ရှာဖွေလေ တွေ့ရှိလေ အစီအစဉ်အရ ဒီပုံလေးကို သွားတွေ့တယ်။

အခု အဲဒီဖောင်တော်ကြီးကတော့ မန်းလေး ကန်တော်ကြီးထဲကို ရောက်ရှိသွားပါပြီ။ ဘာကြောင့် ရွှေ့လိုက်တယ်ဆိုတောတော့ ကျွန်တော်လည်း မသိပါဘူး။ အမြင်ချင်းကတော့ တော်တော်ကွာသွားပါတယ်။ ဆိုင်ကတော့ ကျုံးထဲမှာ ထားတုန်းကလောက်တော့ ရောင်းမကောင်းတော့ဘူးပေါ့။ ကန်တော်ကြီးထဲ ရောက်သွားတော့လဲ တစ်မျိုးတော့ လှနေတာပါပဲ။ မန်းလေးတောင်ကြီးကို မြင်ရတဲ့ရှူ့ခင်းကတော့ မရှိတော့ဘူးပေါ့။ တစ်ခုကောင်းတာကတော့ ကန်တော်ကြီးဘက်က ဧရာဝတီမြစ်ဘက်နဲ့လည်းနီးတော့ လေကောင်းလေသန့်တွေ ရတာပေါ့။ လတ်ဆတ်တဲ့လေနုအေးလေးတွေ ရှူရှိုက်ရင်း ပြည်ကြီးမွန်ရဲ့လက်ရာတွေကို ခံစားနိုင်တာပေါ့။ ကြော်ငြာတာမဟုတ်ဘူးနော် :P
ရှူ့ခင်းကတော့ တော်တော်လေးကောင်းတယ်။ ကန်ရေပြင်ကြီးပေါ်မှာ မို့လားမသိ
ကန်ထဲမှာ စက်လှေတွေလည်း ထားပေးထားတယ်တဲ့။ စီးတော့ မစီးဘူးသေးပါ။ တော်တော်များများတော့ လာကြသည်။ လာတဲ့သူတွေက နှစ်ယောက်အများဆုံးပဲ ဟိဟိ 


အဝေးကြည့်ကြည့်၊ အနီးကြည့်ကြည့်၊ မလှမ်းမကမ်းကပဲ ကြည့်ကြည့် လှတယ်နော် 

Comments
Post a Comment
Thanks for your comment.