Skip to main content

WEB SEO

ဒီ website လေးကတော့ Internet ရွာထဲမှာ အိမ်ပိုင်ထားသူ ... အဲ ... Blog ပိုင်ထားသူတွေအတွက် အသုံးဝင်မည့် site လေးတစ်ခုပါ။ Blog တွေပိုင်ဆိုင်ထားပြီး ကိုယ့်ဘလော့ကို လာကြည့်မည့်သူ မရှိရင် နည်းနည်းတော့ ပျင်းနေသလို ခံစားရလိမ့်မယ်။ အင်တာနက်ပေါ်မှာ ဘလော့ရေးတယ်ဆိုကတည်းက ကိုယ့်ရဲ့ အတွေ့အကြုံတွေ ပညာတွေ မျှဝေချင်တာရယ် အပေါင်းအသင်းတွေ များလာချင်တာရယ်၊ ကိုယ်နဲ့ဝါသနာတူတွေ၊ စိတ်တူကိုယ်တူတွေ တွေ့ချင်တာရယ်၊ စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရေးကြပါတယ်။ ဒါပေမဲ့ ကိုယ့်ဘလော့မှာ visitor မလာလို့ ကွန့်မန့်လေးတွေမရှိရင် (သို့) message လေးတွေချန်မထားခဲ့ဘူးဆိုရင် ဈေးဆိုင်ဖွင့်ပြီး ဈေးဝယ်မည့်သူမရှိသလို ဖြစ်နေပါလိမ့်မယ် razz

ဘလော့ကို ရောက်လာကြသူများသည် များသောအားဖြင့် Google မှာ တစ်ခုခုကို ရှာဖွေကြရင်းတွေ့လို့ ရောက်လာကြတာက ပိုများပါတယ်။ တစ်ချို့ကလည်း Direct Traffic အနေနဲ့ရောက်လာကြတာလည်း ရှိပါတယ်။ အဲဒီတော့ Google, Yahoo, MSN စတဲ့ search engine ကြီးတွေရဲ့ search list ထဲမှာ ကိုယ့်ဘလော့နာမည် ပါဝင်နေအောင် ဘယ်လို Technique တွေနဲ့ လုပ်ဆောင်ရမယ်ဆိုတာကို ဒီဆိုဒ်လေးက လမ်းညွှန်မှုပေးသွားမှာ ဖြစ်တဲ့အပြင် အခြားအခြားသော အသုံးဝင်တဲ့ Technique လေးတွေကိုပါ လေ့လာတွေ့ရှိနိုင်မှာဖြစ်ပါတယ်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ချစ်ခြင်းရင်ခုန် ယုံကြည်စွာဖြင့်

မန္တလေးမှာ ရိုက်ထားတဲ့ ဇာတ်လမ်းလေး၊ အရမ်းကြိုက်တယ်။ ရန်ကင်တောင်နားက နည်းပညာတက္ကသိုလ်ထဲမှာ နောက်ခံထားပြီးရိုက်ထားတယ်။ နောက်ခံသီချင်းလေးလည်း အရမ်းမိုက်တယ်။ ဒွေး ဆိုထားတာ။ ဒီဇာတ်ကားလေးကြည့်ပြီး နည်းပညာတက္ကသိုလ်မှာ Evening Class တက်တုန်းက သွားခဲ့တဲ့အချိန်တွေကို သတိရမိတယ်။ တကယ်တော့နည်းပညာတက္ကသိုလ်ဟာ ကျွန်တော်အရင်တုန်းက နေခဲ့တဲ့အိမ်နဲ့ နီးနီးလေး။ အရင်တုန်းက ရန်ကင်းတောင်ခြေက မန္တလေး သမ၀ါယမကောလိပ်မှာ နေခဲ့တယ်။ ငယ်ငယ်လေးကတည်းကပေါ့။ ရန်ကင်းတောင်တ၀ိုက်ဟာ အရမ်းသာယာတဲ့နေရာလေးပါပဲ။ ရေတံခွန်တောင်နဲ့လည်း နီးနီးလေး။ မေမြို့ကိုလည်း ဆက်သွားလို့ရသေးတယ်။ ပြီးတော့ ရန်ကင်းတောင်ခြေနားလေးမှာ မြကျောက်စေတီဆိုတာရှိတယ်။ အဲဒီမှာ သဘာဝအတိုင်း ရေသန့်တွေထွက်နေတယ်။ မြကျောက်ဆရာတော် ဆိုတာလည်းရှိတယ်။ နာမည်ကြီးပေါ့။ လူကြီးပိုင်းတွေ တော်တော်ကိုးကွယ်ကြတယ်။ အထူးသဖြင့် နန်းတွင်းထဲက လုလင်တွေပေါ့။ ဒီဇာတ်ကားလေးတင်ပေးတဲ့ ခရမ်းပြာအိမ်မက် မှ ကိုကို မမ များကို ကျေးဇူးတင်ပါ၏။ [ အပိုင်း ၁ ] [ အပိုင်း ၂ ]

စမူ = ဇယ် = ရည်းစား = စော် = ချစ်သူ

မြန်မာစကားရဲ့ အရှုပ်တော်ပုံလေးတွေကို နည်းနည်းစဉ်းစားမိပြီး ရေးမိတာပါ။ ပြီးတော့ ၈တန်းတုန်းက အင်္ဂလိပ်စာသင်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ဟာလေးကိုလည်း သွားပြီးသတိရမိလို့ပါ။ အဲဒီဆရာကြီးက မန်းလေးရေစစ်ကန်နားလေးမှာနေတယ်။ သူပြောတာက ဘာလဲဆိုတော့ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေးတွေကို ခေါ်ဝေါ်သုံးစွဲပုံလေးပါ။ ဒီခေတ်မှာတော့ ကိုယ့်ရည်းစားကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းလေးကတော့ "စော်" တဲ့ ... အင်း ... ခေါ်ရတာတော့ တော်တော် ကသီးကအောက်နိုင်ပါတယ်။ [ ဟေ့ကောင် .. ငါ့စော်ကို တွေ့မိလား ... ကျွန်တော်တို့ ယောက်ျားလေးတွေ အချင်းချင်း မေးလေ့မေးထရှိကြတဲ့ စကားတွေပါ] အင်း ... သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကြားရတဲ့သူအတွက်လည်း ကသီးကအောက်နိုင်လွန်းလှပါတယ်။ ကျွန်တော့်ဆရာကြီးပြောတာကတော့ ဆန်းတယ်ဗျ ကျွန်တော်လည်းမကြားဘူးဖူး ... ဟီးဟီး။ သူတို့လူပျိုတုန်းက "စော်" အစား "စမူ" လို့ခေါ်တာတဲ့ အဲဒီကမှတဆင့် "ဇယ်" ဆိုတာဖြစ်လာတယ်တဲ့ ပြီးတော့ မင်းတို့ ခေတ်ရောက်မှ ရည်းစား ... အဲဒီကမှ "စော်" ဆိုတာကြီး ဖြစ်သွားတာတဲ့။ တော်တော်တော့ စဉ်းစားကြည့်သေးတယ်ဗျ ဘာလို့ "စမူ" လို့ခေါ်သလဲပေါ့ ဟီးဟ...