အွန်လိုင်းတက်ပြီး GTalk မှာ chatting လုပ်ကြတဲ့အခါ ကိုယ့်ကို သူများမမြင်အောင် ပုန်းနေ၊ ၀ှက်နေလို့ရပါတယ်။ စကား(Voice)တော့ ပြောလို့မရပါဘူး။ Text အနေနဲ့ပဲ chatting လုပ်လို့ရမှာဖြစ်ပါတယ်။
စက္ကန့်နှင့်အမျှ သေလောက်အောင် အလုပ်များသူများ သို့မဟုတ် မိမိရဲ့ ချစ်သူ ကောင်လေး၊ကောင်မလေးနဲ့ ပြောနေတုန်းမှာ တစ်ခြားသူ လာနှောက်ယှက်တာ မခံချင်သူများအတွက် အထူးပြုလုပ်သင့်ပါတယ် :P လူတော်တော်များများလည်း သိပြီးသားပါ။ ဒါ့ကြောင့်မို့ သတိမထားမိတဲ့သူတွေ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ်။
ပထမဦးစွာ Invisible လုပ်ချင်တယ်ဆိုရင် သိထားရမည့်အချက်မှာ မိမိအသုံးပြုသည် Gmail Version သည် Newer Version ဖြစ်ရပါသည်။ Newer Version ဖြစ်မဖြစ် သိနိုင်ရန်အတွက် Gmail သို့ login လုပ်ပြီး Browser ၏ top right corner မှ စာသားကို ကြည့်ရုံဖြင့်သိနိုင်ပါသည်။ Newer version မဖြစ်သေးဘူးဆိုရင် Newer Version စာသားလေးပါတဲ့ Link list လေးကို အောက်ပါအတိုင်းတွေ့ရမှာပါ။



" ..... is offline. You can still send this person messages and they will receive them the next time they are online. "
ဒါပေမဲ့ msg နှစ်ခု သုံးခု ရပြီးတဲ့ နောက်မှာတော့ သူဟာ invisible လုပ်ပြီး chat နေတယ်ဆိုတာ သဘောပေါက်သွားပါလိမ့်မယ်။
နောက်တစ်နည်းအနေနဲ့ Gtalk labs edition ကို install လုပ်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။ Labs Edition မှာ invisible လုပ်လို့ရပေမဲ့၊ မြန်မာစာရိုက်လို့မရပါဘူး။ နောက်ပြီး friend list ကို အားလုံးပေါ်အောင် scroll bar ထည့်ပေးမထားပါဘူး။ တစ်ခုကောင်းတာက Group Chat function ကိုတော့ အသုံးပြုနိုင်ပါတယ်။
Always Idle လုပ်ချင်ရင်တော့ ဒီမှာဖတ်ပါ။
Comments
Post a Comment
Thanks for your comment.