Skip to main content
Posts
Showing posts from 2008
နှစ်သစ်ဆုတောင်း (သို့) မင်္ဂလာပါ ၂၀၀၉
၃၁ ဒီဇင်ဘာ ... ၂၀၀၈ ရဲ့ နောက်ဆုံး လွမ်းစရာ နေ့ရက်လေးပေါ့။ ကျွန်တော်ကတော့ အလုပ်ထဲကနေပဲ နှစ်ကူးရတော့မယ်ဗျာ။ လွမ်းရေးထက် ၀မ်းရေးခက်တယ် ဆိုသလိုပေါ့။ ၁ ရက်နေ့မှာ ပို့စ်တင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ အခုကတည်းက သူငယ်ချင်းတွေအတွက်ကြိုပြီး ဆုတောင်းပေးလိုက်ရပါတယ်။ ကျွန်တော် နိုင်ငံခြားရောက်နေတဲ့အချိန်မှာ မကြုံချင်တဲ့ရက်တွေ အချိန်တွေထဲမှာ ၃၁ ဒီဇင်ဘာလည်းပါတယ်။ အဲဒီတော့ မထူးဘူးဆိုပြီး အလုပ်ပဲ သွားလိုက်တော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ။ မဟုတ်ရင် ဒီလိုရက် ဒီလိုညတွေရောက်လာရင် ဟိုလိုလို ဒီလိုလို မျောက်သစ်ကိုင်းလွတ်ဖြစ်ရော။ လေလွန်းလို့ပါ။ ပါတီတွေ ပွဲလမ်းသဘင်တွေ ဒီနိုင်ငံလောက်ပေါတာ ဒီနိုင်ငံပဲရှိတယ်။ နောက်ပြီး သူငယ်ချင်းတွေလည်းရှိပေမဲ့ မပျော်ဘူးဗျာ။ " ပြောတတ်လိုက်တာ CMS ရာ "လို့ပြောလည်း ခံရမှာပဲ။ ကိုယ့်မြေ ကိုယ့်မြို့မှာလောက်တော့ ဘယ်သူမှမပျော်ဘူး။ မနှစ်က နှစ်သစ်ကူးကတော့ မှတ်မှတ်ရရ အရှိဆုံးပါပဲ။ အဲလို နှစ်သစ်ကူးချိန်ကိုပဲ ပြန်လည်တမ်းတမိတယ်။ ဒီသီချင်းလေး ကိုတော့ ဆက်ဆက်နားထောင်လိုက်ပါဦး။ ဒီတစ်ညထဲပဲ နားထောင်လို့ကောင်းတာ။ တော်ပြီဗျာ။ ဆက်မရေးချင်တော့ဘူး။ စိတ်ပိန်တယ်။ သူငယ်ချင်းတို့ရော ဘယ်လိုလဲ ... ...
Xmas eve and Twister Game
Xmas eve ညတုန်းက သူငယ်ချင်းတွေနှင့်အတူ Twister Game လေးကို ဆော့ခဲ့ကြပါတယ်။ အရမ်းပျော်စရာကောင်းတဲ့ Game တစ်ခုပါ။ တစ်ချို့တွေလည်း ဆော့ဖူးကြမှာပါ။ ကျွန်တော့်အနေနဲ့ကတော့ ပထမဆုံး ဆော့ဖူးခဲ့ခြင်းပါပဲ။ သူငယ်ချင်းတွေဝိုင်းဖွဲ့ပြီးဆော့၊ ရှုံးတဲ့သူကို တစ်ခုခုလုပ်ခိုင်း၊ ဥပမာ မျောက်လို က ခိုင်းခြင်း (သို့) သီချင်းဆိုပြခိုင်းခြင်း စသည်ဖြင့် တစ်ခုခုပေါ့။ အကြိတ်အနယ် ကစားနေကြစဉ် ဒီလိုအချိန် အီးပေါက်ရင်တော့ သေပြီဆရာ :P ကျွန်တော်ကတော့ ကံကောင်းခဲ့လို့ မရှုံးခဲ့ဘူး။ လေးယောက်ဆော့ကြရာမှာ ရှုံးတဲ့သူနှစ်ယောက် sexy dance ကတာကို ထိုင်ကြည့်တုန်းကတော့ အူမတတ်ရုံတမယ်ပါပဲ။ အဲလို ပျော်ရွှင်စရာကောင်းတဲ့ ညချမ်းလေးအတွက် ဧည့်ဝတ်အရမ်းကျေခဲ့တဲ့ အိမ်ရှင်သူငယ်ချင်းတွေကိုရော ခင်မင်ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းတွေကိုပါ အရာအားလုံးအတွက် အမြဲသတိရ ကျေးဇူးတင်နေမှာပါ။
Merry Xmas and Happy New Year 2009
ခရစ္စမတ်ကတော့ ပြီးသွားပါပြီ။ အားလုံးပဲ ပျော်ရွှင်ဖွယ်ကောင်းခဲ့လိမ့်မယ်လို့ ထင်ပါတယ်။ ထို့အတူ မကြာမီရောက်လာတော့မည့် ၂၀၀၉ ခုနှစ်သည် သူငယ်ချင်းအားလုံး အတွက် အောင်မြင်မှု၊ ပျော်ရွှင်မှုတွေကို ယူဆောင်ပေးမည့် နှစ်တစ်နှစ်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။ ၂၀၀၈ ခုနှစ်ကတော့ ကျွန်တော့်အတွက် ဘာမှမထူးခြားတဲ့နှစ်လို့ ဆိုရမှာပဲ။ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့တယ်။ အဆိုးဆုံးကတော့ စိတ်အလိုလိုက်မှုတွေ များခဲ့တာပါပဲ။ မိတ်ဆွေသစ်တွေ တိုးလာခြင်းနှင့်အတူ တစ်ချို့မိတ်ဆွေတွေနဲ့လည်း ဝေးကွာသွားခဲ့တယ်။ ၂၀၀၈ကိုသုံးသပ်ပြီး ရေးစရာတွေ အများကြီးရှိပေမယ့် မထူးခြားခဲ့တဲ့ နှစ်တစ်နှစ်အတွက် ကျွန်တော်ကုန်ခံ မသုံးသပ်တော့ဘဲ ရှေ့လာမည့်နှစ်အတွက်ပဲ အကောင်းဆုံး ကြိုတင်ပြင်ဆင်တော့မယ်ဗျာ။ ဒီပို့စ်လေးနှင့်အတူ မမီရေးစေချင်တဲ့ နှစ်တစ်နှစ်ရဲ့ ကုန်ဆုံးချိန် ကို ဖြည့်စွက်ပေးလိုက်ရပါတယ်။
ရွှေမန်းနှစ်တစ်ရာ ခေတ်အခါ
သက္ကရာဇ် ၁၂၂၁ ခုနှစ်က အုတ်ကျစ်ကျော်အေး မန္တလေးလို့ စာဆိုရှိတဲ့ မန္တလေးရွှေမြို့တော်ကြီးဟာ ၁၃၇၁ ခုနှစ်မှာ နှစ်ပေါင်း ၁၅၀ သက်တမ်းသို့ ရောက်ရှိတော့မှာဖြစ်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် ၂၀၀၉ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ပေါ့။ ထို့အတွက် ပြင်ဆင်ခြင်းနှင့် အတူ မန္တလေးအမှတ်တရ ဆောင်းပါးများ၊ ဓာတ်ပုံပြိုင်ပွဲများ၊ ရာပြည့်ပွဲတော်များကိုလည်း မန္တလေး ရွှေမြို့တော်ကြီးမှာ ကြိုတင်ပြင်ဆင်ကျင်းပနေကြပြီ ဖြစ်တယ်လို့လည်း ကြားသိရပါတယ်။ ဒီပုံကတော့ ယခုလက်ရှိ နှစ် ၁၅၀ ပြည့်အကြိုအတွက် ထုတ်ဝေထားတဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ်၏ မျက်နှာဖုံးနှင့် နောက်ကျောဖုံး ပုံစံပါ။ လက်ရှိတော့ ကျွန်တော်မှာ မရှိသေးပါဘူး။ ရခဲ့လျှင်တော့ ပြန်လည်မျှဝေပေးသွားပါမယ်။ အလားတူစွာ မန္တလေး နှစ် ၁၀၀ ပြည့်ပွဲတော်တုန်းက ထုတ်ဝေခဲ့တဲ့ " ရွှေမန်းနှစ်တစ်ရာ ခေတ်အခါ " ဆိုတဲ့ အဖိုးတန် ရှေးဟောင်းဆောင်းပါးလေးကိုလည်း နှစ် ၁၅၀ ပြည့်တော့မည့် မန္တလေးကို ကြိုဆိုရင်း အမှတ်တရအဖြစ် မန္တလေးချစ်သူများသို့ မျှဝေလိုက်ရပါတယ်။ ဒီဆောင်းပါးလေးကို ပေးပို့တဲ့ ကိုဘိုဘိုလမ်းစဉ် ကိုလည်း ဒီနေရာမှတစ်ဆင့် ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေ။ စကားအညွှန်း ဤစာအုပ်ကို ထုတ်ေ...
