s_potato ရဲ့ ကျေးဇူးကြောင့် ကဖေးဦး ရေးစပ်ပြီး ဖိုးကျော် သီဆိုထားတဲ့ "မန္တလေးည" (224kbps) သီချင်းလေးကို နားထောင်ခွင့် ရခဲ့ပါတယ်။ သီချင်းနာမည်နဲ့ သီချင်းစာသားတွေနဲ့ လိုက်တယ်လို့ပြောရလောက်အောင်ပဲ မန္တလေးညရဲ့အလှကို မျက်စိထဲမှာ မြင်ယောင်စေပါတယ်။ မန္တလေးနဲ့ ခွဲခွာလာတာ တစ်နှစ်ပြည့်ဖို့ တစ်လပဲ လိုတော့တယ်။ အရင်တုန်းက BlogBanner မှာရေးခဲ့ဖူးသလိုပါပဲ
လောကမှာ ခဏလေး တွေ့ခဲ့ မြင်ခဲ့တဲ့ အရာတွေကိုတောင် အကြောင်းတိုက်ဆိုင်ရင် သတိရတတ်ကြပါတယ်။ ကိုယ့်လေးမှာ အကြာကြီး ချစ်ခဲ့ ခင်ခဲ့ ရင်းနှီးခဲ့တဲ့ အရာတွေဆိုရင်တော့ ပိုပြီး သတိရကြမှာပါသီချင်းလေးကို နားထောင်ရင်း မန္တလေးညတွေကို ပိုပြီးသတိရမိတယ်။ နောက်ပြီး သီချင်းမှာ တယောသံလေးတွေပါတော့ ပိုပြီးလွမ်းဆွတ်မှုကို ဖြစ်စေပါတယ်။ အခုလည်း အဲဒီသီချင်းလေးနားထောင်၊ ကိုတုံ(မောင်လှ) ရိုက်ထားတဲ့ မန္တလေးည ဓာတ်ပုံလေးကိုကြည့်ရင်း ကျွန်တော့်ရဲ့စိတ်တွေ ပျော်ရွှင်လွမ်းဆွေးဖွယ်၊ ကြည်နူးဖွယ်ရာကောင်းသော ရွှေမန္တလေးညများဆီသို့ ရောက်ရှိနေပါတော့တယ်။ ဆက်ရေးရင် ပိုပြီးသတိရတယ်ဗျာ။ အဲဒီတော့ ... ။
Updated: 21.05.07
အခုမှပဲ MP3 Player ကို တင်လို့ရတယ်။ ဟိုနေ့က တင်တာ မရဘူး။ အခုမှ သိတယ် သီချင်းက Bitrate အရမ်းကြီးနေတာ။ အခု Bitrate လျော့လိုက်တော့ အိုကေသွားတယ် :) နားထောင်ကြည့်ပါဦး ... ဖိုးကျော်ရဲ့ မန္တလေးည (192kbps)
အချိန်တန်ရင်တော့ အိမ်ပြန်ရမှာပါ...
ReplyDeleteအဲဒီအချိန် ... အဲဒီအချိန် :)
ReplyDelete