Skip to main content

မန်းလေးမှာလည်း ပွတ်ကုန်ပြီ (DJ..DJ)

မန်းလေးမှာ ပထမဆုံး DJ (Disc Jockey) Concert ကို ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက်တိတိ ကျင်းပမယ်လို့ NativeMyanmar သတင်းများနှင့် ကျွန်တော်ရဲ့ ဆရာသမား ကိုတုံ ရဲ့ မန်းလေးသတင်းများအရ သိရပါတယ်။ မန်းလေးမှာလည်း တော်တော်လုပ်လာပြီပဲ။ ကျင်းပတဲ့နေရာက ရတနာပုံဈေးအပေါ်ထပ်မှာရှိတဲ့ Skywalk Shopping Mall မှာဖြစ်ပါတယ်။ မနှစ်က ဒီအချိန် အဲဒီထဲမှာ ဘာတွေရှုပ်လို့ ရှုပ်နေမှန်း မသိဘူး။ ရှုပ်နေတာတော့ သေချာတယ် :) ဒီအချိန်ဆို အဲဒီမှာ လူတွေ စည်ကားနေရောပေါ့။ မန်းလေးရာသီဥတုကလည်း ပူတော့ ဈေးဝယ်တာ မ၀ယ်တာ အသာထား၊ အေးတဲ့နေရာကို လာပြီး လျောက်၊ ပြန်၊ အသံပေး လုပ်တဲ့သူတွေလည်း ပေါမှပေါ =)) အခုပွဲက DJ တွေကတော့ အများကြီးပဲ။ အဲဒီပုံတွေကြည့်ပြီး HipHop တွေ အရမ်းဝါသနာပါတဲ့ ကျွန်တော့်သူငယ်ချင်း Alter (ရန်မျိုးအောင်) ကိုလည်း သတိရမိသေးတယ်။ သူလည်း ဒီလိုပွဲမျိုး ရောက်နေမှာ သေချာပါတယ်။


အမှတ်မထင် ကြည့်လိုက်ရင်တော့ မူလတန်းကျောင်းက မုန့်ဈေးတန်းလေးလိုပါပဲ :P
ဒီပုံကတော့ ကိုတုံ ရိုက်ထားတဲ့ပုံပါ။ ထပ်ပြီး ကြည့်ချင်သေးတယ် ဆိုရင်တော့ သူရဲ့ဘလော့ မှာသွားရောက်ကြည့်ရှူ့နိုင်ပါသေးတယ်။ မန်းလေး အလွမ်းပြေ ပုံတွေအတွက် ကျေးဇူးပါ ကိုတုံရေ


Skywalk က Aircon တွေ ပျက်ပြီး တော်တော်လေး ပူအိုက်နေပုံရပါတယ် :-?
ဒီပုံကတော့ ကျွန်တော့်ရဲ့ ဆရာသမား နောက်တစ်ယောက် ရိုက်ထားတာပါ။ သူလည်း အခု ဘလော့တွေ ရေးနေပါတယ်။ မန်းလေးသတင်းတွေ၊ မန်းလေးဓာတ်ပုံတွေကို အလွမ်းပြေ ကြည့်ခွင့်ရတဲ့အတွက် ကျွန်တော်ကတော့ အရမ်းဝမ်းသာတယ်၊ ကျေးဇူးလည်းတင်တယ်။ သူရိုက်ထားတဲ့ဓာတ်ပုံတွေကိုလည်း သူ့ရဲ့ဘလော့ မှာထပ်ပြီးကြည့်ရှူ့နိုင်ပါတယ်။

မန်းလေးအကြောင်း၊ မန်းလေးသတင်း၊ မန်းလေးဓာတ်ပုံတွေကို အမြဲလိုလိုဖော်ပြပေးနေတဲ့ အောက်ပါ Bloggerတွေကိုလည်း ကျေးဇူးတင်ကြောင်း တစ်ခါတည်း ပြောပါရစေ။

မောင်လှရဲ့ဒိုင်ယာရီ
ကိုဆန်းဦး
StevenAlexander
ကိုမျိုးအောင်
ကိုဇော်မိုးအောင်
ကိုဂျေ
ကိုနေကြီး

Comments

  1. Anonymous3:47 pm

    ကိုချမ်းမြစိုးရေ
    မပြောဘဲ မနေနိုင်လို့ တခုလောက်ပြောခွင့်ပြုပါနော်။
    တခြားတော့ မဟုတ်ပါဘူး။ ဒီဘလော့ရဲ့ ဘန်နာပေါ်က ကဗျာလေးနဲ့ ပတ်သက်လို့ ပြောချင်လို့ပါ။
    အဲဒီကဗျာလေးက မြန်မာတို့ရဲ့ ၁၂-လရာသီ မိုး ကဗျာထဲကပါ။
    အမှန်က …
    တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး။ ဖြစ်ပါတယ်။
    “သင်္ကြန်မိုး” ဇာတ်ကား ရဲ့ နောက်ဆုံး ဇာတ်ဝင်ခန်းမှာ အဲဒီကဗျာကို အခု ကိုချမ်းမြစိုး ဘန်နာပေါ်မှာ မြင်ရတဲ့အတိုင်း တန်ခူးမည်မွတ် .. ဆိုပြီး ရေးထားပါတယ်။
    မွတ်နဲ့ ဆွတ်မှ ကာရန်ညီမယ်ထင်ပြီး သင်္ကြန်မိုးထဲမှာ ပြောင်းရေးလိုက်ဟန် တူပါတယ်။ အဲဒါက လုံးဝမှားပါတယ် ကိုချမ်းမြစိုး။ တကယ်က ကာရန်ရဲ့သဘောအရ .. တ-သတ် (တ်) အချင်းချင်း ကာရန်ယူထားတာပါ။ မှတ် (တ်) နဲ့ ဆွတ် (တ်) ကို ကာရန်ယူထားတာ ဖြစ်ပါတယ်။
    အနန္တသူရိယအမတ်ကြီးရဲ့ မျက်ဖြေလင်္ကာမှာလည်း အဲဒီပုံစံကိုတွေ့နိုင်ပါတယ်။
    “ကြင်နာသနား၊ ငါ့အား မသတ်၊ ယခုလွှတ်လည်း …”
    သတ်-နဲ့ လွှတ် ကို ကာရန်ယူထားတာပါ။ နောက်လူတွေ အမှတ်မမှားရအောင် ခုလို ရှည်ရှည်ဝေးဝေး ရှင်းပြရခြင်း ဖြစ်ပါတယ်။ နားလည်စွာ လက်ခံ ပေးစေလိုပါတယ်ရှင့်။

    ReplyDelete
  2. မမေဓာဝီ အခုလို စေတနာအပြည့်နဲ့ ရှင်းပြပေးတဲ့အတွက် အတိုင်းမသိကျေးဇူးတင်ပါတယ်ခင်ဗျာ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS