Skip to main content

သင်္ကြန် နှင့် ဘလော်ဂါများ

သင်္ကြန်မတိုင်ခင် ဘလော်ဂါတွေ အများကြီး ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ Contributor တွေပါဝင်ပြီး အုပ်စုလိုက်ရေးကြတဲ့ ဘလော့တွေကိုလည်း ပါဝင်ပါတယ်။ မြန်မာဘလော်ဂါတွေ အများကြီးပေါ်ထွက်လာတာ အားရစရာပါပဲ။ အင်တာနက်ကမ္ဘာထဲမှာ လည်စရာ ပတ်စရာနေရာတွေ များလာသလိုပေါ့။ မန်းလေးမှာလည်း ဘလော်ဂါသင်တန်းတွေ ရှိနေတယ်လို့ကြားပါတယ်။ သင်္ကြန်ရောက်ခါနီးတော့ သင်္ကြန်နဲ့ပက်သက်တဲ့ သတင်းတွေ ဓာတ်ပုံတွေကို မြင်ရ ဖတ်ရတော့လည်း စိတ်ထဲမှာ တစ်မျိုးပါပဲ။ FirstEleven Journal မှာလည်း သင်္ကြန်မတိုင်ခင် သင်္ကြန်နဲ့ ပက်သက်တဲ့ ဘလော့တစ်ခုကို လုပ်နေတယ်လို့လည်း သိရပါတယ်။

အခုဝင်ကြည့်သလောက်တော့ အဆိုတော်တွေ မင်းသား မင်းသမီးတွေနဲ့ ပက်သက်တဲ့ သတင်းတွေကိုပဲ တွေ့ရပါတယ်။ www.thingyan.blogspot.com မှာဝင်ရောက် ကြည့်ရှူ့နိုင်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော့်အထင် မန်းလေးကလူတွေ တော်တော်များများ ပါဝင်တဲ့ သင်္ကြန်ဘလော့တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ မန်းလေးပုံတွေကို တော်တော်များများ အဲဒီဘလော့မှာ တွေ့နိုင်ပါတယ်။ Contributor တွေလည်း အများကြီးပါပဲ။ ပျော်ပျော်ပါးပါး ဘလော့ကြတာပေါ့။ လိပ်စာကတော့ www.thin-gyan.blogspot.com ပါ။

သင်္ကြန်မတိုင်ခင် မိတ်ဆွေတွေကို လက်ဆောင်တွေ ပေးလိုက်ဦးမယ် :) ဘာတွေလဲဆိုတာ သိချင်ရင်တော့ အောက်က Linkတွေကိုသာ Click နှိပ်ကြည့်လိုက်ကြပါ။ ကျန်းမာ ပျော်ရွှင်ပါစေ။

ဓာတ်ပုံလက်ဆောင်

သီချင်း(သင်္ကြန်မိုး)ကို MP3 Download List တွင် ရယူနိုင်ပါတယ်

Comments

  1. ဘလော့တွေ အထွက်နှုန်းကတော့ မြန်ဆန်လွန်းလှတယ်။ ဘလော့ကာ သင်တန်းတောင် ပေးရတဲ့ အဆင့်တောင် ရောက်သွားမှတော့ ဘယ်လောက်ထိ တွင်ကျယ်လာသလဲဆိုတာ သိနိုင်တာပေါ့။ ခက်တာက .. အွန်လိုင်းပေါ်မှာ သင်္ကြန်ကျလို့မရဘူးလေ။ တယ်လီဖုန်းကြိုးမှာ ရေပါထွက်လို့ရတဲ့နည်းလေး ထွင်ပေးမဲ့သူရှိရင် အကောင်းသား .. အွန်လိုင်းမှာ သင်္ကြန်ကြလို့ရတာပေါ့ .. :D

    ReplyDelete
  2. မလုပ်ပါနဲ့ကိုတိုးရာ နားတွေရေ၀င်ပြီး ပင်းကုန်ပါအုံးမယ် :P မယုံမရှိနဲ့နော် ဘလော့သင်တန်းတွေ တကယ်ရှိနေပြီ :) ထိုင်းသင်္ကြန်ကတော့ တယ်ဂွတ်ဆိုပဲ

    ReplyDelete
  3. ကြည့်ရတာ ကိုချမ်းက သင်္ကြန်မှာ မြန်မာပြည်မှာ မရှိလို့ တော်တော်ကို မခံချိမခံသာဖြစ်နေပုံပဲ။ အရင်ကလည်း သင်္ကြန်မျာ တော်တော်ကဲခဲ့ပုံရတယ်။

    ReplyDelete
  4. ဗိုက်ထဲမှာ ဗေဒင်ဆရာများရှိနေသလား :P

    ReplyDelete
  5. ပန်းတောက်ပင်ကြီးအတွက် ကျေးဇူးပါပဲ ကိုချမ်းရေ။ ဟိုတစ်နေ့ကလဲ ကိုစစ်အိမ်က ပန်းတောက်ပန်း အနီးကပ်ပုံကို ပို့လိုက်သေးတယ်။
    ဒီမှာ နဲ့ ဒီမှာ နဲ့ ကြည့်ပါ။

    ReplyDelete
  6. Anonymous11:29 am

    http://www.4-gi.com/thingyan/

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS