
ရှေးဟောင်း အမွေအနှစ်ဆိုတာ ဘာလဲ သိရဲ့လား ?
ရှေးဟောင်းအမွေအနှစ်တွေကို ဘယ်လို ပြုပြင်ထိန်းသိမ်းရတယ်ဆိုတာရော နားလည်ရဲ့လား ?
မြန်မာ့ကျွန်းသစ်တွေ ရှားကုန်ပြီလား ... ပထွေးတွေကိုကျတော့ ခုတ်ခုတ်ရောင်းနေပြီးတော့။
မြန်မာနိုင်ငံအထက်ပိုင်းလည်း ခုတ်လိုက်ရတဲ့သစ် ... အောက်ပိုင်းကျတော့လည်း ထုတ်ရောင်းလိုက်ရတဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ မြန်မာပြည်လည်း အထက်ပိန် အောက်ပိန်ဖြစ်နေပြီ၊ အလယ်ပိုင်းကျတော့ ရေနံတွင်းတွေဖောက်လွန်းလို့ အပေါက်အပြဲနဲ့။
သစ်တောမရှိတော့ ရာသီဥတုတွေဖောက်ပြန်၊ မိုးရာသီဆို လွန်ခဲ့တဲ့နှစ်တွေထက် မိုးက တဖြည်းဖြည်း ပိုကြီးလာတယ်။ နွေဆိုလည်း ပူလာလိုက်တာ ၀ီခေါ်နေတယ်။
ဥပဒေတွေ၊ လက်နက်တွေ၊ အာဏာတွေ ပါဝါတွေနဲ့ နှိပ်စက်ခံနေရတဲ့ ပြည်သူတွေဟာ ဒီ မသာတွေလုပ်လို့ ဖောက်ပြန်တဲ့ရာသီဥတုဒဏ်ကိုပါ ထပ်ပြီး ခံနေရတယ်။
လုပ်ပါ ... လုပ်ပါ ... မင်းတို့မှ မဖျက်ရင် မပျက်တော့ဘူး။
မိုးကောင်းတုန်း ရွာထားဦးပေါ့လေ ... ငါ့အလှည့်ကျမှ မိုးကြိုးတွေပါ ပစ်ပစ်မယ်။
Comments
Post a Comment
Thanks for your comment.