YouTube Video Greetings Cards
သူငယ်ချင်း မိတ်ဆွေတွေဆီကို XMas နှင့် New Year အတွက် YouTube မှတဆင့် Video Greeting Card တွေ စပြီးပေးပို့လို့ရပါပြီ။ နှစ်သစ်ကူး နှင့် XMas အတွက် သတိတရနှုတ်ခွန်းဆက်၊ Card တွေ အပြန်အလှန်ပေးဖို့ကြတဲ့နေရာမှာ ecard တွေဟာလည်း အရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ်။ အထူးသဖြင့် မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အဝေးကိုရောက်နေတဲ့ သူတွေအတွက်ပေါ့။ ကဲ ... XMas လည်း ရက်ပိုင်းပဲ လိုတော့တာဆိုတော့ XMas အတွက်ပဲ ဖြစ်ဖြစ်၊ New Year အတွက်ပဲ ဖြစ်ဖြစ်၊ နှစ်ခုပေါင်းပြီးတော့ပဲ ဖြစ်ဖြစ် ပို့ဖြစ်အောင် ပို့လိုက်ကြဦးနော် :)
The Web Show 2008 (Yangon)
ဒီလိုပြပွဲ၊ ပြိုင်ပွဲမျိုး မြန်မာပြည်မှာ တွေ့ဖူးတာ ကျွန်တော့်အတွက်တော့ ပထမဆုံးပါပဲ။ ဘယ်သူတွေ ဆုရကြမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ သူငယ်ချင်းတစ်ယောက် လုပ်တာလည်းလို့ ၀မ်းသာဂုဏ်ယူမိပါတယ်။ စိတ်ပါဝင်စားသူများ သွားရောက်လေ့လာနိုင်ပါတယ်။ ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့ဆိုတာ မမေ့နဲ့နော် :)
Naing & Lin အတွက် မင်္ဂလာဆုတောင်း
ယနေ့ကျရောက်သည့် ကိုနိုင်မိုးအောင် နှင့် ညီမငယ် လင်းလက်ကြယ်စင် တို့၏ မင်္ဂလာရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာချမ်းသာစွာဖြင့် သားသမီးမြေးမြစ်တွေ ရသည်အထိ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ ခင်မင်စွာဖြင့် Ko CMS @ Chan Mya Soe နောက်ကားတစ်စီး ကျော်တက်သွားပြန်ပြီကွာ :P
မန္တလေးမြို့ရဲ့ Great Wall
Great Wall ဆိုတာ မန္တလေးမြို့ ရတနာပုံဈေးအနီး ဇောတိကလမ်း နှင့် ၃၃ လမ်းကြားမှာ အသစ်ဖွင့်လှစ်မည့် Shopping Center ရဲ့နာမည်ဖြစ်ပါတယ်။ အဲဒီ Shopping Mall ကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဆိုင်ခန်းပေါင်း ၂၁၂ ခန်းပါဝင်ပြီး RC ခြောက်ထပ်အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။ ဓာတ်လှေကား နှစ်စင်း၊ ရွေ့လျားစက်လှေကား ရှစ်စင်း၊ ခန်းလုံးပြည့် လေအေးပေးစက်များနှင့် ၂၄နာ၇ီ လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ထားကြောင်းလည်း သိရပါတယ်။ လုံခြုံရေးနှင့် မီးဘေးအတွက် အရေးပေါ်ထွက်ပေါက်များ၊ ဂါလန် နှစ်သောင်းဆံ့ မီးသတ်ရေလှောင်ကန်နှင့် ရေငုတ်များ၊ အရေးပေါ် အချက်ပေးစနစ်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ Great Wall Shopping Center ကို ယခင် ရတနာပုံဈေး ပထမထပ်ရှိ မီးလောင်ကျွမ်းခြင်းခံခဲ့ရတဲ့ Sky Walk Shopping Center ပုံစံ ဆောက်လုပ်ထားတာဖြစ်တယ်လို့ တာဝန်ယူပြီး ဒီဇိုင်းဆောက်ရွက်နေတဲ့ ဗိသုကာပညာရှင် ဦးဇင်မင်းဆွေက ဆိုထားပါတယ်။ မီးလောင်ကျွမ်းသွားခဲ့တဲ့ ယခင် ရတနာပုံဈေးကိုလည်း ကျပ် သန်း ၄၅၀ ကျော် အကုန်အကျခံပြီး နာမည်အသစ်အနေဖြင့် ရတနာပုံဆူပါစင်တာနှင့် ဒိုင်းမွန်းပလာဇာဆိုပြီး အသစ်ထပ်မံ တည်ဆောက်သွားမည်ဖြစ်ပြီး သုံးနှစ်အတွ...
The 7th Myanmar ICT Week 2008
www.myanmarictweek.com ပြင်ဦးလွင် အနီးစခန်းနားက ရတနာပုံတယ်လီပို့မှာ ကျင်းပနေတဲ့ Myanmar ICT Week 2008 နဲ့ ပက်သက်ပြီး Activities တွေကိုလေ့လာနိုင်မည့် Website ပါ။ အဲဒီ site မှာ The 7th Myanmar ICT Week 2008 ပြပွဲအတွေ့အကြုံများနှင့် မြန်မာအိုင်စီတီလောက ဖွံ့ဖြိုးတိုးတက်ရေး အပြုသဘောဆောင်သည့် အတွေးအမြင်များကို မည်သူမဆို ဝင်ရောက်ရေးသားနိုင်ပါသည်။ လို့လည်း ဖော်ပြထားတာဖြစ်တဲ့အတွက် မိမိရဲ့ အတွေးအမြင်၊ သဘောထားတွေကိုလည်း သွားရောက်ဖလှယ်နိုင်ပါတယ်။ မနှစ်ကပြပွဲတုန်းက မန္တလေးကို ပြန်ရောက်နေတုန်း ရောက်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအချိန်က မေမြို့ ကန်တော်ကြီးမှာ ပန်းပွဲတော်လည်း ကျင်းပနေတာဖြစ်လို့ မေမြို့ကို တစ်လအတွင်းမှာပဲ သုံးခေါက် လေးခေါက်လောက် ရောက်ဖြစ်ခဲ့တယ်။ နောက်နှစ်ထဲမှာ အခါအခွင့်သင့်ရင်တော့ ရောက်အောင်ပြန်ပြီး သွားချင်သေးတယ် မေမြို့ သို့မဟုတ် ပြင်ဦးလွင်ရယ်။
Ice Skating
ဆောင်းရာသီရဲ့ သင်္ကေတတစ်ခုဆိုရင်လည်း မမှားပါဘူး။ မြို့တွေအနှံ့မှာ Ice Skating စီးနိုင်တဲ့ နေရာတွေကို စတင်ပြီး လုပ်ပေးနေပါပြီ။ ကလေးတွေလည်း XMas Holiday မှာ ပျော်ကြ ရွှင်ကြလို့ပေါ့။ ဘာလိုလိုနဲ့ နှစ်တစ်နှစ်လည်း ကုန်ပြန်တော့မယ်။ အချိန်တွေကုန်တာ မြန်တယ်နော်။
သံယောဇဉ်
လေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော် အခွေထဲက ကျွန်တော်အကြိုက်ဆုံး၊ ကျွန်တော်နဲ့ အတိုက်ဆိုင်ဆုံး သီချင်းတစ်ပုဒ်ပါ။ ကြိုက်လွန်းလို့ Repeat ရိုက်ပြီး နားထောင်နေမိတယ်။ မတွေးချင်လည်း ပြန်တွေးနေမိ မေ့ရင်လည်း ပြန်သတိရပြီး အမှတ်မရှိသေးဘူး ငါ လွမ်းဆွတ် မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ မှားနေလည်း ငါ ဆက်မှားပြီး ဒုက္ခများကုန်ပြီ ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်ခဲ့နစ်ခဲ့ ဖြတ်တောက်တိုင်းလည်း ပိုဖြတ်ဖို့ခက်တဲ့ သံယောဇဉ် သံယောဇဉ်.. သံယောဇဉ်.. ငါလေ အပျက်ပျက်နဲ့ သွေးထွက်ခဲ့တယ် သံယောဇဉ်.. သံယောဇဉ်.. လူကို အရူးတစ်ပိုင်းဖြစ်စေတဲ့ သံယောဇဉ်.. သံယောဇဉ် နေမြင့်လို့ အရူးရင့်ခဲ့တယ် ဒီသံယောဇဉ်.. ဒီသံယောဇဉ်.. ဒီသံယောဇဉ်.. ဒီသံယောဇဉ်.. သံယောဇဉ်.. မကြားချင်ပဲ ငါကြားယောင်မိ မသွားချင်လည်း ငါဆက်သွားပြီး အစိုးမရတဲ့ စိတ်ကြောင့် ငါ ခက်ပြီ မမွှေးသင့်ပဲ ငါမွေးတဲ့မီး မတိုးချင်လည်း ငါဆက်တိုးပြီး ငါ့ဘ၀ ကျွမ်းလောင်ပြီ.. သီချင်းတွေ ပို့ပေးတဲ့ ကိုဖြိုး ရေ ကျေးဇူးအများကြီးတင်ပါတယ်။
ဆိုက္ဘာ အတုိက္အခံ ဘေလာ့ဂ္ဂါဆု
ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့သည် ရွှေဝါရောင် တော်လှန်ရေးနှင့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန် ကာလများက စစ်အစိုးရ၏ တားမြစ်ပိတ်ပင်မှုများ အကြားက ပြည်တွင်းနှင့် ပြည်ပမှ ပြည်သူများ သတင်းမှန် ရရှိရေးအတွက် ဘလော့ဂ်များမှ တဆင့် တင်ပြပေးခဲ့သည့်အတွက် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများ အဖွဲ့ ( RSF ) ၏ ဆိုက်ဘာအတိုက်ခံ ဘလော့ဂ်ဂါဆုကို ရရှိခဲ့ပါတယ်။ ၄င်းဆုကို လန်ဒန်မှ မြန်မာပန်းချီဆရာ ကိုထိန်လင်းမှ ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့ကိုယ်စား တက်ရောက်ရယူခဲ့ပါတယ်။ [ News via : Mizzima ] ကိုထိန်လင်း ဆုတက်ရောက် ရယူစဉ် Read the article here ဒီသတင်းဖတ်ရတဲ့အတွက် ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့ကိုယ်စား ၀မ်းသာမိသလို အမြန်ဆုံး လွတ်မြောက်ပါစေလို့လည်း ဆုတောင်းမိပါတယ်။
Lovely Sunset
Lovely Sunset လို့နာမည်ပေးထားပါတယ်။ ပုံမှာ ကြိုးတန်းရှုပ်နေလို့ ငှက်နှစ်ကောင်ကို ဖမ်းထည့်ပြီး ပေးစားထားလိုက်ပါတယ် :P Enfield ဘက်က သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကိုသွားတုန်းမှာ ရိုက်ဖြစ်ခဲ့ပါတယ်။
သင်သေသွားသော်
သြော် ... လူ့ပြည်လောက လူ့ဘ၀ကား အိုရ နာရ သေရဦးမည် မှန်ပေသည်တည့်။ သို့တပြီးကား သင်သေသွားသော် ... သင်ဖွားသောမြေ သင်တို့မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏ သင်၏မျိုးသား စာစကားလည်း ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏ သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း။ ဇော်ဂျီ
ကိုသောင်းရဲ့ရိုက်ချက်
သူငယ်ချင်းတစ်ယောက် email ကနေ ပို့ပေးတာပါ။ အားလုံးသိအောင် ပြန်လည်မျှဝေလိုက်ပါတယ်။ ကိုသောင်းရဲ့ရိုက်ချက်တွေကတော့ လန်ထွက်နေတာပဲ။ လုပ် လုပ် ကြိုက်သလိုသာ လုပ်ကြတော့။ Download : PDF Format
Fantastic job opportunities in Myanmar !!!
သြော် ... ဂြိုလ်ကုပ်ကြီးတွေရယ် ... ဘ၀က ခီညားတို့နဲ့ ခီညားတို့ ချွေမျိုးတွေလောက် အဆင်မပြေဘူးလေဗျာ။ ပြောရက်ပ။ ပြည်တွင်းမှာ အလုပ်ကောင်းပြီး ဘ၀အဆင်ပြေရင်တော့ ဘယ်သူက နိုင်ငံခြားမှာ သွားပြီး အလုပ်လုပ်မှာလဲ။ ♫ အိမ်မက်ထဲက စိတ်တွေ ... (သောက်) ဦးနှောက်မှ မရှိတာကိုး ♫ "ဆင်ပိန်ရင် ကျွဲလောက်တော့ ကျန်ပါသေးတယ်" ဟူသောစကားအရ နိုင်ငံခြားမှာ အဲလိုတွေဖြစ်သည့်တိုင် မြန်မာပြည်သည်ထက်တော့ သာပါသေးသည်။ မူလနေထိုင်သည့် အိုးအိမ်များ ဆိုသည်မှာလည်း မီးမလာခြင်း၊ ရေမလာခြင်း၊ လူထုထောက်ခံပွဲ သွားရခြင်း၊ ကြက်ဆူပင် စိုက်ပျိုးရခြင်း၊ လုပ်အားပေး မဖြစ်မနေလိုက်ရခြင်း ဒုက္ခများကြောင့် ပြန်ရောက်နေထိုင်ရန် သင့်မသင့် အင်မတန် စဉ်းစားရကြပ်လျက် ရှိပါသည်။ နှစ်သန်းကျော်လည်း ပြန်လာမှာ မဟုတ်ဘူး ... ရူးမနေနဲ့။ နိုင်ငံခြားမှာ အလုပ်မရရင်ဘဲ မြန်မာပြည် ပြန်လာပြီး အလုပ်ကြမ်းသမား လုပ်ရတော့မလိုလို ဖြစ်နေပြီ။ ကဲ ... နိုင်ငံခြားမှာ အလုပ်မရသေးတဲ့သူတွေ စဉ်းစားကြဦး ... fantastic Offer :P အဲဒီအလုပ်တွေက ... ဘယ်လောက်ရမှာလဲ နောက်ပြီး ဘ၀အာမခံချက်ရော ပေးနိုင်မှာလား ? ပြီးတော့ တော်တော့်ကို professional ကျပြီး အဆင့်မြင့်တဲ့ အလုပ်တွေချည်းပဲနော် (...
သို့ ... ဆရာဆူးငှက် နှင့် ဆရာနေ၀င်းမြင့်
တိမ်ယံအိမ်မက်မိုးထက်နာရီ ဝတ္ထုရှည်ဖြင့် ၂၀၀၇ ခုနှစ် အမျိုးသားစာပေဆု ရရှိခဲ့သော ဆရာဆူးငှက် (မန္တလေး) နှင့် အိမ်ကလေး ၁၆လုံး ၀တ္တုတိုစာအုပ်ဖြင့် အမျိုးသားစာပေဆုရရှိခဲ့သော ဆရာနေ၀င်းမြင့်(မန္တလေး)တို့ကို မန္တလေးသားတစ်ယောက် အနေဖြင့်လည်းကောင်း၊ ကွယ်လွန်သွားသော မေမေ(ဒေါ်အေးအေး) ကိုယ်စားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ လေးစားစွာဖြင့် ဖိုးချမ်း (ခ) ချမ်းမြစိုး Credit : ဆြာဘ Related post : ဂုဏ်ယူပါတယ် မချောအိမာန် (မန္တလေး)
ကျွန်တော်ချစ်သော ဒီဇင်ဘာ
နှစ်တစ်နှစ်ကုန်ဆုံးကူးပြောင်းဖို့ နောက်ဆုံးလဖြစ်တဲ့ ဆောင်းနှင်းဖွေးဖွေးကြားက ကျွန်တော်ချစ်တဲ့ ဒီဇင်ဘာကို ရောက်ရှိလာပြန်ပါပြီ။ ကျွန်တော့်အတွက် အချစ်ဆုံး၊ အနှစ်သက်ဆုံး၊ လွမ်းစရာအကောင်းဆုံး လတစ်လလည်းဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဇင်ဘာမရောက်ခင်ကတည်းက ဆောင်း(ဒီဇင်ဘာ)သီချင်းတွေကို ကြိုပြီး နားထောင်နေခဲ့တယ်လေ။ ဆောင်းရာသီနဲ့ နှင်းဝတ်မှုန်တွေကို ခင်တွယ်နှစ်သက်မှု့ကတော့ ဘာနဲ့မှ မလဲနိုင်အောင်ပါပဲ။ အထူးသဖြင့် မန္တလေးဆောင်းရဲ့ ဒီဇင်ဘာလအချိန်လေးတွေကိုပေါ့။ ဒီမှာတော့ ခိုက်ခိုက်တုန်အောင် ချမ်းတယ် အေးတယ်။ ဒီထက်ပိုတာက အထက်ဘက် စကော့တလန်ပေါ့။ အဲဒီဘက်မှာတော့ နှင်းတွေစပြီး ကျနေပြီ။ နေကိုမြင်ရတာ ခပ်ရှားရှားပဲ။ မှတ်မိပါသေးတယ်။ ကျွန်တော် လန်ဒန်ရောက်ပြီး ခုနှစ်လအကြာ ၂၀၀၇ ဇန်န၀ါရီ၂၄ ရက်မှာ နှင်းဝတ်မှုန်တွေနဲ့ စပြီးမိတ်ဆွေဖြစ်ခဲ့တယ်။ အဲဒီတုန်းက သတင်းထဲမှာ နှင်းကျမယ်လို့ ကြေငြာကတည်းက နှင်းတွေကို ကြိုစောင့်နေခဲ့တာ။ ကျတော့ မနက်လေးနာရီထိုးနေပြီ။ အဲဒီထိ ထိုင်စောင့်နေတုန်းပဲ။ ပထမဆုံးလည်း ဖြစ်တာကြောင့် အိမ်အပြင်ထွက်ပြီး ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့ပါသေးတယ်။ ဒီနှစ် ၂၀၀၈ မှာတော့ နှင်းကျတာ နှစ်ခါရှိသွားပြီ။ နည်းနည်းစောတယ်လို့ ...
Blogs in Plain English by CommonCraft
Blog တစ်ခု စရေးဖို့ ပြင်ဆင်နေသူတွေ၊ လက်ရှိ ရေးနေတဲ့ Blogger တွေ၊ သတင်းဌာနတွေနှင့် ပက်သက်ပြီး အလုပ်လုပ်နေတဲ့သူတွေ ( News & Media ) ဒါမှမဟုတ် Blog reader တွေအတွက် ဗဟုသုတရစေတဲ့ Video Clip တစ်ခုဖြစ်တယ်ထင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီ Video Clip လေးကနေ idea တွေလည်း အများကြီးရတယ်။ Presentation method ကတော့ လုံးဝ Perfect ပါပဲ။ Video Clip လေးကို ဖန်တီးတဲ့ CommonCraft မှာလည်း User တွေ အလွယ်တကူနားလည်နိုင်အောင် ရှင်းလင်းပြသပေးထားတဲ့ Video Clip ပေါင်း မြောက်များစွာရှိပါတယ်။ သူတို့ရဲ့ အဓိက ဦးတည်ချက်ကတော့ "making complex idea easy to understand" လို့ ဆိုထားတာဖြစ်တဲ့အတွက် Computer နဲ့ ပက်သက်တဲ့ Application တွေ နည်းပညာအခေါ်အဝေါ်တွေကို အလွယ်တကူနားလည်စေမှာဖြစ်ပါတယ်။ ဥပမာ ... Twitter in Plain English , Social Bookmarking in Plain Englsih , etc ... Credit : CommonCraft
Moon and Sky
လမင်းတစ်ခြမ်း မီးခိုးတန်း နှင့် ပင်ယံထက်က အလွမ်းငှက်ငယ်
RetailMeNot.com
Online store တွေမှာ ပစ္စည်းဝယ်တော့မယ်ဆိုရင် ဒီ website လေးဟာ အသုံးဝင်ပါတယ်။ ဘာလို့လည်းဆိုတော့ Online ပေါ်မှာရှိတဲ့ store ပေါင်း 20,000 ကျော်အတွက် Discount Coupon Code တွေကို ထုတ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရ လွန်ခဲ့တဲ့လက DiscountASP.net မှာ Hosting ၀ယ်ခဲ့ပါတယ်။ မ၀ယ်ခင် RetailMeNot.com ကနေ DiscountASP.net အတွက်ပေးတဲ့ Coupon ကိုအသုံးပြုခဲ့တဲ့အတွက် 6 months free ရခဲ့ပါတယ် :) အဲဒီတော့ မိတ်ဆွေတို့လည်း Online Store တွေကတော့ ပစ္စည်းတွေမ၀ယ်ခင် ဒီဆိုဒ်လေးမှာ Coupon Code လေးတွေကို အရင်ရယူဖို့ အကြံပြုလိုက်ပါရစေ။
Photos taken around 1945
၁၉၄၅ ခုနှစ် ၀န်းကျင်က မြန်မာပြည်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ချို့ကို Google ရဲ့ Life Photo Archive မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဓာတ်ပုံမြောက်များစွာအနက်မှ ကျွန်တော်သဘောကျတဲ့ ဓာတ်ပုံတစ်ချို့ကို ပြန်လည် မျှဝေလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော်ခေတ်က ဓာတ်ပုံတွေကို ပြန်လည်ခံစားကြည့်ရအောင်။ ဘုန်းကြီးပျံပွဲ မြင်ကွင်းတစ်ခု (1937) ရွှေတိဂုံဘုရားစောင်းတန်း (1945) ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက်ပိုင်း ကျန်ရစ်ခဲ့တဲ့ မိသားစု ဒေါ်ခင်ကြည်၊ သား အောင်ဆန်းဦး၊ အောင်ဆန်းလင်း (1949) ဦးနု နှင့် US Secretary of State John Foster Dulles (1955) ထီဆိုင် နှင့် ထီရောင်းသူရဲ့ style (1949) ဂိုက်ပေးကြမ်းနေတဲ့ ဦးနေ၀င်း (1901) Photos via : LIFE photo archive hosted by google
Sunrise over Ealing
မနက်ခင်း နေထွက်ချိန်လေးကို အမှတ်တရ မှတ်တမ်းတင်ထားတာပါ။ Ealing ဆိုတာကတော့ West London မှာရှိတဲ့ မြို့တစ်မြို့ပါ။
ဒါနဲ့ စကားမစပ် ...
စကားမစပ် ... မနက်ဖြန် East London မှာ IC show ပွဲရှိတယ်။ မျိုးကြီး၊ အငဲ၊ ၀ိုင်ဝိုင်း၊ တင်ဇာမော်နှင့် IC အဖွဲ့သားများ ဖျော်ဖြေတင်ဆက်ကြမှာ ဖြစ်ပါတယ်။ IC show က ပြည်ပမှာတင်မဟုတ် ပြည်တွင်းမှာပါ ကြည့်ရခဲတဲ့ ပွဲတစ်ခုပါ။ ဒါပေမဲ့ အလုပ်ရှိနေတာရယ် စိတ်မပါတာရယ်ကြောင့် မသွားဖြစ်တော့ပါဘူး။ သူငယ်ချင်းတို့ရေ ... ဆောရီးပါကွာ။ စကားမစပ် ... လွန်ခဲ့တဲ့လက မန္တလေး ၁၆ အထက ကျောင်းတုန်းက တစ်ခန်းတည်း အတူတူတက်ခဲ့တဲ့ ငယ်သူငယ်ချင်း တစ်ယောက်နဲ့ အပြင်မှာ (Holborn) ပြန်ဆုံခဲ့တယ်။ စကားတွေပြောရင်း အသက်ပြန်ငယ်သွားသလို ၁၆ကျောင်းကြီးကိုလည်း သတိရမိတယ်။ သူငယ်ချင်းကတော့ အရင်အတိုင်းပဲ ဘာမှ မပြောင်းလဲဘူး။ ငယ်ငယ်ကလို စာတော်မြဲပဲ။ အခုလဲ LSE မှာ Economic and Economic History ကို Master ဖတ်နေတယ်။ သူတင်မဟုတ်ဘဲ သူ့ညီကလဲ ဒီနှစ်ထဲမှာပဲ King College ကို ၀င်ခွင့်ရတယ်။ သူအစ်မကတော့ Imperial ကနေ ကျောင်းပြီးထားပါတယ်တဲ့။ ကျွန်တော် သူတို့ မောင်နှမသုံးယောက်လုံးကို အရမ်းလေးစား အားကျသွားတယ်။ သူကတော့ Master မှာ စာတွေ ဖတ်ရလွန်းလို့ ငြီးနေလေရဲ့။ စကားမစပ် ... စင်ကာပူမှာ Electronic နဲ့ အလုပ်လုပ်နေတဲ့ ၁၆ ကျောင်းက သူငယ်ချင်းတစ်ယောက်နဲ့လည်း အွန်လိုင်...
Gmail Themes officially Realeased by Google
Google ရဲ့လုပ်ဆောင်ချက်တွေ နည်းပညာတွေကတော့ တကယ့်ကို အံ့မခန်းပါပဲ။ အခုလည်း တစ်ချို့ဘလော့တွေ၊ သတင်းတွေထဲမှာ လိုက်ဖတ်ပြီးကတည်းက သဘောကျနေခဲ့ရတဲ့ Gmail Themes တွေကို စပြီး အသုံးပြုနိုင်ကြပါပြီ။ Theme ပြောင်းဖို့အတွက် gmail ကို login လုပ်ပြီးလျှင် window ရဲ့ ညာဘက် အပေါ်ထောင့်မှာ setting ဆိုတဲ့ link ကို Click နှိပ်ပါ။ Setting ထဲရောက်သွားလျှင် ပထမဦးဆုံး General ထဲမှာ အရင်ရောက်နေပါလိမ့်မယ်။ အဲဒီ Tab တွေရဲ့ နောက်ဆုံးမှာ Themes ဆိုတဲ့ link ကို နှိပ်ပါ။ Themes ထဲရောက်သွားပြီဆိုရင် ကြိုက်တဲ့ Theme ပုံစံကို Click နှိပ်ပြီး အသုံးပြုနိုင်ပါပြီ။ Thanks Google ... !
Ophcrack - Free Windows password cracker
Ophcrack is a free Windows password cracker based on rainbow tables. It is a very efficient implementation of rainbow tables done by the inventors of the method. It comes with a Graphical User Interface and runs on multiple platforms. Window xp မှာဖြစ်ဖြစ် Window Vista မှာပဲဖြစ်ဖြစ် login password မေ့သွားခဲ့ရင် ဒီ password cracker လေးကို သုံးနိုင်ပါတယ်။ သူများသုံးနေတဲ့ ကွန်ပျူတာကိုတော့ သွားမလုပ်နဲ့နော် ... ကံဆိုးပြီးတော့ အီလက်ထရောနစ် အက်ဥပဒေနဲ့ မိနေဦးမယ်။ ကျွန်တော့်အနေနဲ့ password မမေ့ဘူးသေးတော့ မစမ်းကြည့်ဖူးသေးပါဘူး။ ဒါပေမဲ့ Life Hacker မှာလည်း recommend လုပ်ထားတာဖြစ်တဲ့အတွက် မိတ်ဆွေတွေမှာ အလားတူ ပြဿနာမျိုးကြုံခဲ့ရင် သုံးနိုင်အောင်လို့ sharing လုပ်လိုက်တာပါ။ အသုံးပြုပုံ နည်းလမ်းတွေကိုတော့ Google မှာဖြစ်စေ Youtube မှာဖြစ်စေ How to Ophcrack, Ophcrack Tutorial စတဲ့ Keywords တွေနဲ့ ရှာဖွေပြီး လေ့လာကြည့်နိုင်ပါတယ်။
Wowzio - Beautiful Blog Widgets
Wowzio - Blogger တွေအတွက် အရမ်းအသုံးဝင်တဲ့ အောက်ဖော်ပြပါ Widget တွေကို ရရှိနိုင်တဲ့ နေရာတစ်ခုပါ။ Gallery Widget Wowzio's Gallery Widget automatically finds all the pictures on your blog and creates a beautiful photo-grid (gallery) from them for you. Each photo tile links to its corresponding post. Panoramic SlideShow Widget Wowzio's Panoramic SlideShow Widget automatically finds all the pictures on your blog and creates a beautiful slideshow from them for you. Each slideshow image links to its corresponding post. Live Activity Widget Wowzio's Live Activity Widget shows a real-time list of your blog's latest visitors—where they came from, and what post they are reading. It gives your users an opportunity to explore posts that others are reading, and helps foster a sense of community. Tag Cloud Widget Wowzio's Tag Cloud Widget displays the top tags for your blog. Wowzio extracts your tags, technorati tags, as well as auto-extracts tags, then scores them based on rece...
အီလက်ထရောနစ် အက်ဥပဒေ
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ရက်နေ့က ကိုနေဘုန်းလတ်ကို ပုဒ်မသုံးခုနဲ့ ဆွဲချက်တင်ပြီး ထောင်ဒဏ် အနှစ် ၂၀ ကျော် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ အဲဒီပုဒ်မသုံးခုထဲက တစ်ခုဖြစ်တဲ့ အီလက်ထရောနစ် အက်ဥပဒေ Via : ညီညီသံလွင်
How Microsoft Windows 7 Got Its Name
Microsoft ကနေ Window Vista ထွက်လာပြီးတော့ အခု Window 7 ထပ်ထွက်လာပါပြီ။ Version တွေကလည်း ဘယ်လိုလဲပေါ့ ... 6 ပြီးတော့ 7 လာရမည့်ဟာ အခု Vista ပြီးတော့ 7 :-? ကျွန်တော်လည်း အစက နားမလည်ဘူး။ ဒါပေမဲ့ အောက်ပါ ပို့စ်တစ်ခုကို ဖတ်လိုက်တော့မှ ရှင်းသွားတော့တယ်။ One . The very first release of Microsoft Windows: Windows 1.0 Two . The second release of Microsoft Windows: Windows 2.0 Three . The third release of Microsoft Windows (3.0, 3.1): Windows 3.0 Four . The fourth release of Microsoft Windows was Windows 95, code named Windows 4.0 Five . Then, Windows 2000 was code named Windows 5.0, with Windows XP known as Windows 5.1 Six . The release of Windows Vista was code-identified as Windows 6.0 Seven . So, the next release of Windows will be called publicly and internally “Windows 7“. -- Keith Via : great documents
Tower Bridge
Tower Bridge ကို အနီးကပ်ရိုက်ထားတဲ့ ပုံပါ။ လန်ဒန်လည်း ကျွန်တော်တို့ မြန်မာပြည်နဲ့တူတယ် (တံတားတွေများတာ ပြောပါတယ်) ။ သိမ်းစ်မြစ်တစ်လျောက် ပေါလိုက်တဲ့တံတားတွေ။ ရထားတွေပါဖြတ်တဲ့ တံတားအသေးလေးတွေကိုပါ ထည့်တွက်မယ်ဆိုရင်တော့ မြန်မာပြည်ထက် များလောက်တယ်။ အလှဆုံးကတော့ ဒီ Tower Bridge နှင့် Millennium Bridge ပဲ။ မြန်မာပြည်မှာလည်း တံတားတွေ လမ်းတွေဖောက်လို့ လမ်းပန်းဆက်သွယ်ရေးက အရင်ကထက်ပိုပြီးတော့ အဆင်ပြေလာပါတယ်။ ဒါပေမဲ့ လမိုက်ညတွေအတွက် အလင်းရောင်မီးလေး ပုံမှန်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ နောက်ပြီး လမ်းတစ်ခါဖောက်ပြီးရင် တစ်နှစ်ကို လေးငါးခါလောက် လိုက်ပြီးပြုပြင်နေရတဲ့ လမ်းမျိုးလည်း မဖောက်ရင် ပိုကောင်းမယ်။ လမ်းတံတားအကြောင်းတွေရေးတော့ ကျွန်တော့်ဦးလေး တစ်ယောက်ပြောဖူးတဲ့ စကားလေးကိုလည်း သတိရမိတယ်။ ငါ့တူ ... မေမြို့ကိုသွားရင် အတက်လမ်းနဲ့ အဆင်းလမ်း နှစ်မျိုးရှိတယ်မလား။ တစ်ခုက လမ်းဟောင်း၊ တစ်ခုက လမ်းသစ်။ တကယ်လို့ ဘယ်ဟာ လမ်းဟောင်း၊ ဘယ်ဟာ လမ်းသစ်လဲဆိုတာသိချင်ရင် မောင်းကြည့်ကွာ။ မောင်းကြည့်လို့ ဖင်နာတဲ့လမ်းဟာ လမ်းသစ် :P
Vecteezy, Brusheezy and Flasheezy
Graphic/Web Designer တွေအတွက် အထောက်အကူဖြစ်စေတဲ့ website သုံးခုကို မျှဝေချင်ပါတယ်။ Vecteezy - Free Vector Art Flasheezy - Free Flash Files and Templates Brushezzy - Free Photoshop Brushes Related post : two-cool-free-stuff-sites-for-graphic/web designers
Cool site for BitTorrent and P2P Users
Site name : FileShareFreak Description : THE source for BitTorrent & P2P Tips, Tricks and Info. BitTorrent နှင့် P2P အသုံးပြုသူတွေအတွက် အသုံးဝင်တဲ့ site တစ်ခုဖြစ်ပြီး Tutorial တွေကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ အဲဒီဆိုဒ်ထဲမှာ အောက်ပါ ပို့စ်သုံးခုကိုတော့ အကြိုက်ဆုံးပဲ :) Crack/Keygen Sites That Are Safe To Use The Top 300 BitTorrent Websites of 2008 The Best Online Streaming Movie Sites on the Net
How to Use the Luminance Feature in Lightroom 2
Digital Photographer တွေအများဆုံးအသုံးပြုတဲ့ Lightroom Software မှာပါတဲ့ Luminance Feature (brightness feature for specific color ranges) အကြောင်းကို အသုံးပြုပုံ Tutorial တွေနှင့်တကွ ရှင်းပြပေးတဲ့ Video Tutorial တစ်ခုပါ။ ဓာတ်ပုံပညာကို ၀ါသနာပါသူ လေ့လာနေသူတွေအတွက် အသုံးဝင်ပါလိမ့်မယ်။ Yanik Chauvin on Vimeo . ကျွန်တော်လည်း ဓာတ်ပုံရိုက်ခြင်း၊ ဓာတ်ပုံပြုပြင်ခြင်း ပညာကို စိတ်ဝင်စားတဲ့အတွက် Lightroom ကိုလေ့လာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ဆရာဖြစ်တဲ့ ကိုမောင်လှဘလော့ မှာလည်း Lightroom Tutorial တစ်ချို့ကို သွားရောက်လေ့လာနိုင်ပါတယ်။
Firefox အတွက် အချိန်ကုန်သက်သာစေသော Shortcut များ
Software/Application တစ်ခုခုကို အသုံးပြုရာတွင် shortcut များကို ပိုင်ပိုင်နိုင်နိုင်အသုံးပြုနိုင်ပါက အချိန်ကုန်သက်သာစေတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်မှာဖြစ်ပါတယ်။ ထို့အတူ Firefox browser ကိုအသုံးပြုပြီး အင်တာနက် ကြည့်တဲ့အခါမှာလည်း shortcut များကို အသုံးပြုနိုင်ပါက မိတ်ဆွေအတွက် အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။ အထူးသဖြင့် ကြွက်(Mouse) ကို သွားပြီးကိုင်နေရတဲ့ ဒုက္ခမှ ကင်းဝေးစေမှာဖြစ်ပါတယ် ;) အောက်ဖော်ပြပါ shortcut တွေကတော့ Firefox browser ရဲ့ shortcut များစွာရှိတဲ့အထဲကမှ အင်တာနက်ကြည့်သူတွေအတွက် အရမ်းအသုံးဝင်လှတဲ့ shortcut တွေပဲဖြစ်ပါတယ်။ Option key ပါတဲ့ shortcut တွေကတော့ Mac user တွေအတွက်ဖြစ်ပါတယ်။ Option D or Alt D or F6 အင်တာနက် ၀က်ဘ်ဆိုဒ်တစ်ခုကိုကြည့်နေရင်းကနေ အခြားဆိုဒ်တစ်ခုကို ကြည့်ဖို့အတွက် URL (address bar) မှာ Mouse pointer နဲ့ select ပေးဖို့လိုပါတယ်။ ထိုကဲ့သို့ မပြုလုပ်ချင်ဘူးဆိုရင် Alt D ကိုသာနှိပ်လိုက်ပါ။ လက်ရှိရောက်နေတဲ့ address bar မှာ Auto Select ပေးပြီးသားဖြစ်သွားပါလိမ့်မယ်။ အလားတူစွာ Function key F6 ကိုလည်း အသုံးပြုနိုင်ပါတယ်။ Alt Enter or Option Enter Address bar မှာ မိမိသ...
Millennium Bridge
လန်ဒန်ရဲ့ နာမည်ကြီး Millennium Bridge
အိမ်
Butterfly Garden - Free Flash Template
မြန်မာ Entertainment Media Site တစ်ခုမှာ သုံးဖူးခဲ့တဲ့ Flash Template တစ်ခုဖြစ်ပါတယ်။ Download Here
တရားမျှတမှု မရှိဘူး
ကိုနေဘုန်းလတ်ရဲ့ သတင်းကို ဒီနေ့ Mizzima မှာ ဖတ်လိုက်ရတယ်။ ကိုနေဘုန်းလတ်ရဲ့ မိသားစုကိုယ်စား၊ မြန်မာဘလော့ဂါအားလုံးရဲ့ကိုယ်စား စိတ်မကောင်းခြင်းများစွာ ဖြစ်မိပါတယ်။ အလားတူစွာ အခြေအနေတွေပြောင်းလဲပြီး လွတ်မြောက်ပါစေလို့လည်း ဆုတောင်းမိပါတယ်။ မထင်မှတ်ထားတဲ့အချိန်မှာ ယုတ်တိမရှိတဲ့ပုဒ်မတွေနဲ့ ဆွဲချက်တင်ခဲ့တဲ့လူတွေကိုလည်း များစွာ ရွံရှာမုန်းတီးမိပါတယ်။ လုံးဝ မတရားဘူး၊ အဓိပ္ပာယ်မရှိဘူး .... ဟာ ... ခွေးမျိုးတွေ ... မင်းတို့ဇာတ်သိမ်းကို စောင့်ကြည့်ချင်သေးတယ်။ အခုတော့ အ၀ မျိုထား ဆို့ထား ယူထား ဟတ်ထား ကြဦးပေါ့။
တောင်သမန်ပင်လယ်
လေပြေတစ်ချက်သွေးတော့ မယ်ဇယ်ရနံ့တသင်းသင်းနဲ့ တောင်သမန်အင်းကလွမ်းစရာ အရိပ်ဖြာတမာတန်း တချိန်ကကျောင်းတော်လာရာလမ်းကလေး မျှော်ငေးတွေးကြည့် မြေရာလေးတွေရှိသေးတယ် ဦးပိန်တံတားနှင့်ခုံတန်းလျား ရင်ခုန်သံတွေလမ်းသလား အိမ်မက်တွေ ရင်ချင်းအပ်ထားတဲ့နေရာ နှုတ်ဆက်ခွဲာခွာ ခုများတော့ဝေးခဲ့ပြီ ကျမျက်ရည်ဖြေမဆည်နိုင်အောင်ဘဲ တောင်သမန်လည်းပင်လယ်ဖြစ်ခဲ့ရပေါ့ ဆရာမင်းနဒီ ဆိုတဲ့ကဗျာဆရာ ရေးထားတာဖြစ်ပါတယ်။ ကြိုက်လွန်းလို့ မန္တလေးသား သူငယ်ချင်းတွေကို ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။
Congratulations Mr ZZA
Cheers! Mr. ZZA ဒီနှစ် သီတင်းကျွတ်မှာ ပထမဆုံး ဈေးဦးပေါက်သွားသူကတော့ မန္တလေး MCC မှာ သင်တန်းတက်တုန်းက ဒီဇိုင်းပညာရပ်ကို ပထမဆုံးသင်ပေးခဲ့တဲ့ ဆရာဖြစ်ပါတယ်။ ဆရာတစ်ယောက်လိုခင်သလို အကိုတစ်ယောက်လိုလည်း ခင်ခဲ့တဲ့သူပါ။ အခုတော့ ထောင်ကျသွားပြီ (အိမ်ထောင်ပြောပါတယ်) ရာသက်ပန် အိုအောင်မင်းအောင် ပေါင်းနိုင်ပါစေဗျာ စကားမစပ် ... ဘေးက မတ်တပ်ရပ်နေတဲ့ အပျိုကြီးနှစ်ယောက်အလှည့် ဘယ်တော့ဖြစ်မလဲ မသိဘူး။ မျက်မှန်နဲ့ အပျိုကြီးဆိုရင် အားကျတဲ့အကြည့်တွေနဲ့ ကြည့်နေရှာတယ် :P ဓာတ်ပုံပို့ပေးတဲ့ နှစ်ကူးရေ ... ကျေးဇူးအထူးတင်ပါတယ်။
မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်
တန်ဆောင်တိုင်အကြောင်း ရေးဖွဲ့ထားတဲ့ ရှေးသီချင်းတစ်ပုဒ်ပါပဲ။ သီချင်းနားထောင်နေစဉ်မှာပဲ တန်ဆောင်တိုင်လရဲ့ မြင်ကွင်းတွေ အာရုံထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်လာပါတယ်။ ဖိုးသူတော်ဦးမင်းရဲ့ တန်ဆောင်တိုင်လဘွဲ့ကဗျာလေးကို ထပ်ပြီးဖတ်မိတော့ ပိုပြီး လွမ်းမိတာပေါ့။ တန်ဆောင်မုန်းလဘွဲ့ လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းတဲ့ ဆုပန်ရွယ် သည်ချိန်ကို ရွှေမုံကြဲလို့ ခ၀ဲရွှေကြာရင်းမှာ သင်းရနံ့ကြွယ် ကောင်းကင်လယ် ထက်ဝယ်ဘုံဦး ရွှေလစန္ဒာနှင့် ကြတ္တိကာ ကြယ်ရောင်စွန်းတယ် ထွန်းထိန်လို့မြူး ဖိုးသူတော်ဦးမင်း စိတ်မရှိပါနဲ့ ... ဘလော့ကို ထွက်ပေါက်တစ်ခုလို့ ယူဆတဲ့အတွက် ဘလော့ပေါ်မှာပဲတက်ပြီး ငြီးပါရစေ၊ လွမ်းပါရစေ၊ ဆွေးပါရစေ ;) ချမ်းအေးတဲ့ဆောင်းရာသီမှာ ချစ်စရာ့တန်ဆောင်တိုင်ပွဲတော်တွေ့ဟာ ဘယ်နေရာ ဘယ်ကမ္ဘာပဲရောက်ရောက် မြန်မာတွေအတွက် မေ့လို့ရမှာ မဟုတ်ပါဘူး။ ကထိန်ပွဲတွေအတွက် ပြင်ဆင်ခဲ့ဖူးတဲ့နေ့တွေ ကျီးမနိုးပွဲကျင်းပရင်း ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုပ် စားခဲ့တာတွေ အောင်ပင်လယ်ကန်ဘေးက ကြာမျိုးစုံဖူးပွင့်နေတဲ့ ကြည်နူးစရာမြင်ကွင်းတွေ သူငယ်ချင်းတွေစုပြီး မကြီးမငယ်နဲ့ ကျုံးဘေးတစ်လျောက် ဗျောက်အိုးဆော့ခဲ့တာတွေ ချမ်းအေးတဲ့ မန္တလေးဆောင်းညတွေမှာ ရိုးရာမုန့်မ...
Enjoy your spare time with StumbleUpon Toolbar
အင်တာနက်ပေါ်မှာ မိမိစိတ်ဝင်စားရာ ကဏ္ဍအလိုက် အကောင်းဆုံး Website တွေ၊ Blog တွေ၊ Photo တွေ၊ Video တွေကိုကြည့်ချင်တယ်ဆိုရင် သင့်ရဲ့ Browser မှာ StumbleUpon Toolbar ကို install လုပ်ဖို့အကြံပြုပါရစေ။ StumbleUpon ဟာ Social Networking site တစ်ခုဖြစ်ပြီး မိမိကြိုက်နှစ်သက်တဲ့ page တွေကို မှတ်ထားနိုင်တဲ့ bookmarking tool တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ အဲဒီတော့ မိမိဘယ်နေရာကိုပဲရောက်နေ ရောက်နေ မိမိ bookmark လုပ်ထားတဲ့ page တွေကို access လုပ်ပြီး ကြည့်နိုင်ပါတယ်။ Delicious လည်း ထိုနည်းတူစွာ ပြုလုပ်နိုင်တဲ့ bookmarking site တစ်ခုပါပဲ။ StumbleUpon မှာ account ဖွင့်ထားပြီးတော့လည်း မိမိကိုယ်တိုင် သို့မဟုတ် တစ်ခြားအသုံးပြုသူတွေ တွေ့ရှိထားတဲ့ favourite site တွေကို comment/rating ပေးနိုင်သလို မိမိအနေနဲ့ site တစ်ခုကို အသစ်တွေ့ရှိခဲ့ရင် comment/rating ပေးပြီးတော့ မိမိရဲ့ကိုယ်ပိုင် stumble page မှာ သိမ်းထားနိုင်ပါတယ်။ Download : StumbleUpon Toolbar for Firefox ကျွန်တော်ရဲ့ stumble page ကိုအောက်က လင့်ခ်မှာ Click လုပ်ပြီးလာရောက်ကြည့်ရှူ့နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ bookmark လုပ်ရင် delicious ကိုပဲ ...
Window Vista ရဲ့ Desktop မှာ Recycle Bin ကို မှားဖျက်မိတယ်ဆိုရင်
ဒီပြဿနာကတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့တာပါ။ Recycle Bin ထဲက File တွေကို ရှင်းတဲ့အခါမှာ Recycle Bin ကို right click နှိပ်ပြီး Recycle Bin ကို ရွေးရမည့်အစား မှားပြီးတော့ Delete ဆိုတာကိုရွေးမိလိုက်တာပါ။ Warning ပေးတာကိုလည်း ရုပ်တည်ကြီးနဲ့ Yes ကိုပဲနှိပ်လိုက်မိတယ် :P အဲဒီတော့ Recycle Bin ဖျက်လိုက်သလို ဖြစ်သွားရော။ Solution ကတော့ Warning message ပေးကတည်းက ပါပြီးသားပါ။ To store it later, go to Personalization in Control Panel တဲ့။ ဒါပေမဲ့ မှားပြီးဖျက်ခဲ့တဲ့အတွက် အဲဒီ messageကို ဘယ်လိုမှ ပြန်ဖတ်လို့မရတော့ဘူးလေ။ ဒါနဲ့ပဲ Goggling လုပ်လိုက်တော့ ရရှိခဲ့တဲ့ solution က အောက်ပါအတိုင်းဖြစ်ပါတယ်။ Start Button ကိုနှိပ်ပြီး Control Panel သို့ဝင်ပါ။ Control Panel ထဲရောက်ပြီဆိုရင် Appearance and Personalization ကိုရွေးပါ။ ထို့နောက် Personalization ကို ထပ်ပြီးရွေးပါ။ Personalization ကိုပြနေတဲ့ Window ရဲ့ left side မှာရှိတဲ့ Change Desktop Icons ဆိုတဲ့စာသားကို Click နှိပ်ပါ။ Desktop icon settings ဆိုပြီး window တစ်ခု ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ Window ထဲမှာ Recycle Bin ဆိုတဲ့နေရာလေးရဲ့ Check Box ကို Tick ပြန်လုပ်...
