ကမ္ဘာပေါ်က အတွေးအခေါ်ရှင် ၁၀၀ မှာ ထိပ်တန်း ပါဝင်သူတဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက ထုတ်ဝေတဲ့ Foreign Policy နိုင်ငံခြားရေးရာ မဂ္ဂဇင်း က ဖော်ပြလိုက်ပါတယ်။ အမှောင်ကျနေတဲ့အရပ်မှာ မျှော်လင့်ချက်တစ်ရပ်အဖြစ် သက်ရှိထင်ရှားနေတဲ့ သင်္ကေတပိုင်ရှင်အဖြစ် ကမ္ဘာ့တွေးခေါ်ရှင် ၁၀၀ စာရင်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။ ဒီဇင်ဘာလအတွက် ထုတ်ဝေတဲ့ မဂ္ဂဇင်းရဲ့ နှစ်လည် အထူးထုတ်မှာ ဒီစာရင်းကို ဖော်ပြထားတာဖြစ်ပြီး အမေရိကန် ဗဟိုဘဏ် ဥက္ကဌဖြစ်တဲ့ Mr. Frank Bernake ကို စီးပွားပျက်ကပ်အသစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်သူအဖြစ် နံပါတ် ၁ မှာ ဖော်ပြထားပါတယ်။ နံပါတ် ၂ ကတော့ ကမ္ဘာပေါ်က အမေရိကန်နိုင်ငံရဲ့ အခန်းဂဏ္ဍကို ပြန်လည်မြှင့်တင်ခဲ့သူအဖြစ် အမေရိကန်သမ္မတ Mr. Barack Obama ကိုဖော်ပြထားပါတယ်။ မဟတ္တမ ဂန္ဒီနှင့် ဗုဒ္ဓဘာသာအခြေခံစည်းမျဉ်းဖြစ်တဲ့ အကြမ်းမဖက်ရေးလမ်းစဉ်နဲ့ မြန်မာစစ်အစိုးရကို အတိုက်အခံ လှုပ်ရှားခဲ့ပြီး အနှစ် ၂၀ အတွင်း ၁၄ နှစ် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖော်ပြချက်မှာ ရေးသားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၉၀ ပြည့်နှစ် မိန့်ခွန်းတရပ်မှာ ကြောက်ရွံ့စိတ်ဟာ နေ့စဉ် လူနေမှုလက္ခဏာ တရ...
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