Skip to main content

Inserting Jeroenwijering Flash MP3 Player

MP3 Player ဖန်တီးရန် SourceFile ကို Download လုပ်ပါ ။ Download Here UnZip လုပ်လိုက်သည့်အခါ အောက်ပါအတိုင်း File တွေကို တွေ့ရပါလိမ့်မယ်။ အဓိကအသုံးပြုမည့် File တွေကို Tick လုပ်ထားပါတယ်။

1. mp3player ဆိုတဲ့ html file ကိုဖွင့်ပါ။ Player သုံးမျိုးကို တွေ့ရပါလိမ့်မယ်။ အသုံးပြုမည့် Player က အလယ်က တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်တဲ့ Player နှစ်ခု အတွက် code တွေကိုဖျက်ပေးဖို့ လိုပါတယ်။

2. မလိုအပ်တဲ့ code တွေကို ဖျက်ဖို့အတွက် View Menu မှ Source ကိုသွားပါ (သို့) SourceFile (mp3player.html) ကို rightclick နှိပ်ပြီး open with တွင် notepad ကိုရွေးပေးပါ။ notpad ထဲရောက်ပြီဆိုလျှင် BlueBox နှင့်ပြထားတဲ့ Code တွေကို Delete လုပ်ပေးပါ။ RedBox Code တွေကတော့ Player အတွက် အဓိက Code တွေဖြစ်ပါတယ်။

3. မလိုအပ်တဲ့ Code တွေ ရှင်းပြီးသွားလျှင် PlayList ကို ဖန်တီးပါမယ်။ PlayList.xml ဆိုတဲ့ File ကို notepad တွင်ဖွင့်ပါ။ (right click the file > choose > open with > notepad)
အောက်ပါအတိုင်း တွေ့ရပါလိမ့်မယ်။

အခုသုံးထားတဲ့ mp3 file တွေက original ပါပြီးသားတွေပါ။ အခု သုံးမည့် ပုံစံက အင်တာနက်ပေါ်မှာ မိမိတင်ထားတဲ့ File တွေကို ခေါ်ယူ သုံးစွဲမှာပါ။ ထို့ကြောင့် မိမိထည့်သွင်းမည့် MP3 file များကို file hosting (www.fileden.com or www.filexoom.com etc...) တစ်ခုခုတွင် တင်ထားရန်လိုပါသည်။

4. မိမိသုံးမည့် File ၏ url ကိုရယူပါ။
eg. http://filexoom.com/files/2006/11/9/43234/KFA___Su_Taung.mp3
ကျွန်တော်တင်ထားတဲ့ ဆုတောင်းဆိုတဲ့ သီချင်းကို ဥပမာ အနေနဲ့ သုံးကြည့်နိုင်ပါတယ်။သီချင်းနာမည်က ဆုတောင်းဖြစ်ပြီး အဆိုတော်က KFA အဖွဲ့ပါ။

5. xml file တွင် အဓိက coding သုံးကြောင်းပါရှိပါတယ်။
Title, Creator, Location ဖြစ်ပါတယ်။

5.1 Title Tage နှစ်ခုကြားတွင် သီချင်း Title ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။
ဥပမာ <title>SuTaung</title>
5.2 Creator Tag နှစ်ခုကြားတွင် အဆိုတော် (Artist Name) ကိုထည့်သွင်းပေးရပါမယ်။
ဥပမာ <creator>KFA</creator>
5.3 Location Tag နှစ်ခုကြားမှာတော့ mp3 file ၏ လမ်းကြောင်း (url) ကိုထည့်သွင်းပေးပါ။
ဥပမာ <location>http://filexoom.com/files/2006/11/9/43234/KFA___Su_Taung.mp3</location>
ကျန်တဲ့ Track List Code တွေအတွက် အထက်နည်းအတိုင်း သီချင်းအပုဒ်ရေများစွာအတွက် ဆက်လက်ဖန်တီးနိုင်ပါတယ်။

6. xml file ကိုပြင်ပြီးသွားလျှင် save လုပ်ပါ။

7. Player အတွက် အသုံးပြုမည့် (Playlist.xml, ufo.js, mp3player.swf) File တွေကို Hosting တစ်ခုခုတွင် တင်ပေးရပါမယ်။ မိမိတွင် googlepage account ရှိပါက ပိုမိုအဆင်ပြေနိုင်ပါတယ်။ မရှိပါက ဒီမှာ Account ဖွင့်နိုင်ပါတယ်။ တစ်ခြား File Hosting တွေက .js , .xml အစရှိတဲ့ extension တွေကို လက်မခံပါဘူး။ googlepage မှာတင်ထားရင်တော့ အကောင်းဆုံးပါပဲ။

8. File တွေ Upload လုပ်ပြီးသွားလျှင် url ကို ရယူပါ။ အောက်ပါအတိုင်း ရှိနေပါလိမ့်မယ်။

http://www.yourname.googlepages.com/playlist.xml
http://www.yourname.googlepages.com/ufo.js
http://www.yourname.googlepages.com/mp3player.swf


