Skip to main content

ရည်စူးကုသိုလ် ရစေလို

မနက်ဖြန် ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်ဖို့ ဒီနေ့ည ဆွမ်းဟင်းချက်နေတယ်။ ကိုယ်တိုင်ချက်လားဆိုတော့ ပြောလို့လည်း မရဘူးဗျ။ အစ်မကို ကူပေးရင်း ချက်နေတာပေါ့။ ဆွမ်းဟင်းကို ပြောတာနော် :P မနက်ဖြန် ကျွန်တော်တို့ရဲ့ အဘ ဆုံးတာ ၁၀ နှစ်ပြည့်ဆိုတော့ အဘအတွက် ရည်စူးပြီး နေ့ဆွမ်းသွားကပ်ကြဖို့ လုပ်နေတာပါ။ အဘ ဆိုတာကတော့ ကျွန်တော့်တို့အတွက် အရမ်းကို ကျေးဇူးရှိခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပေါ့။

ဆွမ်းကပ်ဖို့ ဟင်းချက်နေရင်း ကျွန်တော့်အသိ အစ်ကိုကြီး ကိုသန်းအေး ပြောပြသွားတဲ့ စကားလေးကို သတိရမိတယ်။ "ညီလေး ... ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာ စိတ်ထဲမှာ လောဘစိတ်မရှိရဘူးတဲ့။ ကိုယ်က တစ်ခုခုရချင်လို့ (ဥပမာ ... ဒါကို လှူရခြင်းအကျိုးအားကြောင့် ချမ်းသာရပါလို၏) ကုသိုလ်ကောင်းမှု ပြုတယ်ဆိုရင် ကုသိုလ် မရရင် ငရဲက အရင်ရနေပြီတဲ့။ ဘာစိတ်မှာ မထားဘဲ လှူပြီးတော့မှသာ သတ္တ၀ါတွေ အားလုံးအတွက် အမျှဝေလိုက်ပါတဲ့။ အဲဒါကုသိုလ် အရဆုံးပဲတဲ့"

တကယ်တမ်း စဉ်စားကြည့်တော့ ကျွန်တော် အဲဒီစကားကို မသိခဲ့ခင် အချိန်အထိ ကုသိုလ်ကောင်းမှု ပြုခဲ့တာတွေဟာ လောဘတွေပါလားဆိုတာ စဉ်ခြင်မိလာတယ် idea တစ်ခုခုလိုချင်လို့ ပြုခဲ့တဲ့ ကုသိုလ်တွေက တော်တော်များနေတယ်။ အခုကိစ္စမှာလည်း ကျွန်တော့်အဘ ကောင်းရာ မွန်ရာဖြစ်ဖို့အတွက်ပဲ ရည်ရွယ်တယ်။ ကိုယ် ဘာဖြစ်ပါစေ ညာဖြစ်ပါစေ အတွက် ဘာမှ မစဉ်းစားတော့ဘူး။ လှူပြီးတော့မှ အဘအတွက် ဆုတောင်းပေးရင်း သတ္တ၀ါတွေကိုပါ အမျှပေးဝေလိုက်တော့မယ် biggrin

စာကြွင်း # ထိုစကားလေးသည် ကိုသန်းအေးအား ဘုန်းတော်ကြီးတစ်ပါးမှ ဟောပြောသွားခြင်းဖြစ်ပါသည်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။