Skip to main content

Doncaster, ManU and Me (3)

၂၄ ရက်နေ့က မသွားဖြစ်လိုက်ဘဲ သူငယ်ချင်းအိမ်မှာပဲ ညအိပ်ပြီး မနက်ပိုင်း အေးအေးဆေးဆေးမှ လန်ဒန်ကနေ စထွက်လာခဲ့တယ်။ ၁၀ နာရီလောက်ကနေစပြီး ထွက်လာတာ Manchester နားလေးက Doncaster ဆိုတဲ့မြို့လေးကို နေ့လည် ၁နာရီလောက်မှာရောက်သွားတယ်။ ခရစ်စမတ်နေ့ဆိုတော့ လမ်းမှာယာဉ်ကြောရှုပ်မယ်လို့ ထင်ထားခဲ့တာ ပြောသေလောက်တော့ မရှုပ်ဘဲ ခဏလေးနဲ့ပဲရောက်သွားတယ်။ ဟိုရောက်တော့ ဗမာအသိတစ်ယောက်အိမ်မှာပဲ တည်းဖြစ်ခဲ့တယ်။ အိမ်ရှင်တွေက တော်တော်သဘောကောင်းပြီး ဖော်ဖော်ရွေရွေရှိပါတယ်။ ရောက်တဲ့ညမှာပဲ မုန့်ဟင်းခါးချက်ကြတယ်။ နောက်နေ့မနက်မှာ မန်ချက်စတာက ဘုန်းကြီးကျောင်းကို အာရုံဆွမ်းကပ်ရန်အတွက် လုပ်နေကြခြင်းဖြစ်ပါသည်။ တတ်နိုင်သလောက် ၀ိုင်းဝန်း၍လုပ်ဆောင်ပေးခဲ့သည်။ အကြော်ကြော်တဲ့တာဝန်ကို ယူခဲ့သည်။ မုန့်ဟင်းခါးအတွက် ပဲကြော်ကြော်ကြခြင်းဖြစ်သည်။ မနက် ၃ နာရီလောက်မှ အိပ်ဖြစ်သွားပြီး မနက်လေးနာရီလောက်မှာ ပြန်ထ၍ လိုအပ်သည့်အရာများ ကားပေါ်သို့တင်ဆောင်ကာ မန်ချက်စတာသို့ထွက်ခွာလာခဲ့သည်။ တစ်နာရီခွဲလောက်ကြာပြီးနောက် အင်္ဂလန်တွင် အကြီးဆုံးနှင့် အသပ်ရပ်ဆုံး ဘုန်းတော်ကြီးကျောင်းတည်ရှိရာ မန်ချက်စတာသို့ရောက်ရှိခဲ့သည်။ ကျောင်းတွင် ဆယ်ရက်တရားစခန်းဝင်နေသော ရောဂီများကိုလည်းတွေ့ရသည်။ တော်တော်များများမှာ ဆရာဝန်များဖြစ်သည်။ ဘုန်းကြီးကျောင်းမှာ သပ်သပ်ရပ်ရပ်ရှိလှ၍ စိတ်ထဲတွင် ကြည်နူးမိပါသည်။ အလှူရှင်များကိုယ်စား မုဒိတာပွားမိသည်။ ကျောင်းတွင် ဘုန်းဘုန်း ၂ပါးနည်း နှင့် ကပ်ပိယ တစ်ယောက်တည်းသာနေထိုင်ကြသည်။ ထို့နောက် မုန့်ဟင်းခါးဆွမ်းကပ်ခဲ့သည်။ မုန့်ဟင်းခါးမှာ အမယ်စုံလင်လှ၍ စားသူတိုင်း ကျေနပ်ပိတိဖြစ်ကြသည်။ မုန့်ဟင်းခါးချက်ကောင်းသော ကိုကြီးမိုးကိုလည်း လေးစားမိပြန်သည်။ ဟင်းချက်နည်းများကိုလည်း လေ့လာရအုံးပေမည်။ ဆွမ်းကပ်ပြီးနောက် ကျောင်းတွင် စေတနာလုပ်အားဆက်၍ပေးခဲ့ကြသည်။ နေ့ခင်းပိုင်းထမင်းစားချိန်ထိပေါ့။ ကျောင်းတွင် နေ့လည်စာစားသုံးပြီးနောက် ManU TownCenter သို့ဆက်လက်ထွက်ခွာလာခဲ့ကြသည်။

