Skip to main content

ဖိုးချမ်း မင်း သိပြီးပြီလား ?

လူ ဆိုတာ ပတ်ဝန်းကျင်နဲ့နေတာကွ။ ပတ်ဝန်းကျင်ကြောင့် လူတွေ ဒုက်ခရောက်သလို။ ပတ်ဝန်းကျင်ကြောင့် လူတွေ တိုးတက်ပြောင်းလဲသွားတာလဲ ရှိတယ်။ ပတ်ဝန်းကျင်နဲ့ ကင်းအောင် နေပြန်ရင်လည်း သောက်ရူးလို့ အပြောခံရတတ်တယ်။ ဘယ်အရာမဆို လိုက်လျောညီထွေ (ရေလိုက် ငါးလိုက်) နေနိုင်ရင် အကောင်းဆုံးပဲ။

လူတွေဟာ ပတ်ဝန်းကျင်ရဲ့ တွန်းအားပေးမှု၊ ကဲ့ရဲ့မှု၊ ရှုံ့ချမှု၊ အပြစ်တင် ဝေဖန်မှုတွေကို မခံနိုင်ကြဘူး။ ကိုယ်ကောင်းနေရင်တော့ ခေါင်းဘယ်မှ မရွေ့ပါဘူးကွာ။ အဲဒီကြားကမှ ဆက်ပြောနေရင်လည်း "ခွေးဟောင်လို့ထကြည့်နေရင် အိပ်ရေးပျက်တယ်" ဆိုတာလေးကို သတိရလိုက်ကွာ။

ဘယ်နေရာမှ မဆို ကန့်သတ်ချက် (limitation) တွေရှိတယ်နော်။ အသက် ဆိုတာလည်း ကန့်သတ်ချက်ရှိတယ်။ တစ်နေ့ သေကိုသေရမှာပဲ။ မသေအောင်လုပ်ထားလို့လည်း မရဘူး။ မတည်မြဲတဲ့သဘောတွေကို မင်း နားလည်ထားဖို့လိုတယ်နော်။ အားကိုးရှိတိုင်း မိုက်နေလို့မရဘူး။ အားကိုးမရှိတော့ရင် မင်း ... ခွေး ဖြစ်သွားလိမ့်မယ်။ အဲလိုမဖြစ်အောင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားရမယ်။ ကိုယ့်ပိုင်ရပ်တည်မှုနဲ့ လူပုံအလယ်မှာ ခေါင်းထောင်ပြီးနေနိုင်အောင် လုပ်စမ်းပါ။ ပတ်ဝန်းကျင် (သူများ) အပြောအဆို မခံချင်စမ်းပါနဲ့။

စကားကို လွယ်လွယ်မပြောရဘူးကွ။ နားနှစ်ဘက် ပါတာဟာ များများနားထောင်ဖို့။ ပါးစပ်တစ်ယောက်တည်း ပါတာဟာ စကားကို နည်းနည်းပဲ ပြောဆိုဖို့ပဲ။ စကားလွယ်လွယ်ပြောတဲ့သူကို သူနဲ့ အကျင့်တူ၊ ဘက်တူသူကလွဲလို့ ဘယ်သူမှ သောက်ရေးမလုပ်ချင်ကြဘူးကွ။ နောက်ဆုံးရလဒ်ကတော့ နာမည်ပျက် ဆိုတဲ့ မဟာဂုဏ်ပုဒ်ကြီးပေါ့ကွာ။

"အမျိုး"ဆိုတာ မခေါ်လို့သာ ရမယ်။ မတော်လို့ မရဘူးတဲ့။ မင်းအပေါ်မှာ ကောင်းတဲ့ ဆွေမျိုးသာချင်းတွေ ရှိသလို မကောင်း(မနာလိုဖြစ်)တဲ့ ဆွေမျိုးသားချင်းတွေလည်း ရှိမှာပဲ။ အဲဒီတော့ အထိုက်အလျောက် မင်း နေတတ်အောင် နေပါ။ အဲဒီလိုနေတဲ့ကြားကမှ ကန့်သတ်ထားတဲ့ဘောင်(စည်း) ကျော်လာရင်တော့ ပတ်ဝန်းကျင်က မင်းကို ဘာပဲ ပြောနေပြောနေ မင်း လုပ်ချင်သလိုသာ လုပ်ပစ်လိုက်တော့။

"စိတ်" ဆိုတာလေးကို သတိထားပြီး ထိန်းပါ။ စိတ်ကို အရမ်းအလိုလိုက်ရင် ဘာဖြစ်မယ်ဆိုတာ မင်းလည်း သိပြီးသားပါ။ တဖြည်းဖြည်းချင်း သတိလေးနဲ့ ယှဉ်ပြီးထိန်းပေါ့ကွာ။ လူက စိတ်ကို နိုင်ထားမှဖြစ်မှာနော် ... စိတ်ကလူကိုနိုင်ပြီး စိတ်ရဲ့စေရာ လျောက်လုပ်နေမယ်ဆိုရင်တော့ ဘ၀ပျက်ပြီလို့သာ မှတ်လိုက်တော့။

Comments

  1. ကျွန်တော် လည်း သိဖို့ လိုတယ် ဗျ .. ပြန်ပြန်တော့ ဆန်းစစ် ဖြစ်ပါတယ် :D

    ReplyDelete
  2. ဆန်းစစ်ဖြစ်တာ ကောင်းပါတယ် ကိုစိုးထက်။
    ကျွန်တော်က တစ်ခါတလေ သိသိကြီးနဲ့ မိုက်နေတတ်တယ်။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS