ဒီလို နေ့ထူးနေ့မြတ်မျိုးမှာ ကျွန်တော်တို့ မြန်မာ Blogger တွေဟာ အမှတ်တရ ပို့စ်တွေကို တင်၊ ဆုတောင်းသူက တောင်း၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ဝေသူက ဝေ စသည်ဖြင့် အမှတ်တရ တစ်ခုခုဖြစ်အောင် ရေးလေ့ရှိကြပါတယ်။ ကျွန်တော့အနေနဲ့တော့ ဗိုလ်ချုပ်သာကြားနိုင်မယ်ဆိုရင် ပြောပြချင်တဲ့ စကားလေးတွေ ရှိတယ်။
ဗိုလ်ချုပ်တို့ခေတ်တုန်းက ပြည်သူသည် အမိ၊ ပြည်သူသည်အဖ၊ တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာတာဖြစ်သည့်အတွက်၊ ပြည့်သူ့အကျိုးကို အစွမ်းကုန် သယ်ပိုးထမ်းဆောင်ရမည်။ ကိုယ်ရေးကိုယ်တာထက် တိုင်းပြည်ရေး၊ ပြည်သူ့အရေးကို အလေးပေးပြီး ဆောင်ရွက်ခဲ့ကြသည့်အတွက် တပ်မတော်သားဆိုလျှင် ပြည်သူများက ချစ်ခင်ကြင်နာခဲ့ကြတယ်နော်။ဗိုလ်ချုပ်သင်ပေးခဲ့တဲ့ စစ်ပညာကတော့ ဒီခေတ်အရ ခွေးကို ကျားစွယ်တိုက်ခဲ့သလို ဖြစ်နေပြီ။ ဒါပေမဲ့ မည်သို့ပင်ဖြစ်စေ ခွေးဟာ ခွေးပါပဲ။ ကျားစွယ်လေး တိုက်ထားလို့ စမာန်တက်ပြီး ကျားယောင်ဆောင်လည်း အတိုင်းအတာတစ်ခုထိပါပဲ။ စိတ်ထဲမှာ ယုံကြည်နေတာ တစ်ခုရှိတယ်။ အဲဒီခွေးဟာ နောက်ဆုံးနိဂုံးမှာ "ခွေးကျ၊ ၀က်ကျ ကျပြီး" တော့ ခွေးဇာတ်ခင်းရမယ် ဆိုတာပါပဲ။
အခုခေတ်မှာတော့ တပ်မတော်သည် အမိ တပ်မတော်သည်အဖ၊ ပြည်သူများအား တပ်မတော်က ထမင်းကျွေးထားသည့်အတွက် ပြည်သူများသည် တပ်မတော်ကို ကြောက်ရွံ့ရိုသေရမည်ဖြစ်ပြီး၊ တပ်မတော်မှ ခိုင်းသမျှ၊ ဂုတ်သွေးစုပ်သမျှ၊ နှိပ်စက်သမျှကို အာဏာအောက်တွင် တမိတ်မသုန် နာခံဆောင်ရွက်ရမည်။
ပြည်ထောင်စုနေ့လဲ သတိရတယ် ဗိုလ်ချုပ်မွေးနေ့လဲ သတိရတယ်ကွ မနက်ဖန် ဘယ်လင်တိုင်းကတော့ နာ့ဆရာကပြောတယ် ဘယ်လင်နဲ့တိုင်းတိုင်း ဒီလင်အကောင်းဆုံးတဲ့ အဟက်ဟက် :Pဘိုင်ဒဝေး ကလေးများနေ့က ဒီနေ့လား နာလဲ သိဘူး ကေ ကေ မှတ်ထားပါ့မယ်
ReplyDeleteသတိရရင် ပြီးတာပါပဲ :)
ReplyDelete