Skip to main content

၆၁ ကြိမ်မြောက် အာဇာနည်နေ့

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။
ဒီလိုချိန် မြန်မာပြည်ရဲ့ရာသီဥတုနဲ့ဆို အာဇာနည်နေ့ဟာ ပိုမိုပြီး လွမ်းဆွတ်သတိရဖွယ်ကောင်းလှပါတယ်။ ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ခုလိုချိန်မျိုးမှာ မိုးတွေဖွဲဖွဲကျရင် ကျနေမယ် ဒါမှမဟုတ် မိုးအုံ့ရင်လည်း အုံ့နေလိမ့်မယ်။

၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဘာမဟုတ်တဲ့ ပေါက်လိုပဲစား အာဏာရူးလူတစ်စုကြောင့် တိုင်းပြည်အတွက် တန်ဖိုးဖြတ်လို့မရတဲ့ အာဇာနည်သူရဲကောင်းတွေ အသက်ဆုံးရှုံးခဲ့ရတယ်။

အဲလိုပဲ ... အခုဆိုရင်လည်း ဘာမဟုတ်တဲ့ ပေါက်လိုပဲစား အာဏာရူးလူအုပ်စုတစ်စုကြောင့် ကျွန်တော်တို့ မြန်မာပြည်လဲ ပျက်စီးခြင်း ဆိုက်နေရပြီ။

ဗိုလ်ချုပ်ဟာ အသက် ၃၃ နှစ်မှာ ကွယ်လွန်သွားခဲ့ပေမယ့် အဲဒီအအသက်အရွယ်မှာ လူတကာရဲ့လေးစားဂုဏ်ပြုခြင်း ခံနေရတဲ့ အမျိုးသားခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီ။ တကယ်လေးစားဖို့ကောင်းတယ်ဗျာ။

ကျွန်တော်တို့ တိုင်းပြည်က အဘဆိုတဲ့ လူတွေကတော့ အသက် ၆၀ကျော် ၇၀ထဲရောက်ပြီးတာတောင် ဘယ်သူကမှ (ကလေးရောခွေးပါ) မလေးစားတဲ့အပြင် မေတ္တာတွေ ၀ိုင်းပို့ခံနေရတယ်။ ကွာပါ့။

Video via : myanmarboy
Related posts : ၆၀ နှစ်မြောက် အာဇာနည်နေ့ | ၅၉ နှစ်မြောက်အာဇာနည်နေ့

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။