Skip to main content

How to put WebMinster Player in your blog

Mp3 player တစ်ခုကို ဘလော့မှာထည့်သွင်းပြီး လာလည်တဲ့ သူငယ်ချင်း မိတ်ဆွေတွေကို အပန်းဖြေခိုင်းရအောင် :) အခုအသုံးပြုမည့် mp3 player ကတော့ WebMinster player ဖြစ်ပါတယ်။
  1. source file တွေကို ဒီမှာ download လုပ်ယူပါ။ Download လုပ်ထားတဲ့ zip file ကို unzip လုပ်လိုက်ရင် file 4 ခုကို တွေ့ရပါလိမ့်မယ်။
  2. ပထမဦးစွာ webplayer ဆိုတဲ့ swf file ကို hotlinking (direct link) ရတဲ့ hosting တစ်ခုမှာ တင်ပေးရပါမယ်။ free ရတဲ့ထဲမှာ အဆင်ပြေဆုံးကတော့ pages.google.com ပါပဲ။ google ကနေ မိမိရဲ့ file တွေ၊ အသေးစား webpage တွေကို တင်ဖို့ free ပေးထားတဲ့နေရာပါ။ google page မှာ upload stuff ဆိုတဲ့နေရာကိုသွားပြီး webplayer ဆိုတဲ့ file ကို upload လုပ်ပေးပါ။ upload လုပ်ပြီးတဲ့နောက်မှာရလာမည့် webplayer ရဲ့ address သည် http://yourname.googlepages.com/webplayer.swf ဆိုပြီး ဖြစ်ရပါမည်။
  3. webplayer ကို upload လုပ်သလိုပဲ မိမိထည့်သွင်းမည့် သီချင်းကိုလဲ upload လုပ်ပေးပါ။ upload လုပ်ပြီးရလာမည့် song file ရဲ့ url သည် http://yourname.googlepages.com/yoursong.mp3 ဖြစ်ရပါမည်။
  4. အဲဒီနောက်မှာတော့ unzip လုပ်ထားတဲ့ folder ထဲက quickstart ဆိုတဲ့ webpage file လေးကို ဖွင့်လိုက်ပါ။ အဲဒီ page ထဲမှာ player ထည့်သွင်းဖို့အတွက် source code ကို ထည့်သွင်းပေးထားတာ တွေ့ရပါလိမ့်မယ်။ အဲဒီ coding တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    <object data="http://yourname.googlepages.com/webplayer.swf" type="application/x-shockwave-flash" width="240" height="64">
    <param name="movie" value="http://yourname.googlepages.com/webplayer.swf">
    <param name="menu" value="false">
    <param name="scale" value="noscale">
    <param name="bgcolor" value="#FFFFFF">
    <param name="flashvars" value="src=http://yourname.googlepages.com/yoursong.mp3 &autostart=no&loop=no">
    </object>
  5. အထက်ပါcoding မှာ လိုအပ်တဲ့ url ပြောင်းလဲမှု (red texts) တွေ လုပ်ပြီးတဲ့အခါမှာတော့ blog မှာတင်ဖို့အဆင်သင့် ဖြစ်ပါပြီ။
  6. blogger မှာ singin လုပ်ပြီး layout page ကိုသွားပါ။ ထို့နောက် မိမိ blog side bar မှာထည့်သွင်းရန်အတွက် Add a page element ကို နှိပ်ပါ။ Element list မှ HTML/JavaScript ကိုရွေးပါ။ ထို့နောက် Tile တွင် မိမိနှစ်သက်ရာ Title တစ်ခုကိုပေးပါ။ Content မှာတော့ မိမိပြင်ဆင်ပြီးသား player coding ကိုထည့်သွင်းပါ။ ထို့နောက် save ကို နှိပ်ပါ။
အထက်ပါ အဆင့်တွေပြီးသွားရင်တော့ မိမိဘလော့ရဲ့ side bar မှာ WebMinster player လေးထည့်သွင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ player coding မှာပါတဲ့ width, height, autostart (no/yes), loop (no/yes) တွေကို မိမိနှစ်သက်ရာ option ကို သတ်မှတ်နိုင်ပါတယ်။ autostart ကတော့ no ပေးထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အကြောင်းကတော့ မိမိဘလော့ရဲ့ စာလာဖတ်သူတွေကို နှောက်ယှက်သလို ဖြစ်နေမှာ စိုးလို့ပါ :P အကြိုက်ချင်း မတူကြဘူးလေ :)

