Skip to main content

1st July and 7th July



London - HammerSmith Station မှာ ကပ်ထားတဲ့ ကြော်ငြာတွေပါ။ ပထမပုံကတော့ 1st July ကစပြီး Public Area တွေမှာ ဆေးလိပ်သောက်ခွင့် မရှိတော့ဘူးဆိုတာ သတိပေးထားတာပါ။ ဒဏ်လည်းရိုက်မယ်လို့ ကြော်ငြာထားပါတယ်။ လမ်းတွေမှာတော့ သောက်ခွင့်ရှိပါသေးတယ်။ Club တွေ Station တွေမှာတော့ သောက်ခွင့် မရှိတော့ပါဘူး။ တစ်ဘက်ကပြန်ကြည့်ရင်တော့ ဆေးလိပ်ကြိုက်သူများ နည်းနည်းတော့ ဒုက္ခရောက်တာပေါ့။

ဒုတိယပုံကတော့ ဒီနေ့ရိုက်လာတာပါ။ 7th July မတိုင်ခင်က ကပ်ထားတာလား ပြီးမှ ကပ်တာလားဆိုတာ မမှတ်မိပေမဲ့ 7th July နဲ့တော့ ဆက်စပ်နေပါတယ်။ အခုတလော ဒီနှစ် 7th July ကတော့ London ဗုံးဖောက်ခွဲမှု 2 နှစ်ပြည့်တာပါ။ Security တွေကိုလည်း တိုးပြီးတော့ ချထားတာတွေ့ရပါတယ်။ အထူးသဖြင့် Central London (Zone 1) လို နေရာမျိုးတွေမှာပေါ့ (ဖောက်လို့ ကောင်းတာကိုး)။ ဗုံးကိုကိုများ အဓိက Target ထားတဲ့ ရထားလိုင်းက Central Line ပါ။ ကျွန်တော်လည်း အလုပ်သွား ကျောင်းသွားရင် Central လိုင်းပဲ စီးနေရတာဆိုတော့ ... အင်း ... မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပဲ။

Comments

  1. မနက်ဖြန်ကျောင်းအသွား ရထားပေါ်မှာ ဗုံးအကြီးကြီး ပေါက်ပါစေဗျား။ ဆီဗုံးပေါက်ပြီး စာတွေမမြင်ရပါစေနဲ့ 

    ReplyDelete
  2. ဆုတောင်းကြမ်းသူ :P
    London Bridge နားလေးလို့ သတင်းကြားနေတယ် :P

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။