Myanmar eBooks ရယူနိုင်သောနေရာများ
Internet ပေါ်တွင် ကျွန်တော်သိသလောက် အောက်ပါနေရာများမှတဆင့် မြန်မာ ebook များကို download လုပ်ပြီး ရယူနိုင်ပါတယ်။ တစ်ခြားနေရာတွေရှိသေးရင်လည်း comment မှာဖြစ်ဖြစ် cbox မှာဖြစ်ဖြစ် ကျေးဇူးပြုပြီး ရေးထားခဲ့ပေးပါ။ Sharing is Caring :) http://shweone.wordpress.com/ http://ebooks.mmblogs.net/ http://swanbros.blogspot.com/2005/11/free-myanmar-ebooks.html http://www.myanmarnetworknews.com (Magazines and Journals) http://www.myanmarebooks.net.tc/ Myanmar A+ eBooks Myanmar Cyber (ဖိုရမ်တစ်ခုပါ။ Register လုပ်ပြီး ebook section မှ စာအုပ်များကို ရယူနိုင်ပါတယ်။) မြန်မာ ebook များကို sharing လုပ်ထားပေးသော အထက်ပါ website များကို အထူးကျေးဇူးတင်ပါသည်။
Happy Birthday to Myself
မေမေကမွေးပြီး ဖေဖေကကျွေးလို့ ကြီးပြင်းခဲ့ရတဲ့ကျွန်တော် ဒီနေ့ဆိုရင် အသက် ၂၄ နှစ်ပြည့်ပြီ။ မေမေမွေးခဲ့တဲ့ကျွန်တော် အသက်တစ်နှစ်ထပ်ပြီးကြီးသွားပြန်ပြီ။ ဒီနှစ် မွေးနေ့ (အောက်တိုဘာ ၂၉ရက်နေ့) မှာ ကျွန်တော်ကုသိုလ်ကောင်းမှု ကိုယ်တိုင်မလုပ်နိုင်ဘူး။ ဒါပေမဲ့ ဘုန်းဘုန်းတို့ကို လစဉ်ဆွမ်းအတွက် ပိုက်ဆံထည့်ပြီးတော့ အသိတစ်ယောက်ကို လှူခိုင်းလိုက်တယ်။ နိုဝင်ဘာ ၂ ရက်နေ့ရောက်မှပဲ Colindale ကျောင်းက ပြုလုပ်တဲ့ ကထိန်ပွဲမှာ ဖေဖေ့မွေးနေ့၊ မမမွေးနေ့နဲ့ပေါင်းပြီး ထပ်လှူမယ်လို့ စိတ်ကူးထားတယ်။ အခုတလော ကျောင်းကို ပြန်သွားနေရတာရယ် အလုပ်တစ်ဘက်ရယ်ဆိုတော့ ပင်ပန်းတယ်ဗျာ။ သူငယ်ချင်းတွေကိုလည်း ဘာမှ မကျွေးနိုင်ဘူး။ ဒီလိုမွေးနေ့မျိုး ဒါဟာ ပထမဆုံးပဲ။ နေးတစ်မြန်မာဖိုရမ် မှာ မွေးနေ့ဆုတောင်း လုပ်ပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ဒီနေရာကနေပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ အသက်တစ်နှစ်ကြီးသွားပေမယ့် ကျွန်တော် မလိမ္မာသေးဘူး။ မရင့်ကျက်သေးဘူး။ ဒါပေမဲ့ လောကကြီးအကြောင်း အထူးသဖြင့် လူတွေအကြောင်းကို ပိုပြီး သိလာတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေသင့်တဲ့ အရွယ်ရောက်နေပေမဲ့ ခြေထောက်တစ်ဖက်လောက်နဲ့ပဲ ရပ်တည်နိုင်တဲ့ အနေအထားပဲရှိနေသေးတယ်။ ကြို...
ရဲဘက်စခန်းမှ လွတ်မြောက်လာသော ရွှေဝါရောင် သံဃာတော်တပါး၏ ရင်ဖွင့်ချက်
ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ဆိုးရွားလှသည့် လင်တန် ရဲဘက် အကျဉ်းစခန်းတွင် ၃ လခွဲနီးပါး အလုပ်ကြမ်းနှင့် နှိပ်စက် ညှဉ်းပမ်းမှုများ ခံရပြီးနောက် ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောသို့ ဦးဇင်း ဦးပညာသီရိ (ရန်ကုန်ကျောင်းတိုက်၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်) ထွက်ပြေး လွတ်မြောက်လာခဲ့သည်။ ဦးဇင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ရှေ့ဆောင်ဦးရွက်ပြုသည့် ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် အာဏာပိုင်များက မုံရွာမြို့တွင် ဖမ်းဆီးနှိပ်စက်ကာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။ မုံရွာထောင်တွင် ၇ လခန့် အကျဉ်းချထားပြီးနောက် ၂ဝဝ၈ ခုနှစ် မေလနှောင်းပိုင်းတွင် ကလေးထောင်မှတဆင့် ချင်းပြည်နယ်ရှိ ရဲဘက် အလုပ်ကြမ်း စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ ရဲဘက်စခန်းအတွင်း လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်မှုများနှင့် ထွက်ပြေး လွတ်မြောက်လာပုံကို သိရှိနိုင်ရန်အတွက် မဇ္ဈိမသတင်းဌာနက တွေ့ဆုံလျှောက်ထား မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။ မေး။ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဇင်းက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါသလဲ ဘုရား။ ဖြေ။ ဦးဇင်းအနေနဲ့ ရွှေဝါရောင...
UK back on Greenwich Mean Time (GMT)
Yangon Time (GMT+6:30) London Time (GMT) လန်ဒန်ဆောင်း ရောက်ပြီဖြစ်တဲ့အတွက် GMT+1 ကနေ အချိန်တစ်နာရီနောက်ပြန်ဆုတ်သွားပြီ။ မြန်မာပြည်နဲ့ အချိန်ကွာခြားမှုက ၆ နာရီခွဲဖြစ်သွားပြီ။ ဒီနှစ် ဆောင်းရာသီဝင်လာရုံလေးပဲရှိသေးတယ် စပြီးအေးနေပြီ။ ဒီနှစ် မနှစ်ကထက် ပိုပြီးအေးမည့်သဘောရှိတယ်။ မန္တလေးမှာတော့ မိုးတောင်ရွာနေသေးတယ်တဲ့။ ဘယ်တော့စပြီး အေးမလဲ မသိဘူး။ ဆောင်းရာသီကိုတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ လန်ဒန်ဆောင်းကိုတော့ လန့်တယ်။ ခိုက်ခိုက်တုန်နေတာပဲ။ ချမ်းပုံက ကမ်းကုန်တော့ လမ်းဆုံကနေ ဟစ်လိုက်ချင်တယ်ဆိုတဲ့ အချုပ်တန်းဆရာဖေရေ ... ခင်ဗျား အားရင် ဒီကို ခဏလောက် ကြွခဲ့ပါလားဗျာ။
For Arsenal Fans
အနီးကပ် အာဆင်နယ် အိုဘယ့် Emirates Arsenal ပရိသတ်တွေအတွက် Emirates Stadium ကိုရောက်တုန်း ရိုက်ခဲ့တာပါ။ Stadium ကိုရောက်ဖို့ တော်တော်လေးသွားလိုက်ရတယ် (ကျွန်တော့်ကျောင်းနဲ့ ကပ်ရပ်ပဲ :P) ဘောလုံးကန်တာ ဘောလုံးပွဲကြည့်တာ ငယ်ငယ်ကတည်းက ၀ါသနာမပါဘူး။ ဒါပေမဲ့ မြန်မာအသင်းကန်တဲ့ နိုင်ငံပွဲတွေလောက်ပဲ အားပေးတယ်။ မျိုးချစ်စိတ်နဲ့ပေါ့ ;) ဒါပေမဲ့ တစ်ခါတလေကျတော့လည်း ကြည့်ရကျိုးမနပ်ဘူးဗျာ :P
Create your Avatar with Face Your Manga
Face Your Manga - မိမိကိုယ်ပိုင် Avatar လေးတွေကို flash interface လေးထဲမှာတည်ဆောက်ပြီး MSN, Yahoo, GTalk အစရှိတဲ့ online messaging program တွေမှာ ထည့်သွင်းအသုံးပြုချင်တဲ့ မိတ်ဆွေတွေအတွက် ဒီဆိုဒ်လေးဟာ အသုံးဝင်မှာဖြစ်ပါတယ်။ ကိုယ်ပိုင် ဆံပင်ပုံစံ၊ မျက်နှာပုံစံ၊ အ၀တ်အစား စသည်ဖြင့် ရွေးခြယ်နိုင်ပါတယ်။ Registration မလိုပါဘူး။ မိမိစိတ်ကြိုက် Avatar တစ်ခုရွေးပြီးသွားရင် သင့်ဆီကို mail နဲ့ ပို့ပေးပါတယ်။ enjoy :) ဒီပုံကတော့ ကိုယ့်ပုံကို ထင်ရာရွေးပြီး လက်ရှိ GTalk မှာလည်း သုံးထားတဲ့ပုံ ;)