Skip to main content

Colindale ဘုန်းကြီးကျောင်းသို့ နောက်တစ်ခေါက်

မနေ့ညနေက ဘုန်းကြီးကျောင်းကို သူငယ်ချင်းတစ်ယောက်နဲ့ ထပ်ရောက်ဖြစ်တယ်။ ဒီတစ်ခါတော့ ကျောင်းထိုင်နဲ့ပါတွေ့လိုက်တယ်။ ဘုန်းဘုန်းက သဘောကောင်းတယ်။ ဘုန်းကြီးကျောင်းဆောက်ဖို့ ကိစ္စလူကြီးတွေဆွေးနွေးကြတယ်။ အဆင်တော့ မပြေသေးဘူး။ ဒီလို့ပဲ ဖြည်ဖြည်းနဲ့တော့ အဆင်ပြေသွားမှာပါ။

ဘုန်းဘုန်းက ဗုဒ္ဓနေ့ စာအုပ်ထုတ်ဖို့ ပြောတယ်။ မျက်နှာဖုံးဒီဇိုင်းတွေဆွဲပေးရမယ်တဲ့။ ကုသိုလ် ယူချင်သူ Designer များ ဆက်သွယ်ပါ wink အခုချက်ချင်းကြီးတော့ မဟုတ်သေးပါဘူး။ အစ်ကိုကြီး ကိုတိုးကတော့ ကူညီမယ်လို့ ပြောထားပါတယ်။ လုပ်ဖို့က လိုတော့ လိုပါသေးတယ်။ ကြိုပြီးပြောထားတာပါ။

ဒါနဲ့ စကားမစပ်ဗျာ။ ကျွန်တော့်မှာ Font တွေလိုနေတယ်ဗျာ။ ရှိတဲ့သူများ ကူညီပါအုံး။ လိုချင်တဲ့ Font က ကျုံးမြို့ရိုးတို့ ဘုရား ၂၄ ပစ္စည်းတို့ပါတဲ့ Font တွေပါ။ ဘယ်မှာမှ ရှာမရလို့ ဒီမှာ ရေးပြီး အကူအညီ တောင်းရတာပါ။ ရှိတဲ့သူများ ကူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီနေ့ တော်တော်ပင်ပန်းနေပြီ razz အချိန်လည်း မစောတော့ဘူး။ အီပိတ် ... အိပ်ပြီဗျာ။

Comments

  1. Anonymous4:46 pm

    Tell me exactly what kind of font do you need, I'll find out for you and mail to you as attachment files.

    ReplyDelete
  2. Especially, I do need the font that include symbols like moat, pagoda and LawKaNat. But unfortunately, I don't remember the exact font name.

    ReplyDelete
  3. Don't worry for it. I have those fonts with me.

    KO TOE

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။