ဒီနှစ်ရဲ့ ဒုတိယမြောက်အဖြစ် ဒီနေ့ နှင်းကျတယ်။ ဒီတစ်ခါကတော့ Heavy ပေါ့။ မနက်ကျောင်းသွားချိန်မှာလည်း ကျနေတယ်။ ဦးထုပ်ယူသွားရသေးတယ်။ မဟုတ်ရင် ခေါင်းဖြူကြီးဖြစ်သွားမှာ သေချာတယ်။ နေရာတိုင်း ဖြူဖွေးနေတာပဲ။ ကျောင်းရောက်တဲ့ အထိပဲ။ ဒီကလူတွေ နှင်းကို ဘာကြောင့် မမြင်ကတ်လဲဆိုတာ ဒီနေ့မှ လက်တွေ့သိတော့တယ်။ သွားရလာရတာမကောင်းဘူး။ နှင်းပေါ်လမ်းလျောက်ရတာ ဇွက်ဇွက်နဲ့ ဟမ်မိုနီလိုက်နေသလား အောက်မေ့ရတယ်။ ဒါပေမဲ့ နှင်းတွေ အရည်ပျော်သွားတဲ့ အခါမှာတော့ စိတ်ပျက်စရာကောင်းအောင် အမဲရောင်ရွှံ့တွေဖြစ်သွားတယ်။ အဲဒါတော်တော်ဆိုးတယ်။ အရမ်းကျရင် လေယာဉ်တွေလည်း ဒုက္ခတွေ့တော့တာပဲ။ ဆင်းမရ ပြုမရနဲ့ ... မုန်းလည်း မုန်းလောက်ပါတယ် :) ကျောင်းကနေပြန်လာတော့လည်း လမ်းမှာ တော်တော်အေးတယ်။ လက်တွေတောင်ကျင်လာတယ်။ ဒီရက်ပိုင်းအတွင်း ဒီလိုရာသီဥတုကြီးနဲ့ပဲ ဆက်သွားနေဦးမယ် ထင်တာပဲ။ နှင်းကျတဲ့ပုံတွေ ထပ်ပြီးရိုက်ထားတယ်ဗျာ။ နှင်းချစ်သူများ ခံစားကြည့်ပါဦး။
ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...



yeah it's nice to see those snow covered houses scene only from inside of the building. Once you get out to go somewhere, you'll b annoyed by those snows. Take care bro. Temperature's hitting minus degree these days.
ReplyDeleteဘယ်လင်တိုင်း ဒေး မှာ ..
ReplyDeleteဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် ဆိုတဲ့ တွံတေးသိန်းတန်ရဲ့ သီချင်းလေးဆိုပြီး .. ကွေးလိုက်ပါလား ငါ့ညီ CMS ရေ .. ဟီး ဟီး ..
#jitoo12
ReplyDeleteThz: sis U too :)
#ကိုတိုး
ကျွန်တော့်အတွက် ဘယ်လင်တိုင်းက Black Time ဖြစ်နေပြီ။ ဘယ်နှယ့်မှ မဘယ့်နှယ့်နိုင်ဘူးဖြစ်နေတယ် ကိုကြီးတိုးရေ ... လုပ်အုံး :P