ဟိုက် ဒီဓာတ်ပုံကျတော့ တင်လို့ရနေပါလား။ ကဲ .. တင်တယ်ကွာ။ ငါရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကျတော့ File Error တက်နေတယ်။ ကြည့်ရတာ ပုံတွေကို ပြန်ပြင်ရဦးမယ်နဲ့တူတယ်။ ထားပါလေ နောက်မှ လုပ်တာပေါ့။
ပုံကတော့ အလွင့်ပဲကွာ (ဆံပင်တွေ)။ မောင်မျိုးအောင်လေး မင်းကို ပုံတွေအတွက် ကျေးဇူးပဲလို့ မပြောတော့ဘူးကွာ။ မင်းကို မေးလ်ကနေလည်း ပြောပြီးပြီ :P
ဒါဘယ်နေရာလို့လဲ အတိအကျမပြောဘူးနော်။ မသိရင် ဥာဏ်စမ်းလုပ်ထားတယ်လို့ ထင်စရာပဲ။ အဲဒီလိုပြောတော့ ငါ သိလားဆိုတော့ ငါလည်း မသိဘူး :P
တော်တော်များများက ငါသိပြီးသားလူတွေပါ။ မသိတဲ့သူတွေနှင့် နည်းနည်းကြည့်မရတဲ့သူတွေလည်း ပါလာသေးတယ် ဟာဟ ထားပါလေ အရေးမကြီးပါဘူး
ဓာတ်ပုံတိုင်းကိုကြည့်နေတာ အဲဒီလက်နှစ်ချောင်းထောင်တာတွေ တော်တော်များများတွေ့တယ်။ ဘာလဲဟင် ... အခု ဓာတ်ပုံလောကမှာ Format ချထားတဲ့ အတိုင်းပဲနော် ... ကင်မရာရှေ့ရောက်တာနဲ့ လက်နှစ်ချောင်းက Auto ထောင်သွားတာလား ဟင် :D လောက်လေးဂွ လိုလို ငြိမ်းချမ်းရေးသင်္ကေတ လိုလိုနဲ့ ဟာဟ
ဒီ ဓာတ်ပုံကြည့်ရတော့ ငါလည်း အလွမ်းပြေတာပေါ့ကွာ။ အင်တာနက် အခက်အခဲတွေ ရှိတဲ့ကြားထဲကနေ ပို့ပေးတဲ့အတွက် ဘယ်လိုကျေးဇူးတင်ရမှန်းမသိပါဘူးကွာ။ ပြန်လာရင်တော့ ဘာရီ တိုက်မယ် :P (မင်း မကြိုက်ဘူးမလား) ဒါပေမဲ့ မင်း ဓာတ်ပုံဆရာကို ဂြိုလ်ကြည့် (မသိလျင် ထရိုက်မည့်ပုံစံ) ကြည့်နေတာတော့ မကောင်းဘူးပေါ့ကွာ ဟားဟား
[ မင်းတို့ ရုပ်လေးတွေ အင်တာနက်ထဲက ဓာတ်ပုံမုန်တိုင်းတွေထဲ ပါသွားမှာစိုးလို့ Watermark ထည့်ထားတာနော် တစ်မျိုးမထင်နဲ့ ]

CMS ရေ .. မန္တလေးသူတွေ ကြည့်ရတာ တော်တော် အစားအသောက်ပျက်နေပုံရတယ်။ :P
ReplyDeleteဟိုအရှေ့က မောင် ကလည်း ဆောင့်ကြောင့်ထိုင်ပြီး “ကီ” သွင်းနေတာလား “အီး၊ အီး” ပါချင်နေတာလားတော့ မသိဘူး၊ မျက်နှာတော့ ရှုံမဲ့နေတာပဲ။ :P
ပျော်စရာတော့ ကောင်းမယ့်ပုံပါပဲ။ ငါလည်း ဒီပုံကြည့်ပြီး ငါ့ DCD က သူငယ်ချင်းဟောင်းတွေကို သတိရတယ်ကွာ။ :)
ဟားဟား မန်းလေးသူတွေ အစားအသောက် စားတာကတော့ သိတဲ့အတိုင်းပဲ ဟဲဟဲ
ReplyDeleteကိုတိုးပြောတဲ့ လူက ကျွန်တော့်သူငယ်ချင်းကြီး "သက်ကြီး" ပါ အသက်ကြီးလို့ သက်ကြီးခေါ်တာဟုတ်ဘူးနော် နာမည်မှာ သက်ပါလို့ ဟားဟား
သူက မတ္တရာကပါ။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက မတ္တရာနယ်က ဗိုလ်ချိုဆိုတာ သူ့ရဲ့ ၁၅ ၀မ်းကွဲမြောက် ဘကြီးပေါ့ :P
သူတို့ကတော့ အဲဗား ပျော်နေကြတာပါပဲ။ ခရီးထွက်တဲ့ အခါပေါ့ :) DCD ဆိုတာ ၈၃ လမ်းပေါ်ကထင်တယ် ဟုတ်လား။
DCD က ၈၂ လမ်း နဲ့ ၃၄ ၃၅ ကြားမှာပေါ့ ဗျာ။ ဆိုင်ကတော့ Computer ဆိုင်နဲ့မတူဘူး ကာရာအိုကေ ဆိုင်လေးလိုလို ဘာလိုလိုပေါ့ .. ထွေနေတဲ့ လူတွေဆိုရင် “သီချင်းဆိုချင်လို့” ဆိုပြီး ဆိုင်မှားဝင်လာတတ်ကြတယ်။ :P (မှတ်ချက်။ ။ KMD က ဆရာဦးသောင်းတင် ကြားရင်တော့ သူ့ဆိုင်အကြောင်း အကောင်းပြောရလားဆိုပြီး မျက်မှန် နဲ့ ချွတ်ပေါက်လိမ့်မယ်) အခု မြန်မာပြန်မပြန်ဖြစ်တာ ၃ နှစ်ကျော်ပြီဆိုတော့ အရင်လိပ်စာအတိုင်းပဲလား ဆိုတာကိုတော့ မသိပါ။ ပြောသာပြောရတယ် DCD ပိုင်ရှင် KMD ဦးသောင်းတင်ကတော့ ကြော်ငြာခ ပေးရင် အကောင်းသား။ :P
ReplyDelete၁၅ ဝမ်းကွဲဆိုတော့လည်း ဆွေမျိုးတော်တော် နီးစပ်တာပဲ။ :P :)