2 Jan 2007

MCC (MDY) မှ သူငယ်ချင်းများသို့

မင်းတို့ရဲ့ အောင်မြင်မှုအတွက် ငါ အရမ်းဝမ်းသာပါတယ်ကွာ။

နောင်မှာလည်း ဒီထက်ပိုပြီး အောင်မြင်တဲ့ ဆရာ/ဆရာမ ကောင်းတွေဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ်။ မင်းတို့ အခုပုဂံမှာ ပျော်နေကြမယ်ဆိုတာ ငါသိပါတယ်။ စည်းစည်းလုံးလုံးရှိကြတဲ့ ငါတို့အုပ်စုကိုယ်စား ငါ အရမ်းဂုဏ်ယူပါတယ်ကွာ။

တစ်ကိုယ်ကောင်းဆန်ပြီး ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုး လုပ်တတ်တဲ့လူမျိုးတွေကိုတော့ ဥပက္ခောသာပြုထားလိုက်ကြပါကွာ။ သူတို့ထိုက်နဲ့ သူတို့ကံ အကျိုးပေးသွားပါလိမ့်မယ်။ ပြောလည်း သိမယ့်လူတွေမဟုတ်ဘူး။

မင်းတို့အားလုံး ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင်နဲ့ တာဝန်တွေ ဆက်လက်ထမ်းဆောင်နိုင်ကြပါစေလို့ ထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ်ကွာ။ ပြန်လာရင်တော့ အီးမေးလ်ပို့ဦး ... ကွန်နက်ရှင်ကောင်းပါစေလို့လည်း ဆုတောင်းပေးပါတယ်။ အင်းခရုက ကွန်နက်ရှင်ဆိုတော့ ခရုလို နှေးနေမှာစိုးလို့ပါ :P

No comments:

Post a Comment

Thanks for your comment.