Skip to main content

HappyBirthday MOM

မင်္ဂလာရှိသော မွေးနေ့ပါ မေမေ ... ဒီနေ့မှာ ကျရောက်တဲ့ မေမေ့ရဲ့ မွေးနေ့မှာ မေမေစိတ်ချမ်းသာပျော်ရွှင်ပါစေလို့ သားတို့ ဆုတောင်းပါတယ်။ မေမေ့မွေးနေ့မှာ မေမေချစ်တဲ့သားသမီးတွေ အနားမှာမရှိပေမဲ့ မေမေရဲ့ချစ်ခင်ပွန်း ဖေဖေရှိနေတဲ့အတွက် သားတို့ ၀မ်းသာပါတယ်။ ဖေဖေနှင့်မေမေ ကျန်းမာပျော်ရွှင်ပြီး သက်ကျော်ရာကျော်ရှည်ပါစေလို့ သားတို့ အမြဲဆုတောင်းပါတယ်။

မန်းလေးအိမ်မှာ ဒီနေ့ ဘုန်းဘုန်းတွေကို ဆွမ်းကပ်တော့ အိမ်ကိုတော့ သတိရမိတယ် ဘုန်းကြီးဆွမ်းကပ်ဖို့ လုပ်ပြီဆိုရင် ဟိုစပ်စပ် ဒီစပ်စပ် လိုက်လုပ်တတ်လို့ မေမေဆူတာ အမြဲခံရတယ် :) ဒါပေမဲ့ ဒီမှာလည်း သားတို့ ဘုန်းကြီးကျောင်းသွားဖို့ စီစဉ်ထားပါတယ်။ သားတို့ထင်တာ မမှားဘူးဆိုရင် ဒီနေ့ မေမေ့ မွေးနေ့မှာ မေမေ့အပေါင်းအသင်းတွေ၊ တပည့်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မေမေပျော်ရွှင်လိမ့်မယ်လို့ သားတို့ယုံကြည်ပါတယ်။ မေမေနဲ့ဝေးရာမှာ ရောက်နေပေမဲ့ မေမေရဲ့ ရင်ခွင်ဓာတ်က ဒီအထိအကျိုးသက်ရောက်နေဆဲပါမေမေ။

Comments

  1. Anonymous12:49 pm

    Happy birthday to ur Mom!

    ReplyDelete
  2. ကိုချမ်းရေ... ကိုချမ်းအမေကတော့ သူ့သားလေးကို လွမ်းနေတော့မှာပဲဗျာ။

    ReplyDelete
  3. It's cool.
    I'm Ye doing Internet Training Programs in Myanmar and I saw your comments in thin-gyan.blogspot.com.

    And when I surf ur BLogs Posts, those are so cool and I love to pass them to some journals. Could I ?
    y t a u n g @ g Mail is mine.

    ReplyDelete
  4. Happy Birthday Ko Chan's Mom

    ReplyDelete
  5. Moeyae, MKH - ဆုတောင်းအတွက် အရမ်းကျေးဇူးတင်ပါတယ် :)

    KoNayGyi - အတိအကျပေါ့ ... ဒီနေလိုနေ့မျိုး ပိုပြီးသတိရနေမှာပါ :)

    ye - thz: for visiting my blog. If u wanna put my posts, pls: mail me details. c ya :)

    ReplyDelete
  6. အမေ့ရဲ့ မွေးနေ့မှာ နှုတ်ခွန်းဆက်ခွင့်ရတာ ကံကောင်းတယ်ဗျာ။

    ReplyDelete
  7. ကျေးဇူးတင်ပါတယ် natthi ရေ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။