Andy Wibbels ပြောထားတဲ့ Video က အရမ်းရီဖို့ ကောင်းသလို ပညာလည်း ရပါတယ်။ ကျွန်တော်အပါအ၀င် First time blogging လုပ်တဲ့ blogger တွေမှာ ဖြစ်တတ်တာလေးတွေပါ။ video ကို ကြည့်လိုက်ရင် သူဘာကို ဆိုလိုလဲ ဆိုတာ နားလည်ပါလိမ့်မယ်။ ကြည့်ပြီးရင်တော့ ရှောင်သင့်တာရှောင် ဆောင်သင့်တာဆောင်ဖို့ Idea တော့ ရမယ်ထင်ပါတယ်။
သူပြောထားတာလည်း တကယ် လက်တွေ့ကျပါတယ်။ Newbie တွေမှ မဟုတ်ပါဘူး Blogging လုပ်နေတဲ့ Blogger တိုင်း လိုက်နာသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို မြန်မာ Blogger တွေအတွက် CBox လိုမျိုး Tool ကတော့ ချွင်းချက်ပေါ့လေ။ အဓိက ပြဿနာက Loading Time ပဲ။ အရင်တုန်းက ကျွန်တော် Loading Time မြန်အောင်ဆိုပြီး Cbox ကို အပြင်ကို ထုတ်သေးတယ်။ Loading မှာတော့ နဲနဲမြန်တာပေါ့လေ။ ဒါပေမဲ့ တစ်ခြားဘက်မှာ ပြန်ကြည့်ရင် ပျင်းလာတယ်။ ဒီလိုဗျာ ... ကိုယ့် blogမှာ CBox မထားဘဲနဲ့ သူများ blogကို သွားလည်ကြည့်။ သူများတွေ အော်ထားတာ ပြောထားတာတွေကြည့်ရင် ကိုယ်လည်း နဲနဲတော့ Lonly ဖြစ်သလိုခံစားရလိမ့်မယ်။ ကျွန်တော့်အမြင်ပေါ့လေ။ နောက်ပြီး တစ်ချို့ web site တွေကို ကျွန်တော် ဒီကနေ Browse လုပ်တာတောင် တက်တာအရမ်းကြာတယ်။ စဉ်းစားကြည့်တယ် မြန်မာပြည်က Internet connection နဲ့ browse လုပ်မယ်ဆိုရင် ... 

Blogs တွေကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရေးကြတာပါ။ ဒါပေမဲ့ Blogging Standard လေးတွေရှိရင် ပိုပြီးကောင်းမယ်ထင်ပါတယ်။ ဥပမာ ငယ်ငယ်တုန်းက လေးကြောင်းမျဉ်းနဲ့ ၀ လုံးလေး စနစ်တကျ ရေးတတ်အောင် သင်သလိုပေါ့။ "မင်းကရော Standard ဘယ်လောက်ရှိလို့လဲ" မေးရင်လည်း ကျွန်တော်ဖြေမှာက သုညပါ။ ဟုတ်ပါတယ် ကျွန်တော်လည်း ရအောင် ကြိုးစားနေဆဲပဲ
ဒါပေမဲ့ တော်တော်ဝေးပါသေးတယ်။ နောက်ပြီး ကိုယ့်ရဲ့ ဘလော့ဟာ Usability Standard နဲ့ ကိုက်မယ်ဆိုရင် ကိုယ့်ရဲ့ Visitor က ကိုယ့်ကို Impress ဖြစ်တာပေါ့။ "ငါ့ Blog ငါလုပ်တာ ဘယ်သူမှ အရေးမလုပ်ဘူး" ဆိုရင်တော့ တစ်မျိုးထားလိုက်ပါ
လူအမျိုးမျိုး စိတ်အထွေထွေပဲလေ။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ တစ်ခုဖြစ်မိတာက မြန်မာ Blogger Site တွေကို တစ်ခြား Blogger တွေက ကြည့်လိုက်တာနဲ့ Impress အရမ်းဖြစ်စေချင်တယ်ဗျာ။
ဒါဆို Standard ရလာဖို့အတွက် ဘယ်လိုလုပ်ရမလဲ မေးရင်တော့ အဖြေက တစ်ခုပဲ ရှိပါတယ်။ "စု တု ပြု" ပါ။ အချိန်ရရင် ဘလော့နဲ့ ပက်သက်တဲ့ Tips တွေကို လိုက်ဖတ်ဖို့ အကြံပြုချင်ပါတယ်။ မအားဘူးဆိုရင်လည်း ကိုယ့်ရဲ့ RSS Reader မှာ အဲဒီ web site ကို Subscribe လုပ်ထားပြီး၊ ပြီးမှ နားအေးပါးအေးဖတ်လည်း ရတာပဲ။ ဥပမာ ပြောရရင် Problgger.net, DailyBlogTips ... စသည်ဖြင့် blog Tips တွေကို အသားပေးပြီးရေးတဲ့ Web blog မျိုးပေါ့။ ဖတ်ရတာ ကိုယ့်အတွက်လည်း အများကြီး ကျန်တယ်လေ။ ကျွန်တော်ဆို အင်တာနက်သုံးတိုင်း အဲဒီ site တွေကို ၀င်ဖြစ်တယ်။ နောက်ပြီး ကိုယ်သိသလောက် ဘလော့မှာ ပြန်ပြီး Sharing လုပ်တယ်။ ကိုယ် တစ်ယောက်တည်း သိထားလို့ ဘာလုပ်မှာလဲ။ နောက်ပိုင်းလည်း အဲလိုလုပ်ဖြစ်ဖို့ များပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ တစ်ခြားအကြောင်းအရာတွေကို ရေးဖို့လည်း စိတ်မပါဘူးဖြစ်နေတယ်။ ဒါ့ကြောင့် နောက်ပိုင်း ကျွန်တော့် ဘလော့မှာ Tips နဲ့ Tutorial တွေ Blog Notes တွေကိုပဲ တွေ့ရပါလိမ့်မယ်။ Personal ကိုတော့ စိတ်ပါရင် ကြားထဲမှာ ညှပ်ညှပ်ပြီး ရေးသွားပါမယ်။ ပို့စ်တောင်နည်းနည်း ရှည်သွားပြီ
ရေးသားထားတဲ့ အချက်အလက်များအပေါ်မှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန်နိုင်ပါတယ်။ ကိုယ်လုပ်ထားတဲ့ အလုပ်တစ်ခုအတွက် Response တစ်ခုလောက်ပဲ ရတယ်ဆိုရင် ကျေနပ်ပါပြီ။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း ကွဲလွဲနိုင်တယ်လေ။ အဲဒါကြောင့်မို့ပါ။ နောက်တစ်ခုက သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ် အဲလို Tips တွေကို ဘလော့မှာရေးရင် သိပြီးသားဖြစ်တဲ့ ဆရာကြီးတွေက ရီမှာပေါ့တဲ့။ သူတို့ရီတာက ကျွန်တော့်အတွက် အလုပ်မဟုတ်ပါဘူး။ သူတို့အတွက်လည်း ဘလော့ရေးနေတာ မဟုတ်ပါဘူး။ အဓိကက မသိသေးတဲ့ လူတွေ သိသွားရင် ရေးရတာ ကျေနပ်ပြီ။ နာမည်ကြီးပြီး ကျေးဇူး အတင်ခံချင်လို့လည်း မဟုတ်ဘူး။ Sharing လုပ်ရတာကို ၀ါသနာပါလို့။
သြော် ... မေ့သွားတယ်။ Loading Time နဲ့ ပက်သက်ပြီး အသုံးဝင်တဲ့ website နှစ်ခုကို sharing လုပ်ချင်ပါသေးတယ်။ ကိုယ့် ဘလော့ရဲ့ Loading Time ကို Test လုပ်ချင်တယ်ဆိုရင် အောက်ဖော်ပြပါ website တွေမှာ သွားရောက် စမ်းသပ်နိုင်ပါတယ်။ Tips တွေကိုလည်း သေချာဖတ်ကြည့်စေချင်ပါတယ်။

http://www.linkvendor.com/seo-tools/speedtester.html
http://blog.auinteractive.com/website-optimization-speed-up-loading-time
အဲ ... စာဖတ်တာနဲ့ ပက်သက်ပြီး နဲနဲတော့ စကားကြော ရှည်လိုက်ဦးမယ်ဗျာ။ ဟိုတလောက ကျွန်တော့် ဘလော့မှာ antivirus တွေနဲ့ ပက်သက်တဲ့ post တစ်ခုကို တင်ဖူးတယ်။ ပို့စ်နဲ့ အတူတူ စိတ်ဝင်စားစရာကောင်းတဲ့ Site တစ်ချို့ကို လမ်းညွှန်ပေးထားတယ်။ နောက်ပြီး kaspersky antivirus software ကိုလည်း Download ပေးထားတယ်။ အဲဒီပို့စ်မှာ .... Download Link ကျတော့ နှိပ်တဲ့ အနှိပ် ပေးထားတဲ့ Link ကလေး ကျိုးမှာတောင် စိုးရိမ်ရတယ်။ virus နဲ့ ပက်သက်ပြီး Tips တွေရှိတဲ့ websites ကျတော့ နှိပ်ဖို့တောင် မေ့နေတယ်
ကဲ ... ရပ်ပြီဗျာ ဖတ်ရတဲ့သူလည်း မျက်စိညောင်းလောက်ပြီ။ ကျန်းမာ ရွှင်လန်းပါစေ။ Happy Blogging 

ရှောင်ရန် ဆောင်ရန်လေးတွေမှတ်သားသွားပါတယ်။
ReplyDeletebyn - comment တွေရေးပြီး အားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်တယ်ဗျာ :)
ReplyDeleteအေးဗျာ။ အသစ်တွေကလည်း လေ့လာလို့ပဲ မကုန်နိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် မျှဝေတာလေးတွေကို တန်ဖိုးထားပါတယ်။
ReplyDeleteကျေးဇူးပါ ကိုသက်ဦး :)
ReplyDelete