Skip to main content

အိုဘားမားပြောတဲ့ တရုတ်ပြည်က Twitter နှင့် မြန်မာပြည်က အင်တာနက်

အမေရိကန်သမ္မတ ဘားရက် အိုဘားမားဟာ တရုတ်ပြည်ကို အင်တာနက် ကွန်ယက်တွေအားလုံး ဖွင့်ပေးထားဖို့ အရေးကြီးကြောင်းနှင့် Twitter ကဲ့သို့သော social networking site တွေကို မပိတ်ပင်ဖို့ ပြောဆိုလိုက်ပါတယ်။ Via : http://bit.ly/Nfl

သမ္မတကြီး အိုဘားမားရေ တရုတ်ပြည်တင်မဟုတ်ဘူး သူ့ရဲ့ အိမ်နီးချင်း မြန်မာပြည်က သူ့ရဲ့မွေးစားသား ဗိုလ်ချုပ်ကြီးတွေကိုပါ ဝင်ပြီးပညာပေးလေး ဘာလေး လုပ်ပေးပါဦး။ အင်တာနက် ပိတ်ပင်ခြင်းဟာ ခေတ်လူငယ်တွေကို မျက်စိတွေ နားတွေ ပိတ်ထားတာနဲ့ တူတူပါပဲ။ အထူးသဖြင့် အခုလို Social Networking site တွေကို ပိတ်ပင်တာဟာ ပညာလိုချင်၊ ဗဟုသုတရှာဖွေချင်တဲ့ လူငယ်တွေရဲ့ တိုးတက်ရာလမ်းကြောင်းကို ပိတ်ပင်ရိုက်ချိုးထားတာနဲ့ အတူတူပါပဲ။ Facebook နဲ့ Twitter လိုမျိုး site တွေဟာ Information တွေကို အလွယ်တကူ မျှဝေဖို့အကောင်းဆုံး website တွေပါပဲ။ နည်းပညာခေတ်ရောက်နေပြီး နည်းပညာခေတ်ရဲ့ အရသာကို အပြည့်အဝမခံစားနိုင်အောင် လုပ်ထားတာဟာ လုံးဝမတရားပါဘူး။ တစ်နည်းအားဖြင့် အနာဂတ်ကို တည်ဆောက်မည့် လူငယ်တွေရဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးဖြစ်တဲ့ အင်တာနက်ကို အပြည့်အဝမသုံးနိုင်အောင် ပိတ်ပင်ထားခြင်းပါပဲ။ ဒါ့ကြောင့် စစ်အစိုးရရဲ့ နိုင်ငံရေး ဦးတည်ချက်ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရေး ဆိုတဲ့ ဦးတည်ချက်ဟာ ရီစရာ ဟာသတစ်လိုဖြစ်နေပါတယ်။ နည်းပညာလေ့လာဆည်းပူးဖို့ အဆောက်အအုံတွေကိုလည်း တောထဲ တောင်ထဲ ပို့ထားပြီး ပညာရေးနှင့် ဝေးသထက်ဝေးအောင် လုပ်နေတာဟာ စစ်အစိုးရရဲ့ ဦးတည်ချက်နဲ့ လုပ်ရပ် တောင်နှင့်မြောက် ကွာဝေးသလို ဝေးကွာနေတာကို သက်သေပြနေပါတော့တယ်။

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS