Skip to main content

Moving to the west

မနေ့က လုံဒုံအရှေ့ပိုင်းမှ အနောက်ပိုင်းသို့ အခန်းပြောင်းခဲ့တယ်။ အခုပြောင်းတဲ့ နေရာကတော့ အဆင်ပြေတယ်။ ဘယ်လောက်ထိ အဆင်ပြေလဲဆိုရင် စရောက်တဲ့နေ့မှာပဲ Heater ပျက်နေတယ် :P ဒါပေမဲ့ အိမ်မှာရှိတဲ့ အစ်ကိုကြီး အစ်မကြီးတွေကတော့ သဘောကောင်းကြပါတယ်။ တော်တော်များများက ကျွန်တော့်အစ်မနဲ့ သိပြီးသားတွေ။ အခန်းဖော် အစ်ကိုကြီးတစ်ယောက်နဲ့ နေရတယ်။ အခန်းခကလည်း သက်သာတယ်။ တစ်ခုရှိတာက အရင်နေခဲ့တဲ့နေရာလောက် Travel မလွယ်ဘူး။ Bus ကိုပဲ အားကိုးရတော့မှာ။ အရင်နေရာဟောင်းကတော့ Tube Station နဲ့နီးတယ်။ Travel အတွက်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အလုပ်နဲ့ကျတော့ အရှေ့နဲ့အနောက် ဖြစ်နေပြန်ရော။ နေရာသစ်က လုံဒုံအနောက်ပိုင်းဆိုတော့ အလုပ်နဲ့ ပိုနီးသွားတယ်။ ဒါပေမဲ့ နေရာတိုင်းကြည့်လိုက်ရင် မဲမဲ မဲမဲတွေချည်းပဲ။ ညပိုင်း အပြင်ထွက်ရင် ပိုပြီးသိသာတယ်။ လမိုက်ညမှာ ကပ္ပလီတွေ မီးသွေးရောင်းနေကြသလိုပေါ့ :P

အင်တာနက် နဲ့ ကွန်ပျူတာ ကိစ္စကတော့ အဆင်ပြေသွားပြီ။ ဒီနေ့ပဲ Laptop တစ်လုံးဝယ်လိုက်တယ် (ကြော်ငြာဝင်တာ :P) Buy now, Pay Later ဆိုတော့ လည်း ၀ယ်တာပေါ့။ အဲလို Promotion တွေကို သဘောကျတယ်။ များများသာလုပ်။ အခုလောလောဆယ်(ဒီည)တော့ အစ်မရဲ့အခန်းကိုပဲ ပြန်ရောက်နေတယ်။ မဟုတ်ရင် နှစ်ရက်သုံးရက်လောက် ရေမချိုးတဲ့ တေလေဂျပိုး ဖြစ်နေလိမ့်မယ်။ ဟုတ်တယ်လေ။ Heater ပျက်နေတာ ဘယ်လိုလုပ် ချိုးနိုင်မလဲ။ မျက်နှာသစ်တာတောင် ရေခဲနဲ့ ပွတ်နေသလား အောက်မေ့ရတယ်။ အဲလို အခြေအနေမျိုးမှာ ရေချိုးရအောင် Power Ranger လဲမဟုတ် :P

ဒီနေ့ မနက် ၇ နာရီကတည်းက ထွက်လာတာ တစ်နေကုန်ပဲ။ အရေးထဲ ရထားလက်မှတ်ကို သေချာမကြည့်မိဘဲ ၀ယ်မိတာ Underground နဲ့ Overground မှားသွားလို့ ငါးကျပ်လောက် ပိုထွက်သွားတယ်။ Careless ဖြစ်တဲ့ကောင် ... နည်းတောင် နည်းသေးတယ်။ ထောင်ပါကျရမှာ။ ကျောင်းရောက်တော့လည်း Module Registration လုပ်ဖို့အရေး စောင့်လိုက်ရတဲ့လူတွေ။ ဖြစ်သင့်ပါတယ် ... ကျောင်းကလည်း ဖွင့်ခါစကိုး။ မနက်ဖြန်နေ့လည်မှပဲ နေရာသစ်ကိုပြန်တော့မယ် (အင်း ... Heater တော့ ပြန်ရကောင်းပါရဲ့) ... အခုတော့ ယူ(အိပ်)လိုက်ဦးမယ်။ တာ့တာ :)

Comments

  1. hin..tha nar par de!!
    i also no like moving places!
    but what to do!
    hope everything will turn out well..smoothly and troublelessly !

    jia jia you..
    :D

    ps: accidently come by ur site!
    nice..wil keep droping by.hope u dun mind naw :P

    ReplyDelete
  2. Hope you're doing well at there

    ReplyDelete
  3. ပြန်ရောက်ပြီပေါ့။
    haha.. ကပ္ပ္ပ္ပ္ပလီတွေ ညမှာ မီးသွေးရောင်းလို့ ကြုံရင် ခဏလောက် ဓာတ်ပုံရိုက်ခဲ့ပါနော်။ (flash မဖွင့်နဲ့ အလင်းပြန်သွားလိမ့်မယ်။)

    ReplyDelete
  4.ိdilobear : i don't mind coz: u felt b4 :)

    myo kyaw htun : thx :)

    thinzar : ကင်မရာက Flah ပျက်နေတယ် :P

    ReplyDelete
  5. ကပ္ပလီတွေက မီးသွေးရောင်းတုန်း ကိုချမ်းကြီးက တုတ်ထိုးရောင်းဦး heater ပျက်ရင် ပရုတ်ဆီလူး ပြီးတော့ ရပ်စောင့်ရမယ် တစ်နာရီလောက် ရပ်စောင့်ပါ အဟဲဟဲ

ျWish everything goes well with you in new place. (ဘူမိနက်သန် နေရာမှန်ပြီး ဟန်ကျပါစေဗျို)

    ReplyDelete
  6. အတွေ့အကြုံ ရှိဖူးသူတွေရဲ့စကား သေချာနားထောင်မှ :P

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။