Skip to main content

ထီ ပိစိကွေးလေး ပေါက်ခြင်း :P

ထီပေါက်တယ်ဆိုလို့ millionaire၊ billionaire ဖြစ်ပြီလို့ မထင်လိုက်နဲ့ဦး :P အဲဒါကြောင့် ပို့စ်ခေါင်းစဉ်မှာ ပိစိကွေးလေးဆိုတာ ထည့်ထားတာ။ ပေါက်တဲ့ amount ကိုလည်း ကြည့်လိုက်ဦး။ ₤10 :P ဟဟ သူဌေးကြီးကိုဖြစ်လို့။ ဘာလို့ အဲလောက်ပဲ ပေါက်လဲဆိုတော့ England ထီမှာ အားလုံး ဂဏန်းခြောက်လုံးရှိတယ်ဗျ။ ကျွန်တော်က သုံးလုံးပဲတူတာ။ အဲတော့ အဲလောက် amount ပဲရတာပေါ့ဗျာ။ ခြောက်လုံးစလုံးများ တူလို့ကတော့ ဘာပြောကောင်းမလဲ။ Tower Bridge ပေါ်တက်ပြီး က နေလောက်ပြီ :P အဲဒါထက် မိုက်တာက Euro Million။ ပေါင် ၁၀ သန်းဝန်းကျင်လောက်ကနေ စတယ်။ England ထီ (lotto) ကတော့ ၂သန်းလောက်ကနေ စတာ။ Lotto က တစ်ပတ်ကို Wed နဲ့ Sat နှစ်ရက်ဖွင့်ပြီး လက်မှတ်က ၁ ပေါင်ပဲပေးရတယ်။ Euro Million ကတော့ Fri တစ်ရက်ပဲဖွင့်ပြီး သူထက် ပြား ၅၀ ပိုများတယ်။ ၁ပေါင်ခွဲ ပေးရတယ်။ ဒီမှာသုံးတဲ့စနစ်က ဒီတစ်ပတ် ပေါက်တဲ့သူမရှိရင် နောက်တစ်ပတ်ကျတော့ ဆုကြေးက ပိုပြီးတက်သွားတယ်။ အဲလိုအချိန်မှာ ပေါက်တဲ့သူကတော့ ပိုတန်တယ်။ ကျွန်တော်ထီထိုးရင် Lucky Dips ပဲထိုးတာများတယ်။ ဂဏန်းခြောက်လုံးကို ကိုယ်တိုင်မရွေးတော့ပဲ စက်ကိုပဲ ရွေးခိုင်းလိုက်တယ်။ ပေါက်ချင်တဲ့ကံ ပါရင် ပေါက်ကိုပေါက်လိမ့်မယ်။ ဟုတ်တယ်မလား :) ဒီတစ်ခါနဲ့ဆို ၁၀ ပေါင်ဖိုး ပေါက်ဖူးတာ ၂ ခါရှိသွားပြီ။ နောက် ... ၁၀ သန်းဖိုး ၂ ခါလောက် ပေါက်ဖို့ပဲ လိုတော့တယ် :P

ကျန်းမာပျော်ရွှင်ပါစေ :)

Comments

  1. ထီ ဆု အကြီးကြီး ခဏခဏပေါက် ပါစေဗျာ ...

    ReplyDelete
  2. ပေးတဲ့ဆုနဲ့ အခါတစ်သိန်းလောက် ပြည့်ပါစေဗျာ :P

    ReplyDelete
  3. Don't forget your promise na!

    ReplyDelete
  4. မမေ့ပါဘူးကွာ ထီသာပေါက်ပါစေ ချက်ချင်းကို လက်မှတ်ပို့လိုက်မယ် ;)

    ReplyDelete
  5. မျိုးကျော်ထွန်းကိုခေါ်ရင် နာ့ကိုလဲ ချန်ထားရဘူးနော် လာလည်မယ်ဆို
    ထီဆုကြီးများများ မြန်မြန်ပေါက်ပါစေနော်

    ReplyDelete
  6. အစ်မကို သဘောင်္လက်မှတ်ပို့လိုက်မယ်။ ရှူ့ခင်းကြီးပြီး အေးဆေးလာပေါ့ :P ဟတ်ဟတ်

    ReplyDelete
  7. Anonymous4:26 am

    ထီပေါက်တယ်ဆိုလို့ ဖိုးချမ်းကို မေးဖို့ မေးလ်ပို့လိုက်မယ်..

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

တကယ့်ကို မလွယ်ပါလား

စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

Mac မှ Adware များကိုဖယ်ရှားခြင်း

Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင် တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း target ထားလာကြပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ ကြော်ငြာတွေ၊ popup window အသေးလေးတွေ ပုံမှန်မဟုတ်တာတွေဖြစ်လာဖြစ်ဆိုရင်တော့ Mac ကို Adware ဝင်မဝင်စစ်ဆေးဖို့လိုပါပြီ။ အဲဒီအတွက် အသင့်တော်ဆုံးနဲ့ အလကားပေးထားတဲ့  Software ကတော့ AdwareMedic ပဲဖြစ်ပါတယ်။ Window အတွက်ကတော့ Malwarebytes  ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အခြားပြဿနာတွေ ကွန်ပျူတာမှဖြစ်နေရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ လက်လမ်းမှီသလောက် ရှာဖွေဖြေရှင်းပေးပါမယ်။ Download : AdwareMedic