Skip to main content

ပြောင်းလဲတတ်သော

"ဟိုက် ... ဒီလူ Template ပြောင်းပြန်ပြီ"
"ဟင် ... နောက်တစ်ခု ပြောင်းသွားပြန်ပြီ"
"ဟာ ... အနက် ပြန်ဖြစ်သွားပြန်ပြီ"
ဒီဆိုဒ်ကိုအလည်လာသူ မိတ်ဆွေတို့ရဲ့ ပြောလာမည့် အသံလေးတွေကို ခန့်မှန်းကြည့်တာပါ :) ဟုတ်တယ်ဗျာ။ ကျွန်တော်လည်း ဟိုပြောင်း ဒီပြောင်း ဟိုစမ်း ဒီစမ်းလုပ်ရတာ အရမ်းဝါသနာပါတယ်။ အထူးအဆန်း အသစ် အသစ် လေးတွေတွေ့ရင် ဆိုဒ်မှာ Test လုပ်ကြည့်တယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဘာလဲဆိုတာ သိချင်တာရယ် ဘယ်လို သုံးလဲဆိုတာ သိချင်တာရယ်ပါ။ နောက်ပြီး ကျွန်တော်တတ်သလောက် ပြန်ပြီး မျှဝေပေးချင်ပါတယ်။ ဒါပါပဲ။ အခုလည်း အနက်ပြန်ဖြစ်သွားတဲ့ အကြောင်းအရင်းက ကျွန်တော့်မျက်စိကြောင့်လို့ပဲ ပြောမလား :-? အဖြူကို ကြည့်ရင် မျက်စိစူးနေသလို ခံစားနေရတယ်။ စိတ်ထင်တာလည်း ဖြစ်ချင်ဖြစ်မှာပါ :) နောက်ပြီး တစ်ချို့ script တွေကို လျော့လိုက်တယ်။ မဟုတ်ရင် Loading Time အရမ်းကြာလွန်းလို့။ ဒါ့ကြောင့်လည်း CBox ကိုအပြင်မှာ သက်သက်ထုတ်လိုက်တာပါ :) နောက်ပြီး ကျွန်တော်ရဲ့ပို့စ်တွေမှာ ပုံတွေကို သုံးတော့ ပိုဆိုးတယ်။ LightBox ကိုလည်း ဖြုတ်လိုက်ပြီ(ဘာလဲ ... ဘယ်လိုသုံးသလဲဆိုတာသိသွားပြီလေ)။ နောက်ပြီး Jeroenwijering MP3Player အဲဒါလည်း ဖြုတ်လိုက်တယ်။ ပြန်ပြီးတော့ ကျွန်တော်တတ်သလောက် Sharing လည်း ပြန်လုပ်ပေးထားပါတယ်။ တစ်ခါတလေ စဉ်းစားကြည့်တယ် ကျွန်တော် ဒီကနေ ကြည့်တာတောင် တစ်ခါတလေ နဲနဲကြာလို့ စိတ်ကသိကအောက်ဖြစ်နေရင် မြန်မာပြည်က (သို့) ကျွန်တော့်ဆီကထက် speed နှေးတဲ့သူတွေကြည့်ရင် ပိုဆိုးပြီပေါ့။ အဲဒီအချက်ကြောင့်လည်း တစ်ချို့ script တွေကို လျော့လိုက်တာပါပါတယ်။

ကဲဗျာ ... Template ပြောင်းထားလို့ မှားနေတာတွေ ... လိုအပ်နေတာတွေ ... အမြင်မတော်တာတွေ တွေ့ရင်လည်း လွတ်လွတ်လပ်လပ် ဝေဖန်၊ ထောက်ပြပြီး comment မှာ ရေးပေးသွားပါအုံး :)

ခင်မင်လေးစားလျှက်

Comments

  1. မောင်ချမ်းရေ ဘလောခ့်ကိုတော့ ပြောင်းချင်တဲ့ တန်းပလိပ် ပြောင်းလို့ရတယ်နော်။ မျက်စိတော့ နည်းနည်းနောက်တာပေါ့။ ကောင်မလေးတွေကိုတော့ အဲ့လို ခနခန တစ်ယောက်ပြီး တစ်ယောက်ပြောင်းနေရင်တော့ အင်း နောက်ကနေ ဓါးမနဲ့လိုက်ခံရဦးမယ်နော်။ ကြုပ်ကြပ်လိဦး။

    ReplyDelete
  2. ဟိုက်ရှ် :O
    ဓားမ :O
    လန့်စရာကြီးပါလား :P

    ReplyDelete
  3. ဟိုက်ရှ်... အတော့်လုပ်ပါ...

