Skip to main content

MYANMAR - BURMA - THE GOLDEN LAND

နိုင်ငံခြားရောက်နေသူတိုင်း သောက်မြင်အကတ်ဆုံး မေးခွန်းတစ်ခုရှိပါတယ် [ကျွန်တော့်အထင်ပေါ့လေ] အဲဒါက ဘာလဲဆိုတော့ မင်း ဘယ်ကလာတာလဲ? Myanmar လို့ပြောလိုက်ရင် ပြန်မေးကြတယ်။ Where's that? What's that? အဲဒီမေးခွန်းကို ကျွန်တော် သောက်မြင်အကတ်ဆုံးပါ။ အထူးသဖြင့် English တွေ Japan တွေက ပြန်ပြန်မေးရင် နဘန်တွေကြီး လေးခါးချက်လောက် ကျင်းပလိုက်ချင်တယ်။ မသာတွေ သူများနိုင်ငံသိမ်းတုန်းက သိမ်းပြီးတော့ အခုကျမှ ရူးတာလိုလို ရွှေပျောက်တာလိုလိုနဲ့။ သောက်ရမ်းချဉ်တယ်။ နောက်ပြီး တစ်ချို့ Forum တွေမှာလည်း UserBar တွေရှိတယ်။ အဲဒီ Bar တွေမှာ လိုက်ကြည့်လိုက်ရင် နိုင်ငံတွေအားလုံးနီးပါအတွက်ရှိတယ်။ ဒါပေမဲ့ မြန်မာ၊ မပါဘူး။ တော်တော်ခီးဖို့ကောင်းတယ်။ အာရှမှာဆို မေးလိုက်ရင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား အကုန်သိတယ်။ မြန်မာ မသိဘူး။ တွေးလေခီးလေပဲ။ ဒါကြောင့် ဘလော့တွေမှာပဲဖြစ်ဖြစ် ကိုယ်ဝင်နေတဲ့ တစ်ခြားဖိုရမ် (မြန်မာမဟုတ်သော) တွေမှာ မြန်မာဆိုတာဘာလဲဆိုတာ သိလာအောင်လုပ်ဖို့အတွက် ကျွန်တော် ဒီနေ့ UserBar လေးတွေကို လုပ်လိုက်တာပါ။ သုံးချင်တဲ့လူများ ဒေါင်းလုပ်လုပ်ပြီး ပြန်သုံးနိုင်ပါတယ်။ Bandwidth ဆွဲမသုံးဖို့ရာကိုတော့ မေတ္တာရပ်ခံပါရစေ။ ရိုးသားဖော်ရွေသော စိတ်ထားပြည့်ဝသော ယဉ်ကျေးပျူငှာပြီး ကူညီလိုစိတ်ရှိသော မြန်မာတွေ အဖြစ်နဲ့ ကမ္ဘာ့အလယ်မှာ ဂုဏ်ယူကြပါစို့။

Comments

  1. သုံးပြီ။

    ReplyDelete
  2. သုံးပါဗျာ :)

    ReplyDelete
  3. အဲ့ဒီ့လို စားပြီးနားမလည် ဝါးပြီးထွေးထုတ်တဲ့ ဟို ငနဲတွေများ နောက်တစ်ခါ လာမေးရင် ကိုင်တာ ကိုင်ပလိုက် ;D

    ReplyDelete
  4. wut yee htike,
    just right click and save it, and upload to any file hosting like fileden.com or imageshack.com or photobucket.com . enjoy it!

    ReplyDelete
  5. ကိုင်မှာ အဲဒီကောင်တွေကို .. ဒါပေမဲ့ ထိုင်းက ညီအစ်ကို နှစ်ယောက်ကို စောင့်နေတာ။ တစ်ယောက်တည်းဆိုတော့ မမျှဘူးလေ :)

    ReplyDelete
  6. ဒီလိုတွေလည်းဖြစ်တတ်ပါတယ်။ သြော် .. ငါ့ညီ CMS ရေ .. မမျှဘူးလေးဘာလေးလုပ်မနေပါနဲ့ကွာ .. ဒီဆောင်ပုဒ်သာဆောင်ထား “လူဆိုးဘယ်နှစ်ယောက်လာလာ မင်းသားနိုင်တယ်” .. ဟီး .. :P

    ReplyDelete
  7. အဲဒါက ဇာတ်ကားတွေထဲမှာနော် .. အပြင်မှာကျတော့မှာ ဟိုဆောင်ပုဒ်လိုဖြစ်နေမယ်
    "ပလီတဲ့ကောင် အခုတော့ Underwater ကူးရပြီမလား"

    ReplyDelete
  8. အဘကတော့ ... ကျေးဇူးကမ္ဘာတင်တယ်ကွာ...

    ReplyDelete
  9. ဟုတ်ကဲ့ အဘ :D

    ReplyDelete
  10. ကိုချမ်း အဲ့ဒါလေး သုံးမယ်ဗျာ။

    ReplyDelete
  11. သုံးပါဗျာ လွတ်လွတ်လပ်လပ်သာသုံး :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။