
အခုလက်ရှိ အခြေအနေမှာ ဘာတွေလုပ်နေလဲ ... စိတ်ဆိုးနေလား၊ ပျော်နေလား၊ အလုပ်တွေရှုပ်နေလား ဒါမှမဟုတ် အရှုပ်တွေလုပ်နေတာလား? ကိုယ်ဘာတွေလုပ်နေသလဲဆိုတာ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းတွေကို အသိပေးချင်တယ် ဆိုရင်တော့ Twitter.com ကို Join လိုက်ပါ။ သင်ဟာ Blogger တစ်ယောက်ဖြစ်တယ်ဆိုရင်လည်း သင့်ရဲ့ Sidebar မှာ Status Badge ကိုထားနိုင်ပါသေးတယ်။
ပထမဆုံး အနေနဲ့တော့ Register လုပ်ရပါမယ်။ နောက် ... ကိုယ့်ရဲ့ Status Message တွေကို စရေးလို့ရပါပြီ။ ဒုတိယအကြိမ် ထပ်ရေးဖို့အတွက် အဲဒီSiteကို ထပ်ပြီး မ၀င်ချင်တော့ဘူးဆိုရင်တော့ IM ဒါမှမဟုတ် Mobile ကနေတစ်ဆင့်လည်း လှမ်းရေးနိုင်ပါတယ်။ အဲဒီ Service တွေကိုတော့ Register လုပ်ပြီးသွားရင် Setting Tab မှာဝင်ပြင်နိုင်ပါတယ်။
တစ်ခုကောင်းတာက Instant Update နဲ့ RSS suport လုပ်ပေးပါတယ်။ Register လုပ်ပြီးလို့ Badges ကိုသုံးမယ်ဆိုရင်တော့ Javascript Badge ကိုသုံးဖို့ပဲ အကြံပြုပါရစေ။ JS Badge က ကိုယ့်ရဲ့ Status ကို ပြောင်းပြီးပြီးချင်း Page/Blog ကို Refresh လုပ်တာနဲ့ ချက်ချင်း Update ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ကျွန်တော်ကတော့ GTalk မှာ twitter@twitter.com ကို Invite လုပ်ထားပြီး အဲဒီကနေ Status Message တွေကို Blog ပေါ်ကို လှမ်းထည့်ပါတယ်။ ကိုယ်တိုင်အသုံးပြုလိုက်ရင် ပိုပြီးသဘောကျလာပါလိမ့်မယ်။ Twitter သုံးပြီး ပျော်ရွှင်နိုင်ပါစေ။
thanks for this!!
ReplyDeletewelcome :)
ReplyDelete