Skip to main content

ငါအိုသွားတဲ့အခါ

ငါအိုသွားတဲ့အခါ ငါဟာ အရင်ကငါ မဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေ မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မညိုညင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး၊ လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက် ကျင့်ပေးခဲ့ဖူးတာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး၊ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀ရဲ့ နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

ရေးသားသူ >> အမျိုးသားစာပေဆုရ စာရေးဆရာကြီး မင်းသူရိန်

Updated: ဒီစာသားတွေကို တွေ့ဖူးနေတာ ကြာပါပြီ ... ရေးသားသူအမည်နှင့်တကွ Blog တစ်ခုမှာ တွေ့တာနဲ့ တင်လိုက်တာပါ။ စာသားတွေကို ကျွန်တော်လေးစားရတဲ့ ရေးသားသူ(သို့)ဘာသာပြန်သူ အမည် မှားနေတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောသွားနိုင်ပါတယ်။ ကျွန်တော်လဲ အမှားတွေကိုတော့ မတင်ချင်ပါဘူး။ အမှန်သိတဲ့သူ ပြောသွားပေးပါ။ ကျေးဇူးတင်ပါတယ်။

Comments

  1. Posted by>> အမျိုးသားစာပေဆုရ စာရေးဆရာကြီး မန္တလာချမ်းမြစိုး :D

    ReplyDelete
  2. ကောင်လေး ... အဲလို အနောက် မသန်ရဘူးလေ ဒုက္ခရောက်တတ်တယ် :P

    ReplyDelete
  3. အဲဒီ ငါအိုသွားတဲ့အခါ ရေးသားထားတဲ့ ရေးသားထားသူ ရေးသားသူ >> အမျိုးသားစာပေဆုရ စာရေးဆရာကြီး မင်းသူရိန်ရဲ့ မှုရင်းကို စကင်နာတင်ပြီး အီးမေးလ်ထဲဖြစ်ဖြစ်၊ ဘလော့မှာပဲ ဖြစ်ဖြစ် တင်ပေးနိုင်မလား..ရေးသားတဲ့ရက်စွဲ..ဒါမှမဟုတ် ထုတ်ဝေတဲ့ စာအုပ်ရက်စွဲ...မဂဇင်းရက်စွဲတွေကိုလဲ သိချင်ပါတယ်..ကျေးဇူးးးးး

    http://nineninesanay.bravehost.com/novel/mother.swf

    ReplyDelete
  4. ဆောရီးပါ အစ်မ ကျွန်တော် ရေးသားသူကိုပဲသိပါတယ် အဲဒါလည်း သူငယ်ချင်းတစ်ယောက်မျှဝေလို့ သိခဲ့တာပါ
    အ၇မ်းကြိုက်လို့ တင်လိုက်တာပါ တစ်ချို့ဘလော့တွေမှာလည်း တွေ့ဘူးပါတယ် ... စကားမစပ် တစ်ခုခုများ မှားနေလား ..ပြောပါ
    အစ်မ မူရင်းရခံ့ရင်လည်း ကျွန်တော်ကို ပြန်ပြီးမျှဝေပါဦး ကျွန်တော်လည်း လိုချင်ပါတယ်။

    အစ်မရေးထားတဲ့စာလည်း ဖတ်ဖူးပါတယ်

    ReplyDelete
  5. ကိုချမ်း အဲ့ဒါ့မျိုး အင်္ဂလိပ်လို ရေးထားတဲ့ powerpoint file လည်း ရှိတယ်နော်။ မူရင်းက ဘယ်ဟာလဲ ?

    ReplyDelete
  6. အစ်ကိုလည်း မူရင်း ဘယ်သူလဲ မသိဘူး

    ReplyDelete
  7. ဒီစာသားတွေကိုဖတ်မိတိုင်းတစ်ခုခုကျန်ခဲ့တာ တစ်ခါမကတော့ဘူး................

    ReplyDelete
  8. s_potato ... လူတိုင်းဖတ်သင့်ပါတယ်

    ReplyDelete
  9. မှုရင်းက ၂၀၀၄ ခုနှစ် ၁၂ လပိုင်း ၆ ရက်နေ့ထုတ်
    Digital Home Magazine http://www.cniti.com/mcdh အတွဲ ၁၂ ကပါ....
    အခုသိချင်တာက အဲဒီဟာကို မြန်မာလို ဘယ်သူ ပြန်ထားသလဲ ဆိုတာပါပဲ
    ကျေးဇူး

    ReplyDelete
  10. အခုလို မူရင်းကို ပြောပေးတဲ့အတွက် ကျေးဇူးပါ အစ်မ။ ဒါပေမဲ့ အစ်မပေးတဲ့ ဆိုဒ် ကျွန်တော်ဖတ်မရပါဘူး။ တရုတ်Websiteကြီးဆိုတော့ ကျွန်တော်နားမလည်ဘူး။ ကျွန်တော်လည်း ကြိုက်လို့သာ စာသားတွေကို တင်တာပါ။ ရေးသာတဲ့သူ နာမည်မှားနေတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောခဲ့ပါ။ ကျွန်တော်လည်း မှားနေတာကြီး မတင်ချင်ပါဘူး။

    ReplyDelete
  11. မြင်ဖူး ကြားဖူးတာ ကြာပြီဗျ။ ခုမှ စာရေးသူ အတိအကျကို သိရတယ်။ ကျေးဇူးပါ ချမ်းချမ်း။
    မှတ်ချက် - မော်ဒယ် ချမ်းချမ်း မဟုတ်ပါ ၊ စွံထန် ချမ်းချမ်း ဖြစ်ပါသည်။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS