Skip to main content

ထမနဲ

စားရကံပါလို့ မုတ်ဆိတ်ကျားဆွဲတယ် .. အဲလေ ..ပျားဆွဲတယ် ပြောရမလားပဲ ဟိဟိ ဒီနေ့ ဘေးအခန်းက အသိတစ်ယောက်က ထမနဲလာပေးတယ်ဗျာ။ Wembly ဘုန်းကြီးကျောင်းမှာ ဒီနေ့ထမနဲပွဲရှိလို့ ယူလာတာတဲ့။ ကျွန်တော်တော့ သိတောင်မသိဘူး။ ကိုယ့်ဘာသာကိုယ် စာလုပ်နေတာ (အကြောင်းပြတာ razz) ဓာတ်ပုံတော့ရိုက်ပြီး ဒီမှာတင်ချင်ပါရဲ့ ဒါပေမဲ့ ကျွန်တော်မျိုးဘလော့က အခုတော့လည်း လည်ပင်းကို နှစ်ပိသာအလေး ချိတ်ပေးထားသလို လေးနေတာကြောင့် မတင်တော့ဘူး။ စားချင်တဲ့သူများလည်း သရေကျခြင်း ဒုက္ခမှ ကင်းဝေးသွားတာပေါ့ wink ထမနဲက ကောင်းတော့ ကောင်းတယ်ဗျ ဒါပေမဲ့ မန်းလေးက ဒေါ်ရှိ ထမနဲကိုတော့ မမှီဘူး။ ၈၂ လမ်း ၃၃နှင့် ၃၄ ကြားကလေ။ မစားဖူးရင် သွားစားကြည့်။

( ဟင်း ... ကိုယ့်ဘက် ကိုယ်ယက် ကိုယ့်ငါးချဉ် ကိုယ်ချဉ် နေပြန်ပြီ razz )

သူများတွေ မပြောခင် ကြိုပြောထားတာ wink

Comments

  1. “ထမနဲ” လား “နှမ်းမနဲ” လားတော့ စာလုံးပေါင်းမသိတော့ .. ဒါပေမဲ့ .. နဲတာတော့ နဲတာပဲ သိတယ်.. အဲ့ဒိ ဒေါ်ရှိ ဆိုင်ကတော့ အတော့်ကို နဲတာ .. (အဲ ယောင်လို့) .. အတော့်ကိုကောင်းပါ့ဗျာ .. CMS ပြောသလို မစားဘူးရင် သွားစားကြည့်ကြပါ .. (ဒေါ်ရှိရေ ကြေငြာခလေးတော့ ပေးပါ :D)။ ရေးရင်းနဲ့ သရေကျချင်လာပြီ။ :D :P

    ReplyDelete
  2. Anonymous12:28 pm

    မရောက်တာတောင်ကြာပြီ။ ဘလော့ဂ်ဒီဇိုင်းက ရေလည်မိုက်တယ်။ ထမနဲကတော့သိပ်မကြိုက်ဘူးဗျ။ ကြုံရင်တော့သွားစားဦးမှ။

    ReplyDelete
  3. # ကိုတိုး
    ဒေါ်ရှိက နှစ်မျိုးလုံးထင်တာပဲ ဟိဟိ
    ၃ ရက်နေ့ကျရင် ထမနဲပွဲရှိသေးတယ်ဗျ

    # ကိုဝေဖြိုး
    ဟုတ်တယ်ဗျာ မတွေ့တာကြာပြီ
    အားလုံးအဆင်ပြေတယ်မလား
    မန်းလေးရောက်ရင် သွားစားကြည့်
    ဆွေမျိုးမေ့သွားမယ် :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။