Skip to main content

Google Face Search

လူသုံးအများဆုံး Search Engine ကြီးတစ်ခုဖြစ်တဲ့ Goolge မှာ ပုံတွေရှာဖွေနိုင်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ နောက်တစ်နည်းအနေနဲ့ ပုံတွေထဲကမှ မျက်နှာတွေကိုပဲ သီးသန့်ရှာဖွေပေးနိုင်ပါသေးတယ်။ Google ရဲ့ စွမ်းဆောင်ချက်ကတော့ ကမ်းကုန်လွန်းလှပါတယ်။ စမ်းပြီး လုပ်ကြည့်ရအောင်။

ပထမဆုံးအနေနဲ့ Google image searh ကိုဖွင့်လိုက်ပါ။ Text Box ထဲမှာ Microsoft ဆိုတဲ့စာသားလေးကို ရိုက်ပါ။ ပြီးရင် search လုပ်ခိုင်းလိုက်ပါ။ အဲဒီအခါမှာ microsoft နဲ့ ပက်သက်တဲ့ image တွေကိုလာပြလိမ့်မယ်။ လာပြတဲ့ result ထဲမှာ လူပုံတွေ၊ logo တွေ၊ ကြော်ငြာတွေလည်း ပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့က face ကိုပဲ သီးသန့်ကြည့်ချင်တာဆိုတော့ address bar က address ရဲ့နောက်ဆုံးမှာ &imgtype=face ဆိုတာလေးကို ထည့်ပေးလိုက်ပါ။



ပြီးရင် enter ခေါက်ပြီး ထပ်ရှာတဲ့အခါမှာ မျက်နှာတွေချည်း သီးသန့်ပါတဲ့ result တွေကို တွေ့ရပါလိမ့်မယ်။

ကျန်းမာပျော်ရွှင်ပါစေ :)

Comments

  1. ဟေးရွှေမန်းသားလေးရေ...
    မျက်နှာမဟုတ်ဘဲတခြားကြည့်လို့ရဘူးလား...

    ReplyDelete
  2. အဲဒါလား .. ? သူတို့ကို ကျွန်တော် ရေးခိုင်းထားတုံးပဲရှိသေးတယ် :P

    ReplyDelete
  3. Anonymous11:23 am

    ကျေးဇူးအကိုရေ image
    ကို လိုချင်တဲ့ဆိုဒ် နဲ့ ဘယ်လိုရှာရလဲ ပြောပေးပါဦး

    ReplyDelete
  4. လိုချင်တဲ့ဆိုဒ်နဲ့ ရှာတာတော့ အစ်ကိုယ်လည်း မတွေ့ဘူးသေးဘူး။ ဒါပေမဲ့ small, large, medium, extra large စသည်ဖြင့် ရှာချင်ဆိုရင်တော့ Google Advanced Image Search ကို သုံးပြီး ရှာနိုင်ပါတယ်။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။