9. File တွေ တင်ပြီးသွားလျှင် Blog/page အတွက် player code ထည့်ဖို့ပဲ ကျန်ပါတော့တယ်။ Bloge ရဲ့ Template tab ကိုသွားပြီးလျှင် Sidebar မှာထည့်ဖို့အတွက် Add Page Element ကိုရွေးပါ။ ထို့နောက် HTML/Javascript ကိုရွေးပါ။ ထည့်သွင်းရမည့် CodeFormat ကတော့


<p id="player2"><a href="http://www.macromedia.com/go/getflashplayer">Get the Flash Player</a> to see this player.</p>
<script type="text/javascript">
var FU = { movie:"http://www.yourname.googlepages.com/mp3player.swf",
width:"240",
height:"135",
majorversion:"7",
build:"0",
bgcolor:"#FFFFFF",
flashvars:"file=http://www.yourname.googlepages.com/playlist.xml&lightcolor=0xCC0066&
backcolor=0x000000&frontcolor=0xFFFFFF&displayheight=0" };
UFO.create(FU,"player2");
</script>


ဒီ Code တွေက mp3player.html မှာပါပြီးသားတွေပါ။ File တစ်ခုလုံး ယူသုံးရန်မလိုပါ။ အထက်ပါကုဒ်များကို Blog မှာထည့်သွင်းရမှာဖြစ်ပါတယ်။ အနီရောင်ပြထားတဲ့ နေရာတွေမှာ မိမိရဲ့ File address နဲ့ အစားသွင်းရမှာဖြစ်ပါတယ်။

10. နောက်ဆုံး အရေးကြီးတဲ့ Code တစ်ခုကျန်ပါသေးတယ်။ js coding ပါ။ အဲဒီ code မထည့်ပေးရင် player အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဒီ Coding လေးပါပဲ။

<script type="text/javascript" src="http://www.yourname.googlepages.com/ufo.js"></script>


Blog ရဲ့ coed view မှာ Header Tag မပိတ်ခင် </header> (သို့) Header Tag နှစ်ခုကြား <header>....</header>မှာထည့်သွင်းပေးပါ။

11. Template ကို Save လုပ်ပြီးလျှင် Blog ကို run ကြည့်ပါ။ SideBar မှာ Player ကို မြင်တွေ့ရပါလိမ့်မယ်။

အရင်က .m3u format နဲ့လုပ်တဲ့ Player သုံးဖူးပါတယ်။ Tutorial ကို ဒီမှာ ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ Player ကို Page မှာထားရင် ပြဿနာနဲနဲရှိပါတယ်။ အဲဒါက Download Manager သုံးရင်ဖြစ်တတ်ပါတယ်။ ဒီ Player မှာတော့ အဲဒီ ပြဿနာတွေ မရှိပါဘူး။

Comments

  1. Anonymous6:55 pm

    ကျေးဇူးပဲဗျို့။ ဒီ site ကိုတွေ့တယ်။
    လုပ်ကြည့်သေးတယ်။
    english လိုတွေရေးထားတာရယ်
    computer အကြောင်းကောင်းကောင်း
    နားမလည်တာကြောင့် လက်လျှော့လိုက်ရတယ်။
    အခုမှပဲရှင်းသွားတော့တယ်။

    ReplyDelete
  2. Thanks Ko Chan . I need it . I'll try it.

    ReplyDelete
  3. အရမ်းကျေးဇူးတင်တယ်...ဗျာ..
    တော်တော်ပညာတွေရတဲ့အတွက်..အရမ်းကိုကျေးဇူးတင်တယ်ဗျာ..
    ခင်ဗျား ကိုအနားမှာရှိရင်...ကောင်းကောင်းပြုစုဖြစ်လိမ့်မယ်..
    ကျွန်တော်တို့က အခြေခံနည်းတော့ ခင်ဗျားတို့လို ပညာတွေဝေမျှတဲ့လူတွေရှိကမှ ရနိုင်တာ...

    ReplyDelete
  4. Really thanks for your sharing about it. Wish you all the best naw

    ReplyDelete
  5. ကျေးဇူးတင်တဲ့အထဲမှာ...
    ကျွန်တော်လည်းပါတယ်နော်...
    အမှန်တစ်ကယ်လိုအပ်နေချိန်မှာ..
    ပေါ်ထွက်လာတဲ့...ကြယ်ကြီးတစ်ခုလို...
    အကြီးကြီးပဲ..(စတာ)
    ကျေးဇူးပါပဲ...
    မန္တလေးပြန်မလာဖြစ်ဘူးလား၊...
    တွေချင်သေးတယ်.....လက်ဖရည်တိုက်ချင်လို့..

    ReplyDelete
  6. thaz: u too :) လာလည်ပြီး အခုလို comment ရေးပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်ဗျာ :)

    ReplyDelete
  7. ကို CMS ရေ ခင်ဗျား ပေးတဲ့ ပညာနဲ့ သင်္ကြန်သီချင်းတွေကို သင်္ကြန် Blog မှာ တင်လိုက်ပြီ ဗျို ..လိုအပ်ရင် ကူညီပါအုန်း... လာကြည့်ပါအုန်း..

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။