Skip to main content

ဟာသလေးတစ်ခု တကယ်လား ... အကြံအဖန်လား


ဒီ MTV ထဲမှာ ဟာသလေးတစ်ခုပါတယ်။ တကယ်ဖြစ်သွားတာလား အကြံအဖန်လုပ်တာလားတော့ မသိဘူးဗျာ။ အဲဒီနှစ် ဒီ VCD ထွက်တုန်းက သူငယ်ချင်း (နိုင်နွေးအောင်) နဲ့ အိမ်မှာ အခေါက်ခေါက် အခါခါကြည့်ရင်း အရမ်းရီခဲ့ကြတယ်။ ဒီသီချင်းကလည်း Pandal တိုင်းမှာ တော်တော် popular ဖြစ်ခဲ့တဲ့ သီချင်းလေးပါပဲ။ သင်္ကြန်လည်တုန်းကလည်း သူငယ်ချင်းနဲ့ အဲဒီသီချင်းဖွင့်တဲ့ Pandal ရောက်တိုင်း VCD ထဲက ပုံကိုမြင်ပြီး နှစ်ယောက်သား ထထ ရီခဲ့ကြတယ်။ ကားပေါ်ကကျန်တဲ့ ဘော်ဒါတွေကတော့ ကျွန်တော်တို့ နှစ်ယောက်ကို နားမလည်နိုင်အောင်ပါပဲ။ သေချာကြည့်ချင်တယ်ဆိုရင် Movie TimeLine 03:57 (youtube မှာကြည့်တယ်ဆိုရင်) (or) 00:30 လောက်မှာ ကြည့်ကြည့်ပါ။

Comments

  1. Anonymous10:01 pm

    pho chan gyii..thingyan song tway pel ..
    sate chart ta nay. pyan ya mel ..hote pii lar
    :P

    ReplyDelete
  2. Anonymous5:36 am

    မင်္ဂလာနှစ်သစ်ပါ ကိုချမ်းမြစိုး
    ပျော်ရွှင်ပါစေ

    ReplyDelete
  3. မင်္ဂလာနှစ်သစ်ပါ ညလေး
    နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ :)

    ReplyDelete
  4. အစ်ကိုပြောတဲ့ စက္ကန့် ၃၀ မှာ ဘာမှလည်း မတွေ့ဘူး။ 8-)

    ဘာတွေတုန်းဗျ...

    ReplyDelete
  5. ဘရိတ်ကီ ... mic လွတ်သွားတာပါ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။