မန္တလေးမှ လူငယ်စာရေးဆရာမတစ်ဦးလည်းဖြစ် မိတ်ဆွေတစ်ဦးလည်းဖြစ်တဲ့ မချောအိမာန် (မန္တလေး)သည် "မန္တလေးကို ပျံသွားသလား" ၀တ္တုတိုဖြင့် ၂၀၀၈ ရွှေအမြုတေ စာပေဆုရရှိ ထိုက်ထိုက်တန်တန် ရရှိသွားကြောင်း ကြားသိရသည့်အတွက် ထပ်တူထပ်မျှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
မချောအိမာန်(မန္တလေး) ကျန်းမာချမ်းသာစွာဖြင့် စာတွေဆက်လက်ရေးသားနိုင်ပြီး အောင်မြင်မှုများ ဆက်လက်ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
အောင်မြင်မှုတွေရပြီးပြီဆိုတော့ နောက်ထပ်ရဖို့ တစ်ခုပဲ ကျန်ပါတော့တယ် အစ်မရေ ... လက်ဖွဲ့ ပြင်ထားလိုက်ရတော့မလား :P
ဒီသတင်းအတွက် ဆြာဘကို ကျေးဇူးတင်ရှိပါတယ်။
Related post : ရဲတိုက် သို့မဟုတ် တောင်ကြီးသားတစ်ယောက်
Comments
Post a Comment
Thanks for your comment.