မန်ချက်စတာမှာရှိတဲ့ မြန်မာတို့ရဲ့ ဘုန်းတော်ကြီးကျောင်း

ဘာရယ်မဟုတ်ဘူး အမှတ်တရပေါ့

TownCenter အကြောင်း နောက်နေ့ ဆက်ပါဦးမည်။ အခု အင်တာနက်ကို ကိုကြီးမိုး(Doncaster)တို့အိမ်မှ နေ၍ ညပိုင်းတွင် သုံးခွင့်ရသဖြင့် ရေးသားလိုက်ခြင်းဖြစ်ပါသည်။ မြန်မာစာမရှိသည့်နေရာတွင်ရိုက်၍ ပို့စ်တင်ရသည်ကလည်း အဆင်မပြေလှပါ။ ဘာပဲပြောပြော ဒီပို့စ်အတွက် ပလန်းနက်ဝက်ဆိုဒ်ကိုတော့ ကျေးဇူးတင်မိတာအမှန်ပါ။

မန်ချက်စတာ ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ဘုရားပုံတော်တွေကို ဓာတ်ပုံရိုက်လာတာပါ။ အရမ်းကြည်ညိုဖို့ ကောင်းပါတယ်။ ဓာတ်ပုံသွားရိုက်ဖို့ အခန်းထဲမှာ ယောဂီတွေ ရှိမရှိကို ခဏခဏ သွားကြည့်ခဲ့ရတယ်။ တော်ကြာ ငရဲကြီးနေမှာလည်း ကြောက်ရသေး။ ဘုရားတရား လုပ်နေတဲ့သူကို နှောင့်ယှက်လို့မကောင်းဘူးလေ :)

ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်တဲ့ ဘုန်းကြီးနှစ်ပါးပါ။ မျက်မှန်တပ်ထားတဲ့ ဘုန်းဘုန်းက ကျောင်းထိုင်ပေါ့။ တရားပြတာကတော့ နှစ်ပါးလုံးပါပဲ။ ကလေးတွေ အတွက် ဗုဒ္ခဘာသာ ယဉ်ကျေးမှုသင်တန်းတို့ နောက်ပြီး လူကြီးတွေအတွက် ဓမ္မနဲ့ ပက်သက်တဲ့သင်တန်းတွေကိုလည်း အဲဒီ ဘုန်းဘုန်းနှစ်ပါးကပဲ တာဝန်ယူ ပို့ချပေးနေတာပေါ့။ တရားပွဲကတော့ အပတ်စဉ်ရှိတယ်လို့ သိရပါတယ်။

တကယ် ကြည်နူးစရာ မြင်ကွင်းပါ။ ဆွမ်းစားဆောင် လှူတဲ့သူတွေ တော်တော်လေး ကုသိုလ်ရပါတယ်။ နောက်ပြီး အလှူတွေထဲမှာလည်း အဆောက်အဦး အလှူဟာ အမွန်မြတ်ဆုံး မဟုတ်ပါလား။

တရားထိုင်တဲ့ အခန်းကို ရိုက်ထားတာပါ။ အထဲကိုတော့ ၀င်လို့မရပါဘူး။ အပြင်ဘက်ကနေပဲ ကြည့်ပြီး ပြန်ခဲ့ပါတယ်။ ခြေသံကိုလည်း တတ်နိုင်သမျှ ဖွဖွနင်းပြီး သွားခဲ့ရတယ်။

မုန့်ဟင်းခါးဆွမ်း ချက်တဲ့ ကိုမိုးကြီး နှင့် သူ့မဟေသီပေါ့။ သူတို့က Doncaster မှာနေကြတယ်လေ။ ကျွန်တော်သွားတုန်းကလဲ အဲဒီမှာပဲတည်းခဲ့တာပေါ့။ အရမ်းသဘောကောင်းတဲ့ လူကြီးပေါ့ဗျာ။

ဘုန်းဘုန်းမှာ ဆီးချိုရှိမရှိတော့ မသိဘူး။ ရုပ်တည်ကြီးနဲ့ အချိုပွဲကပ်နေတာပါ။
ဘယ်ကလူလဲတော့ မသိပါဘူးဗျာ။

ကျွန်တော့ကို ကားနဲ့ လျောက်ခေါ်သွားပေးတဲ့ ကိုသန်းအေးပေါ့။ မသိရင် ဓာတ်ပုံထဲမှာ သူကပဲ ဘုန်းဘုန်းကို ဆုံးမနေသလိုလို ဘာလိုလိုနဲ့ပေါ့။ သူလည်း အညာသားလေးပါပဲ။

