မနေ့က လုံဒုံအရှေ့ပိုင်းမှ အနောက်ပိုင်းသို့ အခန်းပြောင်းခဲ့တယ်။ အခုပြောင်းတဲ့ နေရာကတော့ အဆင်ပြေတယ်။ ဘယ်လောက်ထိ အဆင်ပြေလဲဆိုရင် စရောက်တဲ့နေ့မှာပဲ Heater ပျက်နေတယ် :P ဒါပေမဲ့ အိမ်မှာရှိတဲ့ အစ်ကိုကြီး အစ်မကြီးတွေကတော့ သဘောကောင်းကြပါတယ်။ တော်တော်များများက ကျွန်တော့်အစ်မနဲ့ သိပြီးသားတွေ။ အခန်းဖော် အစ်ကိုကြီးတစ်ယောက်နဲ့ နေရတယ်။ အခန်းခကလည်း သက်သာတယ်။ တစ်ခုရှိတာက အရင်နေခဲ့တဲ့နေရာလောက် Travel မလွယ်ဘူး။ Bus ကိုပဲ အားကိုးရတော့မှာ။ အရင်နေရာဟောင်းကတော့ Tube Station နဲ့နီးတယ်။ Travel အတွက်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အလုပ်နဲ့ကျတော့ အရှေ့နဲ့အနောက် ဖြစ်နေပြန်ရော။ နေရာသစ်က လုံဒုံအနောက်ပိုင်းဆိုတော့ အလုပ်နဲ့ ပိုနီးသွားတယ်။ ဒါပေမဲ့ နေရာတိုင်းကြည့်လိုက်ရင် မဲမဲ မဲမဲတွေချည်းပဲ။ ညပိုင်း အပြင်ထွက်ရင် ပိုပြီးသိသာတယ်။ လမိုက်ညမှာ ကပ္ပလီတွေ မီးသွေးရောင်းနေကြသလိုပေါ့ :P
အင်တာနက် နဲ့ ကွန်ပျူတာ ကိစ္စကတော့ အဆင်ပြေသွားပြီ။ ဒီနေ့ပဲ Laptop တစ်လုံးဝယ်လိုက်တယ် (ကြော်ငြာဝင်တာ :P) Buy now, Pay Later ဆိုတော့ လည်း ၀ယ်တာပေါ့။ အဲလို Promotion တွေကို သဘောကျတယ်။ များများသာလုပ်။ အခုလောလောဆယ်(ဒီည)တော့ အစ်မရဲ့အခန်းကိုပဲ ပြန်ရောက်နေတယ်။ မဟုတ်ရင် နှစ်ရက်သုံးရက်လောက် ရေမချိုးတဲ့ တေလေဂျပိုး ဖြစ်နေလိမ့်မယ်။ ဟုတ်တယ်လေ။ Heater ပျက်နေတာ ဘယ်လိုလုပ် ချိုးနိုင်မလဲ။ မျက်နှာသစ်တာတောင် ရေခဲနဲ့ ပွတ်နေသလား အောက်မေ့ရတယ်။ အဲလို အခြေအနေမျိုးမှာ ရေချိုးရအောင် Power Ranger လဲမဟုတ် :P
ဒီနေ့ မနက် ၇ နာရီကတည်းက ထွက်လာတာ တစ်နေကုန်ပဲ။ အရေးထဲ ရထားလက်မှတ်ကို သေချာမကြည့်မိဘဲ ၀ယ်မိတာ Underground နဲ့ Overground မှားသွားလို့ ငါးကျပ်လောက် ပိုထွက်သွားတယ်။ Careless ဖြစ်တဲ့ကောင် ... နည်းတောင် နည်းသေးတယ်။ ထောင်ပါကျရမှာ။ ကျောင်းရောက်တော့လည်း Module Registration လုပ်ဖို့အရေး စောင့်လိုက်ရတဲ့လူတွေ။ ဖြစ်သင့်ပါတယ် ... ကျောင်းကလည်း ဖွင့်ခါစကိုး။ မနက်ဖြန်နေ့လည်မှပဲ နေရာသစ်ကိုပြန်တော့မယ် (အင်း ... Heater တော့ ပြန်ရကောင်းပါရဲ့) ... အခုတော့ ယူ(အိပ်)လိုက်ဦးမယ်။ တာ့တာ :)
hin..tha nar par de!!
ReplyDeletei also no like moving places!
but what to do!
hope everything will turn out well..smoothly and troublelessly !
jia jia you..
:D
ps: accidently come by ur site!
nice..wil keep droping by.hope u dun mind naw :P
Hope you're doing well at there
ReplyDeleteပြန်ရောက်ပြီပေါ့။
ReplyDeletehaha.. ကပ္ပ္ပ္ပ္ပလီတွေ ညမှာ မီးသွေးရောင်းလို့ ကြုံရင် ခဏလောက် ဓာတ်ပုံရိုက်ခဲ့ပါနော်။ (flash မဖွင့်နဲ့ အလင်းပြန်သွားလိမ့်မယ်။)
ိdilobear : i don't mind coz: u felt b4 :)
ReplyDeletemyo kyaw htun : thx :)
thinzar : ကင်မရာက Flah ပျက်နေတယ် :P
ကပ္ပလီတွေက မီးသွေးရောင်းတုန်း ကိုချမ်းကြီးက တုတ်ထိုးရောင်းဦး heater ပျက်ရင် ပရုတ်ဆီလူး ပြီးတော့ ရပ်စောင့်ရမယ် တစ်နာရီလောက် ရပ်စောင့်ပါ အဟဲဟဲ
ReplyDeleteျWish everything goes well with you in new place. (ဘူမိနက်သန် နေရာမှန်ပြီး ဟန်ကျပါစေဗျို)
အတွေ့အကြုံ ရှိဖူးသူတွေရဲ့စကား သေချာနားထောင်မှ :P
ReplyDelete