    ReplyDelete
  4. ဟိုက်ရှ် .. အာစရိ .. ဘာတွေမှားနေလို့လဲ :)
    စကားမစပ် ... တရုတ်ပြည်က မုန့်ဝယ်လာခဲ့ဗျာ။

    ReplyDelete
  5. ဒီတန်းပလိပ်က အရင်တန်းပလိပ် ထက်စာရင် တက်တာပိုမြန်တယ် ကောင်းပါတယ်။

    ReplyDelete
  6. ပြောချင်ဇောနဲ့ ၂ခါတက်သွားပြီ

    ReplyDelete
  7. နောက်တစ်ခါ လာပြန်ပြီဟေ့ ဟေ ဟေ ဝါးးးး

    ReplyDelete
  8. လူဆိုတာဒီလိုပါပဲ...... အပြောင်းအလဲများတယ်။ ပြောင်းနိုင်၊ ပြောင်းတတ်သူတွေက မျိုးစုံပြောင်းတယ်။ အင်းလောကရဲ့နိယာမတရားတွေပဲ။ ဖြစ်တတ်ပါတယ်။ သတိနဲ့ယှဉ်ပေါ့။ အားလုံးကျန်းမာချမ်းသာကြပါစေ။

    ReplyDelete
  9. Anonymous12:39 pm

    ပြောင်းလည်းပြောင်းနိုင်ပါ့ အကိုရယ်.. ဆိုဒ်များမှားဝင်လိုက်သလားလို့ ပြန်ကြည့်မိရသေးတယ်.. ကောင်းပါတယ်.. အချိန်ရရင်တော့ ပြောင်းတာ အသစ်အဆန်းပေါ့ .. စကားမစပ် ညီမဆိုဒ်ဘက်လည်း အကိုမလာတာကြာပြီနော် ... ဟွန်းးးးးးးးးးးးးးးး .. မမအဝေးပြောတာမှန်တယ်.. ထောက်ခံတယ် ချစ်မမ .. အကိုချမ်းမြစိုးကို ဓါးမနဲ့မဟုတ်ဘူး .... ကားနဲ့လိုက်တိုက်သတ်ကြမှာ :P :P

    ReplyDelete
  10. It becomes clearer.

    ReplyDelete
  11. ပြောင်းလဲပြောင်းနိုင်ပါပေတယှ်ော

    ReplyDelete
  12. #Steven alexander
    အာစရိ .. Comment လာပေးတာ ကျေးဇူး :)

    #MKH
    မေဆွိလား မြင့်မြင့်ခင်လား :P

    #KoNaygyi
    ဟိုက်ရှ် ... ဘုန်းကြီးဝတ်နေတာလား :P

    #လင်းလက်
    :O ပိုတောင် လန့်လာပြီ။ ညီမဆီကို လာလည်ပါတယ်ဗျာ ... စာမရေးဖြစ်သွားလို့ပါ :)

    #HayMar
    thz: :)

    #mgthajan
    ဟိဟိ ဒီလိုပါပဲဗျာ :)

    ReplyDelete
  13. Anonymous4:07 pm

    ကောင်း၏ ကောင်း၏ loading time တော်တော် မြန်သွားတယ်။ ဟိုတလောကဆိုရင် ဒီဘလော့ ဖွင့်ဖို့ တော်တော်ကြာတာ။

    ReplyDelete
  14. #thinzar
    ဟိုက်ရှ် ... ကွန့်မန့်တွေ ဘာတွေ ၀င်ပေးလို့ပါလား
    ဒါ့ကြောင့် ဒီနေ့ ဒီမှာ နေထွက်နေတာကိုး :P

    ReplyDelete
  15. အံမယ်… ပြောတဲ့ပုံက.. ကျုပ်ကဘဲ ကောမန့်ပေးပျင်းတဲ့ ငပျင်းကြီးလိုလို ဖြစ်ရော။ အဲဒီ ကောမန့် page တက်လာတာ နှေးတာ မစောင့်နိုင်လို့ပါ။ တန်းပလိတ်အဟောင်းလေး နှမြောစရာဘဲ။ သဉ္ဖာ့ကို ပေးလိုက်ပါလား။ :P

    ReplyDelete
  16. ရှာလိုက်ဦးမယ် :P

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

Mandalay Bloggers Feeds Network

အကြောင်းအရာ Mandalay Bloggers Feeds Network တည်ထောင်ရန် ရည်ရွယ်ချက် ပြည်တွင်းရှိ မန္တလေး Blogger များ နှင့် ပြည်ပရောက် မန္တလေး Blogger များ၏ သတင်းအချက်အလက်များ ဖန်တီးမှုများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဖတ်ရှူ့ လေ့လာနိုင်ရန်။ အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ မန္တလေး Blogger များအားလုံးကို စည်းစည်းလုံးလုံးနှင့် Feeds Network မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်သိသော မန္တလေး Blogger များ၏ စာရင်းကို ဖော်ပြလိုက်ပါတယ်။ အောက်ဖော်ပြပါ Blogger များအပြင် ကျွန်တော်မသိသေးသော မန္တလေး Blogger များကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။ ပါဝင်နိုင်ရန်အတွက် ဒီပို့စ်မှာ Comment ပေး၍သော်လည်းကောင်း chanmyasoe@gmail.com နှင့် myochauhtun@gmail.com သို့ email ပေးပို့၍သော်လည်းကောင်း ဆက်သွယ် ပါဝင်နိုင်ပါတယ်။ Blogger တွေအားလုံးရဲ့အတူပြုချက်ကိုရယူပါမယ်။ ဒါကြောင့် ပါဝင်ချင်တဲ့ ဆန္ဒရှိသူတိုင်းရဲ့ Comment ဒါမှမဟုတ် email ကို စောင့်ပါမယ် ။ သုံးရက်မြောက်လို့မှ Comment ရော email ရော မလာလည်း ... List မှာထည့်ပြီးသားပဲဗျာ ( မှတ်ချက် - ဘာအကြောင်းပြချက်မှ လက်မခံ :D ) တကယ် ပါဝင်စေချင်တဲ့အတွက်ပါ :) မပါဝင်လိုသော ကန့်ကွက်လိုသော Blo...