Download လုပ်ထားတဲ့ file 4 ခုမှာ player.xml ဆိုတဲ့ file တစ်ခုပါပါသေးတယ်။ အဲဒီ file ကတော့ player မှာ သီချင်းတွေအများကြီးထည့်ပြီး play list တစ်ခုအနေနဲ့ လုပ်ဖို့ဖြစ်ပါတယ်။ အဲဒီအကြောင်းကိုတော့ နောက်မှ ဆက်ပါဦးမည်။









တစ်ဆက်တည်း သီချင်းကောင်းလေးတစ်ပုဒ်ကိုပါ မျှဝေပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကိုတိုးကြီး ပို့ပေးထားတဲ့ သီချင်းလေးပါ။ နာမည်က ရိုးစင်းသောဘ၀ရဲ့ပျော်ရွှင်မှု ဖြစ်ပြီး မျိုးကြီး ခံစားသီဆိုထားပါတယ်။

ကျန်းမာပျော်ရွှင်ပါစေ :)

Updated : Playlist အနေဖြင့် ဖန်တီးရန်

Playlist အနေဖြင့် ဖန်တီးချင်တယ်ဆိုရင်တော့ ဦးစွာ သီချင်းတွေကို same hosting/directory မှာ Upload လုပ်ပေးဖို့လိုပါတယ်။ ဒါ့အပြင် အရေးကြီးဆုံး File နှစ်ခုဖြစ်တဲ့ webplayer.swf နှင့် playlist.xml တို့ကိုလည်း same hosting/directory မှာ upload လုပ်ပေးရပါမယ်။

Playlist.xml ဆိုတဲ့ File ကို upload မလုပ်ခင် playlist အတွက် code အနည်းငယ် ပြင်ပေးဖို့လိုပါတယ်။ ကျွန်တော်တို့ အရင်က upload လုပ်ခဲ့တဲ့ သီချင်းတွေကို playlist.xml မှာ ပြန်လည်ထည့်သွင်းပေးရပါမယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။


<?xml version="1.0" encoding="ISO-8859-1" ?>
<!DOCTYPE playlist SYSTEM "http://www.webminster.de/ext/xml/webplayer/playlist.dtd">
<playlist name="" basedir="" xmlns="http://www.webminster.de/ext/xml/webplayer">
<file src="url/address of the song 1.mp3" />
<file src="url/address of the song 2.mp3" />
<file src="url/address of the song 3.mp3" />
<file src="url/address of the song 4.mp3" />
<file src="url/address of the song 5.mp3" />
<file src="url/address of the song 6.mp3" />
</playlist>
အထက်ပါ Playlist code ကို ပြင်ပြီးသွားပြီရင်ဆိုရင် အောက်ပါ coding ကို သင့်ရဲ့ blog မှာ ထည့်သွင်းအသုံးပြုနိုင်ပါပြီ။ မှတ်ချက်အနေဖြင့် အနီရောင်ပြထားသော code များနေရာတွင့် သင် upload လုပ်ထားသော file ၏ လမ်းကြောင်းဖြင့် အစားထိုးအသုံးပြုရမည်ဖြစ်ပါသည်။
<object data="http://www.somehosting.com/webplayer.swf" type="application/x-shockwave-flash" width="240" height="64">
<param name="movie" value="http://www.somehosting.com/webplayer.swf">

<param name="menu" value="false">
<param name="scale" value="noscale">
<param name="bgcolor" value="#FFFFFF">
<param name="flashvars" value="src=http://www.somehosting.com/playlist.xml&amp;autostart=no&amp;loop=no">
</object>

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။