Skip to main content

Miss Universe 2007 - RIYO MORI

Mexico မှာကျင်းပတဲ့ Miss Universe 2007 ပြိုင်ပွဲမှာ Asia ကနေရသွားတယ် ... ဟဟ ... ထင်တောင် မထင်ဘူး။ Miss Janpan - Riyo Mori တဲ့။ ထက်ထက်မြက်မြက်ရှိပြီး အသက်က ၂၀ လောက်ပဲ ရှိသေးတယ်။ Aisa အတွက်တော့ ဂုဏ်ယူစရာပေါ့။ အဲ ... တစ်ခုရှိတယ်။ Miss USA (Rachel Smith) ကတော့ သနားစရာပါ။ စင်ပေါ်မှာ ဘယ်သူ့ကောင်းမှုကြောင့်မှန်းမသိ ကျကျန်ခဲ့တဲ့ အလုံးလေးတွေကို တက်နင်းမိပြီး ငုတ်တုတ်ထိုင်တိုင်း ကစားလိုက်တာ သူ့ခဗျာ မရရှာတော့ဘူး။ သူသာ အဲလို မဖြစ်ရင် ရနိုင်တယ်လို့ ပြောနေကြသူတွေကတော့ အများကြီးပဲ။ ဘယ်တတ်နိုင်မလဲ ကံတရားပေါ့လေ။ ဘာပဲပြောပြော နာမည်တော့ကြီးသွားတာပဲလေ။ ဒီလိုစင်ပေါ်မှာ ဘယ်သူ ချော်လဲဖူးလို့လဲ razz ဟုတ်ဘူးလား။ မည်သို့မည်ပုံ ချော်လဲသလဲ သိချင်လား ... အောက်မှာ ကြည့်ကြည့်။ US က လူတွေကတော့ ဒီ Movie ကိုမြင်တိုင်း ရင်နာနေမှာသေချာတယ်။ ကိုရောင်အန်တို့တော့ ဘယ်လိုနေမယ် မသိဘူး ... ဟိဟိ razz
Related Movie : Miss Universe 2007

Comments

  1. အော်တောင်ရီမိတယ်..

    ReplyDelete
  2. ဖြေးဖြေးရီလည်း ရပါတယ်ဟ :P

    ReplyDelete
  3. Anonymous1:21 am

    ဒီစိုင်းသူကလဲ...joot joot
    သူများတွေ လန့်နေဦးမယ်...
    သူ့ခမျာ လဲကျတာနဲ့တင် တော်တော်နာနေပီ..ဟွန်း.

    ReplyDelete
  4. ဟုတ်ပါ့ဟာ .. ယူ ပြောလိုက် အိုင် ပြောတော့ဘူး :P ဟိဟိ

    ReplyDelete
  5. အဲဒီ.. လဲကျတာ.. အလုံးလေးတွေတက်နင်းလိုလာ..
    ဒါမှမဟုတ်.. သူဖသာချော်လဲတာလား.
    ဘာပဲဖြစ်ဖြစ်.. လဲကျပြီးတော မျက်နှာက ခဏ ကြောင်သွားတယ်. ပြီးတော့ အေးဆေးပဲ..
    အဒါကို သဘောကျတာ..
    (ရီတော ရီမိသား)
    တေးမွန်

    ReplyDelete
  6. တေးမွန်ရယ် ... လဲတာပြီးတော့ ထိုင်ငိုနေရင် ပိုအရှက်ကွဲမှာပေါ့။ ဟို စကားပုံ ကြားဖူးတယ်မလား။
    "မီးစင်ကြည့် ကကြတာပေါ့" ဆိုတာလေ
    လဲကျပြီး ထိုင်ငိုနေရင်လည်း ပိုအ၇ှက်ကွဲမှာပေါ့။ ဒီတော့ ဖိန့်ဖိန့်နဲ့ လုပ်ရတော့တာပေါ့ :D

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။