Skip to main content

Happy New Year

နှစ်သစ်မနက်ပိုင်း ဖုန်းဆက်လို့မရတာကလွဲရင် ကျန်တာအားလုံးအဆင်ပြေတယ်။ တော်တော်ဆိုးဝါးတဲ့ ဖုန်းလိုင်းတွေပဲ။

နှစ်သစ်အတွက် ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

ဒီနေ့ ဒီမှာ ထူးထူးခြားခြား နေရောင်တွေဘာတွေမြင်နေရလေရဲ့။ နှစ်သစ်မို့လို့လားတော့ မသိဘူး။ ရာသီဥတုကတော့ အအေး နဲနဲပေါ့သွားပြီ။ မနေ့ည ၁၀နာရီလောက်ကတော့မြို့ထဲကိုရောက်သွားသေးတယ်။ အစကတော့ မြစ်ဘေးကို သွားမလို့ဘဲ။ မမှီတော့တာနဲ့ မြို့ထဲမှာပဲ နယူးရီးယားကျလိုက်တော့တယ်။ စည်ကားနေတဲ့ လူအုပ်ကြီးကိုမြင်တော့ မန်းလေးကျုံးဘေး နယူးရီးယားညကို အရမ်းသတိရမိတယ်။

Comments

  1. ဟုတ်တယ်ဖိုးချမ်းရေ ..နှစ်သစ်ကူးမနက်မှာ လုံးဝ ဖုန်းခေါ်လို့ မရဘူးဗျ ..အိုကေ ဖိုးချမ်းရေ ..ပျော်ရွှင်ပါစေနော် ..နှစ်သစ်နဲ့ အတူပေါ့ဗျာ ..

    ခင်မင်ရင်းနှီးစွာနဲ့ ..

    ReplyDelete
  2. ဟုတ်တယ်ဗျာ ... လက်ညောင်းတာပဲ အဖတ်တင်တယ်

    ပျော်ရွှင်ဖွယ်နှစ်သစ်ပါ ကိုငြိမ်းချမ်း

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။

eBook : သီပေါမင်းပါတော်မူ အရေးတော်ပုံ - အမျိုးသားပညာဝန် ဦးဖိုးကျား

Download
သီပေါမင်းပါတော်မမူမီနှင့် ပါတော်မူပြီးခါစ နိုင်ငံအခြေအနေ ... ပါတော်မူရခြင်း အကြောင်းအရင်းတို့ကို နိုင်ငံခြားသားတို့က မဟုတ်မမှန် ဖော်ပြရေးသားထားမှုများအား အမျိုးသားပညာဝန် ဦးဖိုးကျားက တုံ့ပြန်ချေပထားသော စာအုပ်

Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe