Skip to main content

Top Antivirus Performers

Virus တွေ အင်မတန် ခြေရှုပ်လှတဲ့ အင်တာနက် ကမ္ဘာကြီးထဲမှာ serurity ပိုင်းကလည်း ပိုပြီး အရေးကြီးလာပါတယ်။ အခုနောက်ပိုင်း Account ဖောက်ခံရတဲ့သတင်းတွေ ခဏခဏ ကြားရပါတယ်။ ကိုယ်သုံးတဲ့ Antiviurs က Super မဟုတ်ရင်တောင် ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ဟာ ဖြစ်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ Virus ကိုက်တာနဲ့ ဗျာများနေရမှာပါ။ ဘယ်ဟာကောင်းလဲဆိုတာ မသုံးကြည့်ခင် အသုံးပြုခဲ့တဲ့ User တွေရဲ့ Review တွေကို လိုက်ပြီး ဖတ်ကြည့်သင့်ပါတယ်။ နောက်မှ ကိုယ်သုံးချင်တဲ့အနေအထားနဲ့ ကိုက်ညီမည့် package ကို ရွေးချယ်တာ ပိုပြီးသင့်တော်ပါတယ်။

PCWorld.com မှာတော့ Top Antivirus Performers 8 ခုရွေးချယ်ထားတာ တွေ့ရပါတယ်။
  1. Kaspersky Antivirus 6
  2. Symantec Norton Antivirus 2007
  3. BitDefender Antivirus 10
  4. Eset NOD32
  5. Panda Antivirus 2007
  6. Alwil Avast 4 Antivirus Professional Edition
  7. Grisoft AVG 7.5 Professional
  8. Trend Micro Antivirus plus Antispyware 2007
ကျွန်တော်ကတော့ အခုလောလောဆယ် Norton AV-2007 သုံးနေပါတယ်။ ထိထိရောက်ရောက်ရှိပါတယ်။ ပြဿနာကတော့ Install နဲ့ Initial Scan မှာပါပဲ။ အချိန်နည်းနည်းကြာလို့ပါ။ နောက်ပိုင်းကတော့ အိုကေပါတယ်။

တစ်ခါတလေ တစ်ချို့ AV အသစ်တွေကိုတော့ စမ်းသပ်တဲ့အနေနဲ့ သုံးဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဒီဘူတာ (Norton) ပဲ ဆိုက်တာပါ။ နောက်ပြီး Norton က တစ်ခြား Antivirus တွေထက်စာရင် တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး ရှင်းပေးနိုင်တယ်။ တစ်ချို့ AV တွေဆို Virus တွေ့ရင် ကုလားဘုရား လှည့်သလိုပဲ ဆူညံအောင် အသံထွက်လာတယ်။ "တုန်" .. "တန်" နဲ့ ဘာသံတွေမှန်းမသိဘူး။ နောက် ... Antivirus တွေနဲ့ ပက်သက်တဲ့ site တစ်ခုကို လမ်းညွှန်ချင်ပါတယ်။ ဘက်မလိုက် အဖွဲ့တော်သားများ စမ်းသပ်ထားတာပေါ့။ သူတို့ရဲ့ Review ကိုလည်း ဖတ်ကြည့်နိုင်ပါတယ်။

List မှာပါတဲ့အတိုင်း Top ဖြစ်တဲ့ဟာကို သုံးချင်တဲ့ မိတ်ဆွေများအတွက် Kaspersky Antivirus 6 (18mb) ကို လှူဒါန်းလိုက်ပါတယ် ... အဲ .. တင်ပေးလိုက်ပါတယ်။ Key တွေလည်း ပါပြီးသားပါ။ 2010 ထိပါတဲ့ Keyfile လည်း ပါပါတယ်။ ကြိုက်တဲ့ Key နဲ့သာ ဖွင့်သုံးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ Initial Scan ကိုတော့ စိတ်ရှည်ရှည်စောင့်ရပါမယ်။ သူ့ကို မသုံးခင် သူ့ရဲ့ Capabilities နှင့် Features တွေကိုလည်း ဖတ်ကြည့်ပါဦး။

New Capabilities
  • On-the-fly scanning of emails & Internet traffic
  • Proactive defense against new malicious programs
  • Optimized antivirus scanning
  • Protection from rootkits
  • Instant database updates
  • Simplicity and ease of use
Key Features
  • Protection from viruses, Trojans and worms
  • Protection from spyware, adware and other potentially hostile programs
  • Antivirus scanning for removable data storage media
  • Scanning and disinfection of archived files
  • Protection from dangerous macros in Microsoft Office documents
  • Rollback of changes made by malicious programs on your computer
  • Support for Windows Vista™ and 64-bit systems
Norton AV 2007 ဒါမှမဟုတ် 360 ကိုသုံးချင်တယ် ဆိုရင်တော့ Activate Instuction နဲ့ Key ကို နောက်ထပ် ပို့စ်တစ်ခုအနေနဲ့ တင်ပေးပါဦးမယ်။ Virus ကိုက်ခြင်း ဒုက္ခမှ ကင်းဝေးကြပါစေ :D

ဒါလေးတွေကိုလည်း မမေ့နဲ့ပေါ့ >> CCleaner, Spybot

Comments

  1. Anonymous8:15 am

    မောင်ချမ်း.. ကျေးဇူးပဲ ။ ဒါလေး အတော်အဆင်ပြေတယ် ။ အိမ်ကဟာတွေ နေ့အောက်တော့မှာနဲ့ အတော်ပဲ ။

    ReplyDelete
  2. ၀မ်းသာပါတယ်ဗျာ :)

    ReplyDelete
  3. Download လုပ် လို့ မရပါ။

    ReplyDelete
  4. ဘယ်ကနေ Try နေလဲ မသိဘူးခင်ဗျ။ ကျွန်တော့်ဆီကနေတော့ Download ရပါတယ်

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။