စားရကံပါလို့ မုတ်ဆိတ်ကျားဆွဲတယ် .. အဲလေ ..ပျားဆွဲတယ် ပြောရမလားပဲ ဟိဟိ ဒီနေ့ ဘေးအခန်းက အသိတစ်ယောက်က ထမနဲလာပေးတယ်ဗျာ။ Wembly ဘုန်းကြီးကျောင်းမှာ ဒီနေ့ထမနဲပွဲရှိလို့ ယူလာတာတဲ့။ ကျွန်တော်တော့ သိတောင်မသိဘူး။ ကိုယ့်ဘာသာကိုယ် စာလုပ်နေတာ (အကြောင်းပြတာ ) ဓာတ်ပုံတော့ရိုက်ပြီး ဒီမှာတင်ချင်ပါရဲ့ ဒါပေမဲ့ ကျွန်တော်မျိုးဘလော့က အခုတော့လည်း လည်ပင်းကို နှစ်ပိသာအလေး ချိတ်ပေးထားသလို လေးနေတာကြောင့် မတင်တော့ဘူး။ စားချင်တဲ့သူများလည်း သရေကျခြင်း ဒုက္ခမှ ကင်းဝေးသွားတာပေါ့ ထမနဲက ကောင်းတော့ ကောင်းတယ်ဗျ ဒါပေမဲ့ မန်းလေးက ဒေါ်ရှိ ထမနဲကိုတော့ မမှီဘူး။ ၈၂ လမ်း ၃၃နှင့် ၃၄ ကြားကလေ။ မစားဖူးရင် သွားစားကြည့်။
( ဟင်း ... ကိုယ့်ဘက် ကိုယ်ယက် ကိုယ့်ငါးချဉ် ကိုယ်ချဉ် နေပြန်ပြီ )
သူများတွေ မပြောခင် ကြိုပြောထားတာ
သူများတွေ မပြောခင် ကြိုပြောထားတာ
“ထမနဲ” လား “နှမ်းမနဲ” လားတော့ စာလုံးပေါင်းမသိတော့ .. ဒါပေမဲ့ .. နဲတာတော့ နဲတာပဲ သိတယ်.. အဲ့ဒိ ဒေါ်ရှိ ဆိုင်ကတော့ အတော့်ကို နဲတာ .. (အဲ ယောင်လို့) .. အတော့်ကိုကောင်းပါ့ဗျာ .. CMS ပြောသလို မစားဘူးရင် သွားစားကြည့်ကြပါ .. (ဒေါ်ရှိရေ ကြေငြာခလေးတော့ ပေးပါ :D)။ ရေးရင်းနဲ့ သရေကျချင်လာပြီ။ :D :P
ReplyDeleteမရောက်တာတောင်ကြာပြီ။ ဘလော့ဂ်ဒီဇိုင်းက ရေလည်မိုက်တယ်။ ထမနဲကတော့သိပ်မကြိုက်ဘူးဗျ။ ကြုံရင်တော့သွားစားဦးမှ။
ReplyDelete# ကိုတိုး
ReplyDeleteဒေါ်ရှိက နှစ်မျိုးလုံးထင်တာပဲ ဟိဟိ
၃ ရက်နေ့ကျရင် ထမနဲပွဲရှိသေးတယ်ဗျ
# ကိုဝေဖြိုး
ဟုတ်တယ်ဗျာ မတွေ့တာကြာပြီ
အားလုံးအဆင်ပြေတယ်မလား
မန်းလေးရောက်ရင် သွားစားကြည့်
ဆွေမျိုးမေ့သွားမယ် :)