
အဲဒီနှစ်မျိုးထဲကမှ သူတစ်ပါး ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ လိုက်ပြီး ကဲ့ရဲ့နေသူတွေကတော့ အတော်ကို စိတ်ပျက်ဖို့ကောင်းလှပါတယ်။ မြှောက်ပြောသလိုနှင့် ကဲ့ရဲ့ခြင်း၊ အကြောင်းမရှိ အကြောင်းရှာပြီး ကဲ့ရဲ့ခြင်း စသည်ဖြင့် နည်းအမျိုးမျိုးနဲ့ပေါ့။
သူတစ်ပါးကို ချီးမွမ်းတဲ့စကား တစ်ခွန်းပြောဖို့ထက် ကဲ့ရဲ့တဲ့စကား ဆယ်ခွန်းပြောဖို့က အမြဲသာနေတတ်တယ်။
အခုတလော အခြေအနေ သိပ်မလှဘူး။ နားအေးပါးအေး နေနေလည်း ကဲ့ရဲ့ခံနေရတယ်။ မလွယ်ပါလား။ ကိုယ့်စိတ်ကိုသိလို့ ဘာမှမပြောဘူး နေပြန်ရင်လည်း ပိုပိုဆိုးလာတယ်။ ပြန်ပြောလိုက်မိရင်လည်း စိတ်ထိန်းနိုင်မှာမဟုတ်ဘူး။
အဲဒီတော့ အရိုးရှင်းဆုံး စဉ်းစားလိုက်ရင် ကိုယ့်ကို ကဲ့ရဲ့တာ မခံချင်ရင်၊ သူတစ်ပါးကိုလည်း မကဲ့ရဲ့ မိပါစေနှင့်လို့ပဲ စိတ်ဖြေလိုက်တော့တယ်။ သူတစ်ပါးကို လက်ညှိုးတစ်ချောင်းထိုးဖို့ချိန်လိုက်တိုင်း ကိုယ့်ဘက်ကို ကျန်တဲ့ လက်ချောင်းလေးချောင်းက အော်တိုချိန်ပြီးသားဖြစ်နေတယ်လေ။
ဒါလည်း လူဖြစ်ရတဲ့ ဒုက္ခတစ်မျိုးပါပဲလား။
ဒီလိုစာတွေ တွေး၊ ရေးနေလို့ မောင် CMS တစ်ယောက် ပေါက်နေပြီလား ဒါမှမဟုတ် ဂေါက်နေပြီလားလို့တော့ မထင်လိုက်ပါနဲ့။ ဘာလို့လည်းဆိုတော့ လူတွေအားလုံးဟာ တစ်မျိုးစီ ရူးနေကြတာပဲ မဟုတ်လား ... ?
Comments
Post a Comment
Thanks for your comment.