သွားမယ်သွားမယ်နဲ့ မရောက်သေးဘူး။ တစ်ခါကတော့ ရောက်ပါရဲ့ လူတွေ အရမ်းများနဲ့လို့ စိတ်ညစ်ညစ်နဲ့ မတက်ဖြစ်ခဲ့ဘူး။ အခုလည်း မတက်ရသေးပါဘူးလေ။ အင်တာနက်ထဲက ဓာတ်ပုံတစ်ပုံတွေ့တော့မှ သွားချင်စိတ်ပေါက်ပေါက်နေပြန်ရော။ ဓာတ်ပုံမှာပါတဲ့ View ကတော့ တော်တော်လေး လှတယ်။ လန်ဒန်ကို BirdEyeView နဲ့ကြည့်ရတာ မိုက်တယ်။ တကယ် သေသေချာချာကြည့်တော့လည်း ရှေးမြို့ကြီးတစ်မြို့ပါပဲလေ။ ဘာမှတော့ သိပ်မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာမှာ ဆိုရင် မန်းလေးက နန်းမြင့်မျှော်စင်တို့ မေမြို့က မျှော်စင်တို့နဲ့ သိပ်တော့မကွာပါဘူးလေ။ ရှူ့ခင်းပဲ ကွာတာပေါ့ :)
ဓာတ်ပုံကြည့်လိုက်ရင်ကိုပဲ တော်တော်လေး အားပါးတရ ရှိသွားလိမ့်မယ်လို့ထင်ပါတယ်။ ဒီမှာတင်ထားတာပေါ့ ပုံအသေးပါ။ Orginal Size က 3000x2000 ရှိပါတယ် :) ( လိုချင်ရင် ပုံအသေးကိုသာ Click လိုက်ပါ )Wallpaper လည်း လုပ်လို့ရတာပေါ့။ 2in1 ဆိုတာ ဒါမျိုးပေါ့နော်။ ရှူ့ခင်းလည်း ကြည့်လို့ရ ကွန်ပျူတာအတွက်လည်း သုံးလို့ရ။ ဒီ့ထက်ဂွတ်တာတောင် ဒီလောက်ဂွတ်မှာ မဟုတ်ဘူး။ သြော် ဒါနဲ့ သူ့ဆိုဒ်က ဒီမှာပါ [ LondonEye ]
[ စကားမစပ် ... စီဘောက်စ် Error တက်နေလို့ MESSAGE ဆိုပြီး Window အသစ်နဲ့ လုပ်ထားပါတယ်။ ပြောစရာရှိခဲ့ရင် အဲဒီ Window ကိုလာပြီး ပြောနိုင်ပါတယ်ခင်ဗျာ ]
Comments
Post a Comment
Thanks for your comment.