Skip to main content

Erudite 1.0 Beta Template

Template Design က အလန်းလေးနော်။ တွေ့တွေ့ချင်း ပြောင်းပြီးသုံးချင်စိတ်တောင်ပေါက်တယ်။ မနဲ စိတ်ထိန်းထားရတယ်။ ခဏခဏ ပြောင်းနေရင်လည်း တော်တော် သောက်မြင်ကတ်ကြတော့မှာ razz သူရဲ့ Template လေးကတော့ ညာဘက်မှာ sidebar နှစ်ခုပါလို့် Adsense ထည့်မည့်သူတွေအတွက် ပိုပြီး သင့်တော်ပါလိမ့်မယ်။ နောက်ထပ် တစ်ခုကောင်းတာက Post Box က ဘယ်ဘက်မှာ ရှိတာပါပဲ။ ဘာလို့လည်းဆိုတော့ စာဖတ်တယ်ဆိုတာ များသောအားဖြင့် မျက်လုံးက ညာဘက်ကနေစပြီး ဘယ်ဘက်ကိုသွားပါတယ်။ ဘယ်ဘက်ကစပြီး ညာဘက်ကိုကြည့်တာ မရှိသလောက် ရှားပါတယ်။ ကျွန်တော့် Template ကျတော့ အလယ်ရောက်နေတယ် ဟိဟိ ဘယ်လိုပြောရမှန်းတောင်မသိဘူး။

Erudite 1.0 Beta Template ကို သူ့ရဲ့ blog မှာသွားပြီး Download လုပ်နိုင်ပါတယ်။ User Manual လည်း တစ်ခါတည်း ပါပြီးသားဖြစ်တဲ့အတွက် သုံးတဲ့ User အတွက် ပိုပြီးအဆင်ပြေပါတယ်။ Code တွေက XML Format မဟုတ်ပဲ microsoft word ထဲမှာ အကုန်ထည့်ထားတာပါ။ အဲဒီ Code တွေကို အကုန် Copy ကူးယူပြီး Edit HTML Box မှာ Paste လုပ်လိုက်ရုံပါပဲ။ သုံးကြည့်လိုက်ပါ။ စိတ်တိုင်းကျ ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။

Comments

  1. ဒီဇိုင်းက တော်တော် သန့်တယ်ဖိုးချမ်းရေ။ ဒေါင်းလုပ်ပဲ လုပ်ထားလိုက်တော့မယ်။ ဖိုးချမ်းပြောသလို
    သောက်မြင်ကတ်နေကြမှာစိုးလို့။ ဟားဟား။

    ReplyDelete
  2. ဒေါင်းလုဒ်လို့ရဘူးဗျ

    ReplyDelete
  3. byn ... ဟုတ်ပ .. ဟိဟိ :D

    ကိုဖြိုး ... ဘာတွေဖြစ်လို့လဲ .. ရပါတယ်ဗျ။ မရရင်လဲပြော မေးလ်ကိုပို့ပေးမယ် :)

    ReplyDelete
  4. လန်တယ်. လန့်တယ်. လန်းတယ် ဗျာ.
    ဟတ်ဟတ်ဟတ်..

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။