Skip to main content

ASEAN Flowers

ASEAN နိုင်ငံတွေကို ကိုယ်စားပြုတဲ့ ပန်းတွေပါ။ အခုချိန်မှာတော့ အပုံဆုံးက ကျွန်တော့်ကို တော်တော်ဖမ်းစားနိုင်ပါတယ်။ သတိလည်း ရအောင်လည်းလုပ်ပါတယ်။ ကိုယ့်ဘက်ကိုယ် ယက်တာတော့မဟုတ်ဘူး ... ပန်းတွေထဲမှာ ပိတောက်က အလှဆုံးပဲ။ သူငယ်ချင်းတို့ရော ... ဘယ်လိုမြင်လဲ (မျက်စိနဲ့မြင်ပါတယ်လို့တော့ မလုပ်နဲ့နော်) ဘယ်ပန်းပိုလှလဲလိုပြောတာပါ :) အခုချိန်ဆိုရင် မြန်မာပြည်မှာလည်း သင်္ကြန်ရောက်ခါနီးဆိုတော့ ပိတောက်တွေ ပွင့်ရောပေါ့။ တစ်ချို့လမ်းလေးတွေထဲ ဖြတ်သွားရင် ပိတောက်ရနဲ့လေးတွေ ရှူရှိုက်လိုက်မိတဲ့ အရသာကလည်း တစ်မျိုးပဲ။ သင်္ကြန်နဲ့ပိတောက် ပိတောက်နဲ့ သင်္ကြန် ... အာ .. ဘာတွေမှန်း မသိတော့ဘူး။ ရှင်းရှင်းပြောရရင် သင်္ကြန်ကို လွမ်းနေတယ် :) နောက်လထဲမှာ ဘုန်းကြီးကျောင်းမှာတော့ သင်္ကြန်ပွဲရှိတယ်။ သီချင်းတိုက်သူများကလည်း အခုကတည်းက ကြိုတင် တိုက်နေကြလေရဲ့ (ဘယ်သူလဲလို့ မမေးရဘူးနော် ... သူငယ်ချင်းတစ်ယောက်ပါ) အရေးထဲ ဘုန်းကြီးဝတ်ခိုင်းတဲ့ သူတွေကရှိသေး။ အေးရတဲ့ကြားထဲ ကတုံးနဲ့တော့ မနေပါရစေနဲ့။ စကားမစပ် ဒီမှာ အခု ပန်းတွေပွင့်နေတာ အရမ်းလှတယ်ဗျာ ... Summer ကို ကြိုနေပြီလေ။ ဘာပန်းတွေလဲတော့ မသိဘူး .. ဟိဟိ .. နောက်နေ့မှ လိုက်မေးပြီးတော့ ပြန်ပြောပြမယ်။ ကဲ ... ASEAN Flower လေးတွေ ရှူ့စားလိုက်ပါဦး။

Padauk-Myanmar
Padauk - Myanmar
Hibiscus-Malaysia
Hibiscus - Malaysia
Vanda Miss Joaquim - Singapore
Vanda Miss Joaquim - Singapore
Simpor - Brunei Darussalam
Simpor - Brunei Darussalam
Sampaguita Jasmine-The Philippines
Sampaguita Jasmine - The Philippines
Rumdul - Cambodia
Rumdul - Cambodia
Ratchaphruek - Thailand
Ratchaphruek - Thailand
Moon Orchid - Indonesia
Moon Orchid - Indonesia
Lotus - VietNam
Lotus - VietNam
Dok Champa - Lao PDR
Dok Champa - Lao PDR

Comments

  1. Anonymous10:04 pm

    ထိုင်းက ငုဝါပန်းထင်တယ်နော် အစ်ကိုဖိုးချမ်း ..
    ဗဟုသုတ ဖြစ်ဖွယ်ပါပဲဗျာ ..ပိတောက်ပန်းကတော့ တော်တော်လှတယ်နော် .. သင်္ကြန်ကို လွမ်းတယ်ဗျာ ..

    ReplyDelete
  2. ya bro: I miss mdy thingyan as well.

    ReplyDelete
  3. Anonymous2:48 pm

    ကိုချမ်း။ ကိုယ်စားပြုဆိုတာ ဘယ်လိုလဲ။ မြန်မာက သဇင်ပန်းလားလို့ ။ ထိုင်းက သစ်ခွလားလို့ ။ ဒါမှမဟုတ် လူတွေ ချစ်တဲ့  ပန်းတွေကို ပြောတာလား...

