
မနေ့ညက Night shift ဆင်းပြီးအပြန် လမ်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတာ တွေ့လိုက်တယ်။ ဒါနဲ့ စိတ်ဝင်တစား သေချာကြည့်လိုက်တော့ လူငယ်အုပ်စုကြီးနဲ့ London Police တွေကို တွေ့လိုက်ရတယ်။ လူငယ်အုပ်စုနှစ်ခု ရန်ဖြစ်တာကြောင့် ရဲတွေ ၀င်ပြီးတားနေရတယ်။ လူငယ်အုပ်စုနှစ်ခုကလည်း အယောက် ၅၀ လောက်ရှိမယ်။ ၀င်တားတဲ့ ရဲတွေလည်းများလာပြီး ရဲကားတွေ တစ်စီးပြီး တစ်စီးရောက်လာလို့ လမ်းပေါ်မှာလည်း ရဲကားတွေ ပြည့်သွားခဲ့တယ်။

လန်ဒန်မှာ ဒီလိုလူငယ်အုပ်စုတွေ ရန်ဖြစ်တာဟာ အဆန်းမဟုတ်တော့ဘဲ ညတိုင်းတွေ့မြင်နေကျ မြင်ကွင်းတစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမဲ့ သူတို့ကို သူတို့ နိုင်ငံကြီးသားဆိုပြီး ဒီလို အပြုအမူတွေ အမှုတွေ ဖြစ်နေတာကတော့ ရှက်ဖွယ်ကောင်းလှပါတယ်။ အဲဒီ အဖြူတွေကြားထဲမှာမှ အမဲတွေပါလာရင် ပိုဆိုးပါတယ်။ အမဲတွေကိုတော့ အနောက်နိုင်ငံတိုင်းလိုလိုက သိပ်ပြီး ဘ၀င်မကျလှပါဘူး။ မိုက်ရိုင်းတယ်၊ ရင့်သီးတယ် ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်နက်နေတဲ့ လူတန်းစားတွေပေါ့။ ဒီကြားထဲ ပိုလန်၊ ဆိုမားလီးယားတွေကလည်း ညက်ညက်ပြီးပါလာကြသေးတယ်။
ကျွန်တော်တို့မြန်မာပြည် အထူးသဖြင့် မန္တလေးကို တရုတ်လူမျိုးတွေ တဖြည်းဖြည်း ၀ါးမျိုလာသလိုပဲ လန်ဒန်ဟာလည်း ကုလားတွေ၊ ပိုလန်တွေ၊ အမဲတွေရဲ့ လူမျိုးရေး ၀ါးမျိုခြင်းကို တဖြည်းဖြည်းခံလာနေရပါတယ်။ နောက်ပိုင်း ဘယ်လိုဖြစ်လာမလဲ ဆိုတာကတော့ မတွေးတတ်အောင်ပါပဲ။
Comments
Post a Comment
Thanks for your comment.