Skip to main content

MOTHER's DAY

အမေများနေ့။ အမေတွေရဲ့ ခမ်းနားကြီးမားတဲ့ ချစ်ခြင်း မေတ္တာကို ချီးမွမ်း ဂုဏ်ပြုတဲ့နေ့။ ဒီလိုနေ့မျိုးမှာ ကျွန်တော်အပါအ၀င် အားလုံး အမေကို လွမ်းဆွတ် သတိရနေကြမှာပါ။ မိဘရင်ခွင်အဝေး ရောက်နေတဲ့သူတွေ ပိုပြီး သတိရတာပေါ့ဗျာ။ မိဘမေတ္တာ ငတ်မွတ်နေတယ်ပဲ ဆိုရမှာပေါ့။

အမေကို သက်ရှိထင်ရှား ပိုင်ဆိုင်နေသူတွေရော၊ အမေ ဆုံးရှုံးသွားခဲ့ရတဲ့ သူတွေအတွက်ရော ပျော်ရွှင်ဖွယ်ရာ သတိရ အောက်မေ့ဖွယ်ရာ နေ့လေးတစ်နေ့ ဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။ အမေ မိဘဆိုတာ မသေခင် လုပ်ကျွေးပြုစုရတာ ဖြစ်တဲ့အတွက် မိဘ သက်ရှိထင်ရှား ရှိစဉ်မှာ မပြစ်မှားမိဘို့နဲ့ စိတ်ဆင်းရဲအောင် မပြုလုပ်မိဘို့ ကိုယ့်ကိုယ်ကို သတိပေးတဲ့အနေနဲ့ရော သူငယ်ချင်း အပေါင်းအသင်းများကို သတိပေးတဲ့အနေနဲ့ပါ ဒီစာသား/ပို့စ်ကို ရေးသားလိုက်ရပါတယ်။ အမေ ... ကျန်းမာရွှင်လန်းပြီး သက်ကျော်ရာကျော် ရှည်ပါစေ။

Comments

  1. Anonymous2:21 am

    အဟင့်..အဟင့်..mammy ကိုသတိရလာပြီနော်..သွားခေါ်ပေး..ဗြဲဗြဲ......
ိခုလေးတင် mammy နဲ့စကားပြောပြီးတာ..mammy တော့ပျော်နေတာပဲ..ဆို..ယူတို့ mammy လဲပျော်နေကြမှာပါ..

    ReplyDelete
  2. ဖုန်းဆက်ပြီးပြီမလား ... အမေနေ့မှာ အမေ့နဲ့တွေ့ရ အမေ့အသံကိုကြားရတဲ့အတွက် ၀မ်းသာပါတယ် :)

    ReplyDelete
  3. Same to you, Ko Chan.

    ReplyDelete
  4. ဒီပို့စ် ကိုဖတ်ရတာ အေးမြတဲ့ အမေ့မေတ္တာကို သတိရတယ်ဗျာ။ Happy Mother's Day ပါဖိုးချမ်း။

    ReplyDelete
  5. MKH & byN : thz: အမေတွေအားလုံး ကျန်းမာချမ်းသာ ပါစေကြောင်း ဆုတောင်းပါတယ်ဗျာ :)

    ReplyDelete
  6. အမေကစိတ်ကြီးတယ်။
    အမေကို စိတ်ညစ်အောင်လုပ်ဖူးတယ်..
    အဲ့ဒီအတွက်..တဘ၀လုံး စိတ်မချမ်းသာပါဘူး.. အမေရယ်
    လို့တောင်းပန်ချင်ပါတယ်.လက်မခံဘူး။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

စမူ = ဇယ် = ရည်းစား = စော် = ချစ်သူ

မြန်မာစကားရဲ့ အရှုပ်တော်ပုံလေးတွေကို နည်းနည်းစဉ်းစားမိပြီး ရေးမိတာပါ။ ပြီးတော့ ၈တန်းတုန်းက အင်္ဂလိပ်စာသင်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ဟာလေးကိုလည်း သွားပြီးသတိရမိလို့ပါ။ အဲဒီဆရာကြီးက မန်းလေးရေစစ်ကန်နားလေးမှာနေတယ်။ သူပြောတာက ဘာလဲဆိုတော့ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေးတွေကို ခေါ်ဝေါ်သုံးစွဲပုံလေးပါ။ ဒီခေတ်မှာတော့ ကိုယ့်ရည်းစားကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းလေးကတော့ "စော်" တဲ့ ... အင်း ... ခေါ်ရတာတော့ တော်တော် ကသီးကအောက်နိုင်ပါတယ်။ [ ဟေ့ကောင် .. ငါ့စော်ကို တွေ့မိလား ... ကျွန်တော်တို့ ယောက်ျားလေးတွေ အချင်းချင်း မေးလေ့မေးထရှိကြတဲ့ စကားတွေပါ] အင်း ... သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကြားရတဲ့သူအတွက်လည်း ကသီးကအောက်နိုင်လွန်းလှပါတယ်။ ကျွန်တော့်ဆရာကြီးပြောတာကတော့ ဆန်းတယ်ဗျ ကျွန်တော်လည်းမကြားဘူးဖူး ... ဟီးဟီး။ သူတို့လူပျိုတုန်းက "စော်" အစား "စမူ" လို့ခေါ်တာတဲ့ အဲဒီကမှတဆင့် "ဇယ်" ဆိုတာဖြစ်လာတယ်တဲ့ ပြီးတော့ မင်းတို့ ခေတ်ရောက်မှ ရည်းစား ... အဲဒီကမှ "စော်" ဆိုတာကြီး ဖြစ်သွားတာတဲ့။ တော်တော်တော့ စဉ်းစားကြည့်သေးတယ်ဗျ ဘာလို့ "စမူ" လို့ခေါ်သလဲပေါ့ ဟီးဟ...