    ReplyDelete
  4. နိုင်ငံကိုယ်စားပြု ပန်းတွေပါ အစ်ကို :)

    ReplyDelete
  5. Anonymous4:15 am

    ပိတောက်ပန်းပုံ လိုချင်လို့ google မှာ ရှာရင်း ရောက်လာတာပါ..ပို့စ်လေးတွေ တော်တော် သဘောကျမိပါတယ်ရှင်.. ပန်းတွေထဲမှာ ကျမတို့ရဲ့ ပိတောက်လေးက ချစ်စရာအကောင်းဆုံးပဲ နော်။
    (ora)

    ReplyDelete
  6. ပိတောက်ပန်းက လှလည်းလှသလို ကျက်သေရေလည်း ရှိတယ် :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

စမူ = ဇယ် = ရည်းစား = စော် = ချစ်သူ

မြန်မာစကားရဲ့ အရှုပ်တော်ပုံလေးတွေကို နည်းနည်းစဉ်းစားမိပြီး ရေးမိတာပါ။ ပြီးတော့ ၈တန်းတုန်းက အင်္ဂလိပ်စာသင်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ဟာလေးကိုလည်း သွားပြီးသတိရမိလို့ပါ။ အဲဒီဆရာကြီးက မန်းလေးရေစစ်ကန်နားလေးမှာနေတယ်။ သူပြောတာက ဘာလဲဆိုတော့ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေးတွေကို ခေါ်ဝေါ်သုံးစွဲပုံလေးပါ။ ဒီခေတ်မှာတော့ ကိုယ့်ရည်းစားကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းလေးကတော့ "စော်" တဲ့ ... အင်း ... ခေါ်ရတာတော့ တော်တော် ကသီးကအောက်နိုင်ပါတယ်။ [ ဟေ့ကောင် .. ငါ့စော်ကို တွေ့မိလား ... ကျွန်တော်တို့ ယောက်ျားလေးတွေ အချင်းချင်း မေးလေ့မေးထရှိကြတဲ့ စကားတွေပါ] အင်း ... သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကြားရတဲ့သူအတွက်လည်း ကသီးကအောက်နိုင်လွန်းလှပါတယ်။ ကျွန်တော့်ဆရာကြီးပြောတာကတော့ ဆန်းတယ်ဗျ ကျွန်တော်လည်းမကြားဘူးဖူး ... ဟီးဟီး။ သူတို့လူပျိုတုန်းက "စော်" အစား "စမူ" လို့ခေါ်တာတဲ့ အဲဒီကမှတဆင့် "ဇယ်" ဆိုတာဖြစ်လာတယ်တဲ့ ပြီးတော့ မင်းတို့ ခေတ်ရောက်မှ ရည်းစား ... အဲဒီကမှ "စော်" ဆိုတာကြီး ဖြစ်သွားတာတဲ့။ တော်တော်တော့ စဉ်းစားကြည့်သေးတယ်ဗျ ဘာလို့ "စမူ" လို့ခေါ်သလဲပေါ့ ဟီးဟ...

ကျွန်တော်ရဲ့ ရှူ့ခင်းဓာတ်ပုံ

မရေးဖြစ်တာကြာပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ဘလော့လေးကို ဒီရှူ့ခင်းပုံလေးနဲ့အတူ ဒီနေ့ဖုန်သုတ်ပြီး ပြန်ရေးလိုက်ပါတယ်။ ကျွန်တော်တို့ဘလော့ရေးတဲ့သူတွေ တော်တော်များများ Facebook ပေါ်လာပြီးနောက်ပိုင်းမှာ ဘလော့ကိုဘယ်သူမှစိတ်မဝင်စားကြတော့သလောက်ပဲ။ Facebook ကလည်း စသုံးခါစကတော့ သုံးချင်စရာပါ။ ဟုတ်တာရော မဟုတ်တာရော အတင်းရော သတင်းရော စုံလှပါတယ်။ ဒါပေမဲ့ စိတ်ပျက်စရာတွေက ပိုများလာတော့ ကြော်ငြာလုပ်ရုံကလွဲလို့ သိပ်ပြီး မသုံးချင်တော့ဘူး။ ဒါနဲ့ပဲ မူလအစကို ပြန်လာဖြစ်ပါတော့တယ်။ ဒီဘလော့လေးကို ပစ်ထားတဲ့ကာလမှာ အများဆုံးလုပ်ဖြစ်တာက ဓာတ်ပုံရိုက်ခြင်းပါပဲ။ အဓိကကတော့ Street Photo တွေရိုက်ဖြစ်တယ်။ ဒီပုံကတော့ street ဓာတ်ပုံတွေလိုက်ရိုက်ရင်း ရှူ့ခင်းလေးလှလို့ ရိုက်ထားလိုက်တာ။ Lightroom သုံးပြီးတော့ ကာလာနည်းနည်းပြန်ပြင်ထားတယ်။ ဝေဖန်ပေးပါဦး :)