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS