အရိုးရှင်းဆုံး MP3 Player လို့ထင်ပါတယ်။ အရင်တုန်းက Del.icio.us ကနေ MP3 Tagger လုပ်ပြီး သုံးသလိုပဲ။ လုပ်စရာလိုတာကတော့ swf, javascript နဲ့ mp3 file တွေကို Hosting တစ်ခုခုမှာ တင်ပေးလိုက်ရုံပါပဲ။ Player တစ်ခုထက်မက ထည့်သွင်းချင်ရင်လည်း ID တွေခွဲပြီး ထည့်သွင်းနိုင်ပါသေးတယ်။ js တွေကို တင်လို့ရတဲ့ free hosting ထဲမှာတော့ GooglePage တွေမှာပဲတွေ့သေးတယ်။ တစ်ခြား Hosting တွေကတော့ ခါးခါးသီးသီးငြင်းပယ်နေဆဲပဲ :P ဒီ Player အတွက် Tutorial ကို ဒီဆိုဒ် [ Macloo ] မှာ သွားရောက်လေ့လာနိုင်ပါတယ်။ Tutorial အတွက် လိုအပ်တဲ့ File တွေကို ဒီမှာ [ SourceFiles ] ရယူပါ။ TalkCrunch site မှာလည်း ဒီ Player ကို တွင်တွင် ကျယ်ကျယ်အသုံးပြုထားတာကို တွေ့နိုင်ပါတယ်။
ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...
အစ်ကိုရေ စမ်းသုံးကြည့်လိုက်ဦးမယ်။
ReplyDeleteကိုချမ်း စမ်းသပ်တဲ့အနေနဲ့ feedburner ရဲ့ feedlink ကိုပြောင်းပြီး subscribe လုပ်ထားတယ်။ count တက်လာလား ?
ReplyDeleteတစ်ခု တက်လာတယ် :)
ReplyDelete