ယောဂီတွေ ပြီးသွားတော့ သူတော်ကောင်းတွေ အလှည့်ပေါ့ :P ကိုမိုးကြီးလက်ရာကတော့ ကောင်းမှ ကောင်းပဲ။ ပဲခူးမုန်ဟင်းခါး လက်ရာပေါ့။ အဲဒီမှာ သုံးရက်လောက် မုန့်ဟင်းခါးစားလိုက်ရတယ်။ အကြော်တွေရော ငါးဖယ်တွေရော စုံလို့ပါပဲ။ နောက်ပြီး မုန့်ဟင်းခါးက ငါးခူတွေအများကြီးနဲ့ချက်တော့ ပိုလို့တောင် ကောင်းနေပါတော့တယ်။

ဘုန်းကြီးကျောင်းက မီးဖိုချောင်ပေါ့။ တကယ်ကို သပ်သပ်ရပ်ရပ်ရှိပါတယ်။ ကပ်ပိယကြီးလည်း တကယ်ကိုတော်ပါတယ်။ သူတယောက်တည်း အားလုံးက တာဝန်ယူ လုပ်ပေးရတာ လွယ်တော့ မလွယ်ဘူး။ လန်ဒန်က ဘုန်းကြီးကျောင်းတွေကျတော့ အပြင်လူ တစ်ယောက်မဟုတ် တစ်ယောက်က အမြဲလိုလို ရှိနေတတ်တော့ သိပ်မပင်ပန်းဘူးပေါ့။ သူခမျာမှာတော့ မသက်သာရှာဘူး။ ဒါပေမဲ့ ကုသိုလ်ကတော့ အများကြီးရပါတယ်။

နေ့လည်စာကို ဘူဖေး စနစ်နဲ့ပဲ ကျွေးတယ်။

ထမင်းစားပြီးရင် အချိုပွဲမှာ ကြိုက်တာတွေထည့်စားသွား။ ဒါလည်း ဘူဖေးပဲပေါ့။

ဘုန်းကြီးကျောင်းရှေ့မှာ သုံးယောက် အမှတ်တရ

ဟိုအရင်နေ့တွေက ဓာတ်ပုံတွေ တင်လို့မရဘူး။ ပြဿနာက ... ရိုက်လာတဲ့ ဓာတ်ပုံ original အတိုင်းတင်လိုက်တာ။ Error ပြပါလေရော။ ဒါနဲ့ အခု ပုံတွေကို ဆိုဒ် နဲနဲသေးပြီး တင်လိုက်တော့ မှ အိုကေသွားတယ်။ ဒါလည်း အတွေ့အကြုံတစ်မျိုးပဲ မဟုတ်ပါလား။ [ ဖိုးချမ်း ... မင်းကတော့ ဖြစ်ရမယ်။ ]

Comments

  1. တကယ် ကြည်ညိုစရာ ကောင်းတယ်ဗျာ။

    ReplyDelete
  2. ဘုန်းကြီးကျောင်းကအတော်လေးသပ်ရပ်တယ်နော်။ ကုသိုလ်ကောင်းမှုတွေလုပ်လာတဲ့မောင်ချမ်းအရှုပ်တွေမြန်မြန်ရှင်းပါစေနော်.
    ၃ယောက်ပုံထဲကရှေ့ဆုံးကမင်းသားလား။ ဆံပင်ကဒွေးကေနဲ့လေ။

    ReplyDelete
  3. ကုသိုလ်ကောင်းမှု ... ဟိဟိ သူများကြားရင် အထင်တွေကြီးနေပါဦးမယ်။ အဲဒီဘုန်းကြီးကျောင်းက အသပ်ရပ်ဆုံးနဲ့ အကြီးဆုံးပဲ အစ်မ။

    ရှေ့ဆုံးက မင်းသားမဟုတ်ဘူးအစ်မ ... လူကြမ်းလေးပါ :P

    ReplyDelete
  4. CMS ရေ .. ပုံတွေကြည့်ပြီး ကိုယ်ပါရောယောင်ရောက်သွားတဲ့ အတိုင်းပါပဲ။ အခုလို ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသအကြောင်းကို ပုံလေးတွေနဲ့တွဲပြီး Post လေးတွေ တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဗျာ။

    ReplyDelete
  5. ဟုတ်ကဲ့ ကိုတိုး၊ ကိုမျိုးကျော်ထွန်း

    ရပါတယ်ခင်ဗျာ နောက်ထပ်တင်ဖို့လည်း ကျန်ပါသေးတယ် ပေါ်တွေပြန်ပြီး ဆိုဒ် ချုံ့နေရလို့ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။

Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်